Hyper OS
hive-122133·@donjaun·
0.000 HBDHyper OS
 December 12 ရက်နေ့က Hyper os update ရ၏။ ယခင်က 2.0 base ကိုမှ ခု 3.0.2 ပေးခြင်း ဖြစ်၏။ Android 15 ကနေ 16 ပြောင်းသွားခဲ့ခြင်း ဖြစ်၏။ လောလောဆယ် သုံးကြည့်နေတာတော့ ထူးခြားတာ သိပ်မတွေ့သေးပေ။ သိသိသာသာ ပြောင်းလဲသွားတာမျိုးလည်း မရှိသေးပေ။ UI ပိုင်း အနည်းငယ် ပြောင်းသွားတာလောက်ပဲ ခံစားမိ၏။ Update ပြီးနောက်မှာ ဂိမ်းတော့ မကစားကြည့်ရသေးပေ။ သုံးကြည့်ရင်းနဲ့မှ ထူးခြားတာတွေ့ရင်လည်း နောက်မှ ပြောပြပါဦးမည်။ Hyper Island ဆိုတဲ့ feature တော့ ပါလာ၏။ ဒါက iOS မှာ အရင်လုပ်ထား ရထားတဲ့ feature ဖြစ်၏။ သူတို့လောကက အဲ့လိုပါပဲ။ iOS က Android ကနေ နည်းနာယူ ကူးချလိုက်၊ Android က iOS ကနေ တဖန်ပြန် ကူးချလိုက်နဲ့ ဟုတ်နေရော။ သီချင်းတွေ ဘာတွေ ဖွင့်ချိန်မှာ hyper island လေးပေါ်လာပြီး notification အနေနဲ့ ပြပေးတော့ တမျိုးတော့ အမြင်လေး ဆန်းနေ၏။ သဘောကျမိပါ၏။ တချို့ အသစ်ထပ်ပါ၊ ပြောင်းလဲသွားသည့် Setting တွေ၊ feature တွေလည်း ရှိပါသေး၏။ သုံးကြည့် စမ်းကြည့်ပြီးမှ ပြောပြပါဦးမယ်။ တလောက မကြီးအတွက် phone ဝယ်တော့ လိုက်ကူပေးဖြစ်၏။ အမ အရင်ကိုင်နေသည့် phone က Redmi note 7 pro ဖြစ်၏။ ထွက်ခဲ့တာ အတော်ကြာခဲ့ပြီ သို့ပေမယ့် သုံးလို့ကောင်းနေဆဲပင်။ ဒါပေမယ့် ကျနော့် ယောက်ဖ phone က အဆင်မပြေတော့ပေ သူ့ phone က Redmi note 3 ဖြစ်၏။ သို့နှင့် မကြီး phone ကို ယောက်ဖကို ပေး၊ မကြီးက ဝယ်လိုက်သည့် phone ကို ကိုင်ပေါ့။  ကျနော်ကိုင်နေသည့် Redmi note 13 pro ပဲ မကြီးအတွက် ညွှန်းပေး ဖြစ်၏။ 14, 15 တွေ ထွက်ထားပေမယ့် 13 လောက်ကို အဆင်မပြေနေပေ။ Note series တွေထဲမှာ ကျနော် သတိထားမိသလောက် 7,10,13 တို့လောက်သာ အဆင်ပြေ သုံးလို့ကောင်းတာ တွေ့ရ၏။ ထို့ကြောင့် ထွက်ထားတာ နှစ်ကြာနေပေမယ့် note 13 pro ပဲ ရွေးခိုင်းလိုက်ခြင်း ဖြစ်၏။ Android 16 ထိ update ရ၊ ပေးနေသေးသည် မဟုတ်လား။ Phone ဝယ်ရင် ကိုယ်ဘာတွေ ဘာအတွက် သုံးမှာလဲပေါ်မှာ မူတည်ပြီး ရွေးချယ်လေ့ ရှိ၏။ မိမိ တတ်နိုင်သည့် ဈေးနှုန်းပေါ် မူတည်ပြီးတော့ပေါ့။ အဆိုပါ note 13 pro သွားဝယ်တဲ့ ရက်က ဆိုင်က miui ပဲ ဆက်သုံးဖို့ hyper os မတင်သေးဖို့ မှာ၏။ အကိုတောင် သုံးနေပါပြီ ဘာလို့လဲဟု ပြောတော့ error တွေ့ရတယ် ပြောနေလို့ အကိုဟု ဖြေ၏။ ဒါက phone model နဲ့ မဆိုင်ပေ Hyper os က ဖြစ်နေခြင်း ဖြစ်၏။ Note 13 မှာမှ မဟုတ် အခြား hyper os ရသည့် Xiaomi Redmi phone တွေမှာလည်း ခုကိစ္စက ဖြစ်နေမှာပဲလေ။ မတင်သေးဘဲ သုံးပါ့မယ်ဟုသာ နားအေး ပြီးရော ဖြေပေးလိုက်၏။ ပြီးမှ ကိုယ်လုပ်ချင်တာ လုပ်မှာပေါ့ ဟုတ်ဘူးလား။ လောလောဆယ်တော့ မကြီး phone ထဲက firmware update ကို ပိတ်ထားလိုက်၏။ Hyper os 3 တည်ငြိမ်သွားပြီဆိုသည့် အသံတွေ ကြားရမှပဲ တဆင့်ချင်း update ပြန်လုပ်ပေးတော့မည်။ ခုတော့ ကိုယ့်ဟာကို Hyper os 3 လေး ကလိလိုက်ပါဦးမည်။
👍 zayyar99, hive.pizza, princekham, ravenmus1c, grocko, fireguardian, adamada, hivetrending, alohaed, prosocialise, romeskie, jude.villarta, mutedgeek, motherof2dragons, slothlydoesit, andylein, lwanwai, suhlaing, sawlwin, aggamun, tin.aung.soe, myintmo.shweyi, kopyayt, myothuzar, airhawk-project, tboyloyal, burlarj, marivic10, cheesom, ezuntimmy, jilt, abdul-qudus, colmedwardsphoto, hrhmikelength, tomlee, elopinky, makrotheblack, bartosz546, kamalkhann, cynicalcake, jenniferjulius, hungryanu, poggersdude, sam9999, cindynancy, egbre, mikelboy, vote.army, simba, gunthertopp, kdee916, realkiki85, dawizy, riottales, solox, spiritking, abkevwe, casilokodesing, counterterrorism, rencongland, kilvnrex, sampraise77, randomblock1, fatherfaith, brotherhood, psyo, ezun1, tmicezack, zain-ab001, psygambler, dashfit, berkaytekinsen, preciousimo, hardaeborla, angoujkalis, henrietta27, treasuree, quduus1, mulik369, antonioeviesart, jguzman394, mamalikh13, vahidrazavi, gamercreed, more4less, airhawk-exchange, sperosamuel15, dhedge, anvildrak, dankorox, hoboway, montanacellist, iumac03, mrstaf, urchice, gregan, swirly, hjmarseille, tajimkhan, joshglen, sunshine, moretea, laviniatherapist, starbooks, sames, javicuesta, mastersa, travelnepal, onyi, battebilly, tomatom, oilprinzz, kathryn95, ashley4u, anna.kathaxrina, nooblogger, traderhive, sinelux, perinator, wahlterwhite, kevin1273, astrothia, tezzmax, marvel1206, b0s, ataliba, rubia.michelle, eprolific, evepontes, ihal0001, zackarie, kayntan, chunkysoup, predict-crypto, ilovegames, friesennerz, jacksondavies, motivatorjoshua, yestermorrow, amarbir, vonzeppelin, lettinggotech, thomaskatan, nascimentoab, tochprince, akumar, parth7878, carloniere, ninyea, christianolu, gnarlyanimations, xanderslee, mrxplicit, sunshinebear, femseen, fabrik, eternalsuccess, jutech, htwegyi, golden.future, heinkhantmaung,