Here Semi Final List

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@donjaun·
0.000 HBD
Here Semi Final List
![](https://images.ecency.com/DQmR94j8sLZXENLEGLJ7oAXHpHPozHaiJNZDtK4foHe6jS1/1745146821754.jpg)


UEFA Champion League Quarter Final ဒုတိယအကျော့ ပွဲစဉ်များ ယှဉ်ပြိုင်ကစား ပြီးသွားခဲ့ပြီ။ Semi Final သို့ တက်ရောက်မယ့် အသင်းတွေလည်း ထွက်ပေါ်လို့ လာပြီ ဖြစ်၏။ PSG, Barcelona, Inter Milan & Arsenal တို့ ဖြစ်၏။ Arsenal က Real Madrid ကို မိမိ အိမ်ကွင်းမှာကော၊ အဝေးကွင်းမှာပါ အနိုင်ကစား သွားခဲ့၏။ ပထမကျော့ အိမ်ကွင်းမှာ 3-0, ဒုတိယကျော့ အဝေးကွင်းမှာ 1-2 ဖြင့် ထပ်မံ အနိုင်ရရှိပြီး နှစ်ကျော့ပေါင်း 1-5 ဖြင့် နောက်တဆင့်သို့ တက်သွားခဲ့လေ၏။ Arsenal ကစားသွားသည့် ပုံစံကလည်း တကယ် ‌ကောင်းလွန်းလှပေ၏။ 

ပထမကျော့မှာ ဂိုးပြတ်နဲ့ ရှုံးထားလို့ နောက်တဆင့်တက်ရေး အတွက် မျှော်လင့်ချက် နည်းနေသည့် Real တို့ ဒုတိယကျော့ အိမ်ကွင်းမှာ အသာစီး ရယူနိုင်ဖို့ ကြိုးစားခဲ့၏။ ပွဲစ ကတည်းက ဖိအားပေး ကစားခဲ့၏။ Arsenal ကတော့ တန်ပြန်တိုက်စစ်ကိုပဲ အားပြု ကစားသွားခဲ့၏။ Real Madrid က ဖိကစားနေတာ မှန်ပေမယ့် အခွင့်အရေးတွေ ပိုရနေတာ Arsenal ဖြစ်လေ၏။ Saka ပြန် ကစားလာနိုင်ခြင်းက Arsenal အတွက် ပိုပြီး ကောင်းသွားခဲ့၏။ 

Saka မကစားနိုင်ခင်တုန်းက Arsenal ၏ တောင်ပံ တိုက်စစ်က လိုအပ်ချက်တွေ အများကြီး ရှိနေခဲ့၏။ တချို့တွေက Saka ၏ ကစားပုံက ရိုးလွန်းသည်ဟု ဆိုကြ၏။ ထိုရိုးရိုးလေးကကို ဆန်းနေခြင်း ဖြစ်မည်။ Simple made perfect ပေါ့လေ။ UCL King Real Madrid ကို ဖြတ်ကျော် လာပြီးနောက် Semi Final မှာတော့ PSG နှင့် သူတို့ ယှဉ်ပြိုင်ကစားရမည် ဖြစ်၏။ Semi Final ရောက် England Club အသင်းပေါ့လေ။


![](https://images.ecency.com/DQmTPvCq9Rf7mDJjncy3Xnpnqub4rabM9eo3g77uvEYfsvy/1745146821773.jpg)


အမှန်ဆိုရင်တော့ Semi Final ရောက် England Club အသင်းက နှစ်သင်း ဖြစ်ရမှာ။ ကံမကောင်းစွာနဲ့ပဲ Aston Villa က PSG ကို ကျော်ဖြတ် နိုင်ခဲ့ခြင်း မရှိခဲ့ပေ။ PSG ရဲ့ အိမ်ကွင်းမှာတုန်းက 3-1 နဲ့ ရှုံးနိမ့်ထားသဖြင့် ကိုယ့် အိမ်ကွင်းမှာ အနည်းဆုံး 2 ဂိုးပြတ် (အချိန်ပိုကန်) 3 ဂိုးပြတ် ( နောက်တဆင့်တက်) ကစားနိုင်ဖို့ လိုအပ်နေခဲ့၏။ ဒါပေမယ့် ဒုတိကျော့ ကိုယ့်အိမ်ကွင်းမှာ 3-2 ဖြင့်သာ အနိုင်ရခဲ့သောကြောင့် နှစ်ကျော့ပေါင်း 4-5 ဖြင့် PSG တို့ နောက်တဆင့် တက်သွားခဲ့၏။

Real Madrid လမ်းကို လိုက်သွားသည့် နောက်တသင်းကတော့ ဂျာမန်ဘီလူကြီး Bayern Munchen ဖြစ်လေ၏။ မိမိ အိမ်ကွင်းမှာတုန်းက Inter Milan ကို 1-2 ဖြင့် ရှုံးနိမ့်ထား၏။ ဒုတိယကျော့ Inter ကွင်းမှာ ကစားတော့ 2-2 သျရကျသွားခဲ့၏။ နှစ်ကျော့ပေါင်း 4-3 ဖြင့် Inter Milan တို့ နောက်တဆင့် တက်ပြီး Bayern Munchen ကတော့ Quarter Final ကနေပဲ နှုတ်ဆက် ထွက်ခွာ သွားခဲ့ရလေတော့၏။ 

နောက်ထပ် ဂျာမန် ကလပ် အသင်း ဖြစ်သည့် Dortmund အသင်းသည်လည်း ဒုတိယကျော့မှာ Barcelona ကို 3-1 ဖြင့် နိုင်အောင် ကစားခဲ့၏။ သို့ပေမယ့် အဆိုပါ ရလဒ်က နောက်တဆင့် တက်နိုင်ဖို့အတွက် လုံလောက်မှု မရှိခဲ့ပေ။ ပထမကျော့တုန်းက Barcelona ကို 4-0 ဖြင့် ရှုံးထားသဖြင့် နှစ်ကျော့ပေါင်း 3-5 ဖြင့် Barcelona တို့ နောက်တဆင့် တက်သွားခဲ့လေ၏။

Semi Final အဆင့်မှာတော့ Inter Milan vs Barcelona, PSG vs Arsenal အသင်းတို့ တွေ့ဆုံယှဉ်ပြိုင်ကြမည် ဖြစ်၏။ ပထမကျော့ ပွဲစဉ်များကို April 30 နှင့် May 1 ရက်နေ့တွေမှာ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်၏။ 


_(photos from Champion League page)_
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,