Don't Forgot to Upgrade 3 Basic Resources

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@donjaun·
0.000 HBD
Don't Forgot to Upgrade 3 Basic Resources
![](https://images.ecency.com/DQmSU6cGFdT4VUVQMfcK2MA1haVaD3QhsbbW5rh3PHkNZnj/1750243050198.jpg)


Hello MOON lovers 

Nice to meet you all. How about today? I wish you everything fine. This is 4 th post about my activity on pizza MOON.

Today I upgraded Solar Power Plant to level 10. And then I upgraded Ore Extractor, Silicon Refinery and Uranium Centrifuge to level 7. I need to upgrade continuously there basic resources because in future there were more resources need to construct the building. As I mentioned early time, I got permission to build Alliance Depot and Missile Silo but I can't because of insufficient resources. That is why I always upgrade again and again three basic buildings.

Here my planet current storage capacity, Metal 40K, Silicon 40K and Uranium 20K. I have planning to upgrade there resources capacity to maintain more amount. 

Currently there are 378 players on the MOON. Among them my position is 262. Not too bad ha ha but not too good. I need to focus to moving up my position. 

See you next post and thank you for reading till the end. Have a nice time at MOON and HIVE.


![](https://images.ecency.com/DQmQ93mWnXmLGSYvkK3BFcTP4WjS5Ep2SjY7yR9kfVoyPU7/1750242990208.jpg)


ဒီနေ့မှာတော့ စွမ်းအင် လိုအပ်ချက် အတွက် Solar Power Plant ကို အဆင့်မြှင့် ဖြစ်သလို အခြား အခြေခံ အရင်းအမြစ် အဆောက်အဦး ၃ ခုကိုလည်း အဆင့်မြှင့် ဖြစ်ပါတယ်။ သတ္တု၊ ဆီလီကွန်နဲ့ ယူရေနီယံ တို့ဟာ ရှေ့လျောက်လည်း လိုအပ်နေမှာမို့ ကြုံရင် ကြုံ သလို သတိရရင် ရသလို အဆင့်မြှင့် ဖြစ်ပါတယ်။ နောက်ပိုင်း ထပ်မံ ဆောက်လုပ်ရမယ့် အဆောက်အဦးတွေမှာလည်း ဒီအရင်းအမြစ် ၃ ခုက အရေးပါပြီး အများကြီးလိုအပ်မှာမို့ ခုလို အဆင့်မြှင့်တင်နေရတာပဲ ဖြစ်ပါတယ်။

MOON ဂိမ်းကို သတိထားမိသလောက် ခုထိ ကိုယ်က အရင်းအနှီး တစုံတရာ ထည့်ပြီး ကစားရတာမျိုးတော့ မတွေ့သေးပါဘူး။ ငွေကြေး တနည်းအားဖြင့် HIVE ကို အသုံးပြုပြီး ဘာဘာညာညာ ဝယ်ယူရတာမျိုးတွေ မရှိနေသေးပါဘူး။ နောက်ပိုင်း ပါလာ မလား၊ မပါလာ မလားကတော့ မသိပေ။ လောလောဆယ်တော့ အချိန်ပဲ ပေးရတာပါ။ အချိန် ပေးရတယ်ဆိုပေမယ့် ဟိုလိုကြီး စောင့်ကြည့်နေရတာမျိုး မဟုတ်ပါဘူး။ ဆောက်စရာ ရှိတာဆောက်ထားပြီးရင် ပစ်ထားလိုက်ရုံပါပဲ။ သူ့သူ အချိန်ပြည့်ရင် ဆောက်ပြီးသား ဖြစ်သွားရော။

ထုတ်လုပ်ထားတဲ့ သတ္ထု၊ ဆီလီကွန်နဲ့ ယူရေနီယံ တို့ကို ထိန်းသိမ်းဖို့ ဆောက်လုပ်ထားတဲ့ အဆောက်အဦးတွေရဲ့ လက်ရှိ သိမ်းထား နိုင်စွမ်းက သတ္ထု ၄၀၀၀၀၊ ဆီလီကွန် ၄၀၀၀၀ နဲ့ ယူရေနီယံကတော့ ၂၀၀၀၀ ဖြစ်ပါတယ်။ များများထုတ်ပြီး များများ သိမ်းထားနိုင်ဖို့ ဒီ စတို အဆောက်အဦးတွေကိုလည်း အဆင့်မြှင့်ဖို့ လိုပါတယ်။

လက်ရှိ ကစားသမား ၃၇၈ ယောက်မှာ ကျနော်က အဆင့် ၂၆၂ မှာ ရပ်တည်နေပါတယ်။ သိပ်တော့ မဆိုးသလို သိပ်အကောင်းကြီးတော့လည်း မဟုတ်နေခဲ့ပါဘူး။ ဒါပေမယ့် ဖြည်းဖြည်းချင်းစီ အဆင့်တက်လာမယ်လို့ ကျနော် ယုံကြည်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်ပိုစ့်မှာ ပြန်ဆုံကြမယ်။

👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,