How to live Happy
myanmar·@donjaun·
0.000 HBDHow to live Happy
 လူရယ်လို့ ဖြစ်လာရင်တော့ အမြဲတမ်း ပျော်ရွှင်နေတယ်ဆိုပြီးတော့ မရှိလှပေ။ အငိုနှင့် စခဲ့သည့် ဘ၀ အငိုနှင့်ပဲ ဆုံးရသည် မဟုတ်လား။ ရှင်သန်နေထိုင်ရင်း ၀မ်းနည်း စိတ်ပျက် အားငယ်သည့် အချိန်များလည်း ရှိသလို၊ ပျော်ရွှင် ကြည်နူး ပီတိ ဖြစ်ရသည့် အချိန်များလည်း ရှိ၏။ အခက်အခဲတွေ၊ စိတ်ညစ် စရာတွေနှင့် ကြုံတိုင်း စိတ်ပျက် အားငယ် မနေပဲ တွန်းလှန် နိုင်ဖို့ လို၏။ မိမိ ဘ၀ကို မိမိ တည်ဆောက်နိုင်ဖို့ လိုသည် မဟုတ်လား။ လူတိုင်းမှာတော့ အခက်အခဲ ကိုယ်စီ စိတ်ညစ်စရာ ကိုယ်စီ ရှိကြ၏။ ပျော်ပျော် နေတတ်သော ကျနော့်ထံတွင်လည်း အခက်အခဲနှင့် စိတ်ညစ်စရာက ရှိပါ၏။ တကယ်တမ်း ပြောရလျှင် ထို အခက်အခဲနှင့် စိတ်ညစ် စရာများကြောင့်ပဲ ကျနော် ပျော်ပျော်နေတတ်လာခြင်း ဖြစ်၏။ ကျနော့်အတွက်တော့ စိတ်ညစ်စရာများသည် ပျော်ရွှင်ခြင်း၏ လမ်းစပင် ဖြစ်၏။ ဟုတ်သည် … စိတ်ညစ်စရာရှိလို့ ထိုင်စိတ်ညစ်နေလျှင် ထို စိတ်ညစ်စရာက ပျောက်သွားမှာမှ မဟုတ်ပဲ။ ထို စိတ်ညစ်စရာကို ကျော်လွှားခြင်း၊ မေ့ထားခြင်း၊ ဖြေရှင်းနိုင်မှသာ ပြီးမည် မဟုတ်လား။ ကျနော်၏ စိတ်ညစ်စရာများကို ကျော်လွှားပုံက ရိုးရိုးလေးပင်။ ပျော်စရာရှိလျှင် ထိုပျော်စရာနှင့် တသားထဲကျအောင် နေလိုက်ပြီး စိတ်ညစ်စရာ ရှိလျှင် ထိုစိတ်ညစ်စရာနှင့် ကျနော်နှင့် မဆိုင်သလို ခွဲထုတ်ထားလိုက်၏။ စိတ်ညစ်ခြင်းသည် သူ့သူ ညစ်နေခြင်း ဖြစ်၏။ ကျနော်နှင့် မဆိုင်ဆိုပြီး သတ်သတ်ခွဲထုတ် ထားလိုက်၏။ အခါတိုင်းတော့ ထိုသို့ ကျော်လွှားနိုင်ဖို့က မလွယ်လှလေ။ သေးသေးလေးတွေကြောင့် စိတ်ညစ်ရသလို၊ တခါတလေ ကြီးကြီးမားမားတွေကြောင့်လည်း စိတ်ညစ်ရသည် မဟုတ်လား။ မည်သို့သော စိတ်ညစ်စရာ ပင် ဖြစ်ပါစေ ကျနော်၏ ကျော်လွှားပုံက အထက်ပါ နည်းအတိုင်းပင် ဖြစ်၏။  _photo from Google_ စိတ်ညစ်စရာနှင့် မိမိကို ခွဲထုတ်လိုက်၏။ အစားတခုခု ရှာစား၏။ အိမ်မှာ မိမိကြိုက်တာ၊ စားချင်တာ မရှိလျှင် အပြင်မှာ သွားစား၏။ စားနေချိန် အနှီ စိတ်ညစ်စရာ ကိစ္စကို မတွေးမိအောင် နေ၏။ အစပိုင်းပဲ မတွေးမိအောင် လေ့ကျင့်ရတာပါ။ နောက်ပိုင်းကြတော့ အစားအသောက် မြင်သည်နှင့် စိတ်ညစ်စရာက သူ့အလိုလို ပျောက်သွားလေ့ ရှိ၏။ စားပြီးသောက်ပြီး သွားပါက ထို စိတ်ညစ်စရာ ကိစ္စ လုံးဝ မရှိတော့ပေ။ ထို့ပြင် ဖြေရှင်းဖို့ နည်းလမ်းပါ တပါတည်း ရလာလိုက်လေး၏။ နောက်တနည်းကတော့ အိပ်ခြင်း ဖြစ်၏။ တချို့က ပြောမည် စိတ်ညစ်နေပါတယ် ဆို ဘယ်လိုလို့ အိပ်လို့ ရမှာလဲပေါ့။ ကျနော်တော့ အိပ်လို့ ရ၏။ အိပ်မရသည်က ရှားက။ မည်သို့မှ အိပ်မရပါက အခြား အကြောင်းအရာ တခုခုကို တွေးနေလိုက်၏။ ကြည့်ဖူးသည့် ဇာတ်ကားအကြောင်း၊ ဖတ်ဖူးသည့် စာအုပ်များ အကြောင်း၊ ရည်းစားဟောင်းနှင့် သွားလည် လည်ပတ်ခဲ့ပုံများ အကြောင်း၊ မိမိကိုယ်ကို မင်းသား လုပ်ပစ်ပြီး မိမိ စိတ်ကြိုက် မင်းသမီး တလက်ပြီး တလက်နှင့် တွဲကာ ဇာတ်ကားတွေ တကားပြီး တကား ရိုက်ပစ်လိုက်ကြောင်း စသည်ဖြင့် စိတ်ကူးပုံဖော် လေထဲ ဒန်းစီးနေလိုက်၏။ တခါတလေကြတာ့ facebook မှ ရယ်စရာများကို ရှာဖတ်လိုက်၏။ အဓိကကတော့ Comment တွေပေါ့။ တချို့တချို့သော အကြောင်းအရာများ၏ အောက်၌ ရေးထားသည့် comment များက တခါတလေ မူရင်း ရေးသားထားသည့် status ထက် ဖတ်လို့ကောင်း၊ ရယ်ဖို့ကောင်း၊ စိတ်ဝင်စားဖို့ ကောင်းနေတတ်၏။ ဤနည်းဖြင့်လည်း စိတ်ညစ်စရာများကို မောင်းထုတ်လို့ ရ၏။ နောက်တနည်းက သီချင်း နားထောင်ခြင်း ဖြစ်၏။ တကယ်တမ်းကျတော့ စိတ်ညစ်နေချိန်ထက် အခြားအချိန်များတွင်သာ ပိုပြီး နားထောင် ဖြစ်၏။ စိတ်ညစ်ချိန်ထက် စိတ်အနားယူဖို့လိုသော မွန်းကြပ်နေသော အချိန်များတွင် သီချင်းကို ပိုနားထောင် ဖြစ်၏။ သာမာန်အားဖြင့်တော့ အချိန်ရလျှင် ရသလို သီချင်း နားထောင်လေ့ ရှိ၏။  _photo from Google_ စိတ်ညစ်စရာ အားလုံး နီးပါးကို ထိုနည်းလမ်းဖြင့် ဖြေရှင်းလေ့ ရှိ၏။ တခါတလေ လုံးဝ မပြေ၊ ဖြေလို့ မရသည့် စိတ်ညစ် စိတ်ရှုပ်စရာ ရှိလာပါက တရားထိုင်ခြင်းနှင့် ဖြေရှင်း၏။ ၀ိပဿနာ အဆင့်ထိ သွားလိုက်ခြင်းမျိုးထက် စိတ်ငြိမ်သွားအောင် သမထ အဆင့်မှာ ကြာကြာနေလိုက် ခြင်း မျိုး ဖြစ်၏။ လာ ပြန်ပြီ စိတ်ညစ်နေပါတယ်ဆို ဘယ်နှယ့် ငြိမ်ငြိမ်ထိုင်ပြီး တရားမှတ်လို့ ရမှာလဲပေါ့။ အစပိုင်းသာ ခက်တာပါ။ နောက်ပိုင်း အကျင့်ရလာပါက လွယ်လွယ်လေးပင်။ ပထမဦးဆုံး စိတ်ညစ်စရာနှင့် မိမိကို သတ်သတ်ခွဲထုတ်လိုက်၏။ (အပေါ်က ပြောခဲ့သည့် နည်းလမ်းအတိုင်း) ပြီးလျှင် ၀င်လေ ထွက်လေ လေး မှတ်ပေါ့။ (၅) မိနစ်လောက်နေရင် စိတ်က အတော်လေး ငြိမ်သွားပါပြီ။ အစပိုင်းကတော့ နာရီဝက်လောက် ကြာတဲ့ အထိ မငြိမ်ပါဘူး။ သို့ပေမယ့် နောက်ပိုင်းကြ ရလာပါတယ်။ ဒါကတော့ ကျနော့်ရဲ့ စိတ်ညစ်စရာများကို ကျော်ဖြတ်တဲ့ နည်းလမ်းလေးတွေ ဖြစ်ပါတယ်။ တယောက်နှင့် တယောက် ကျော်ဖြတ်ပုံတွေကတော့ တူမှာ မဟုတ်ပါဘူး။ တူတူ မတူတူ အဓိက က စိတ်ညစ်စရာတွေ ပျောက်သွားဖို့ပဲ မဟုတ်လား။ အားလုံးပဲ သောကကင်းဝေးပြီး ဘ၀ခရီးလမ်းကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့။ # **Don Jaun** **MSC 31**
👍 donjaun, steem-myanmar, kyi, sthura, uthantzin, steempowerg3, shwethamee, mahaw, tata-natana, nyinyiwin, shwemon, tinhlaingoo, honeysara, lwanwai, billionairehein, aunggyi100, minnowsupport, domelay, gunapeya, c-squared, choogirl, cepul, vadimlasca, marialefleitas, hetty-rowan, randomwanderings, ggd3yydze, espoem, elfranz, lazybird, alexworld, arcange, raphaelle, mindstabber, kafupraise, camelot, curie, liberosist, aboutyourbiz, skycae, sissyjill, morbyjohn, jesusj1, zipporah, wstanley226, andiblok, emdesan, peaceandwar, raymondspeaks, kachinhenry, stahlberg, didic, janine-ariane, drmake, mangoish, call-me-howie, javier.dejuan, tuck-fheman, melvin7, birddroppings, thabiggdogg, solominer, hawaj, vact, locikll, anwenbaumeister, hendrikdegrote, torico, wackou, massivevibration, benleemusic, eric-boucher, yomismosoy, golbang, oghie, robocity, woolnami, silkroadgo, kwiba1592,