ခြေတလှမ်း

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@donjaun·
0.000 HBD
ခြေတလှမ်း
![](https://images.ecency.com/DQmc7SZEzr3bKPy29qETegKwx78Wc1XoSKNwqKrj7XpYNov/1756802521418.jpg)


မနေ့က September 1 ရက်နေ့ ဖြစ်၏။ Hive power up day လည်း ဖြစ်ချေ၏။ လတိုင်း လအစရဲ့ ပထမရက်သည် Hive power up day ဖြစ်၏။ မပါဝင်ဖြစ်ခဲ့တာ ကြာပါပြီ။ တခါလား၊ နှစ်ခါလားပဲ ပါဝင်ဖူးခဲ့တယ်။ ယခင်က မကြာခဏ power up ဖြစ်နေသေး၏။ HPU အစီအစဉ်လေးလာမှပဲ power ကို သီးသန့်ကြီး မ up ဖြစ်တော့သလို ဖြစ်နေခဲ့တော့၏။ 

အမှန်တော့ ခုလို power up day လေး လုပ်ထားပေးတာကောင်း၏။ ဒီအတိုင်းလည်း power up တာပဲ ဆိုပေမယ့် ခုလိုမျိုး ရက်လေးတခု သတ်မှတ်ပြီး အားလုံး အတူတူ power up ကြတော့ ပိုလည်း ပျော်စရာကောင်း၏။ စိတ်ခွန်အားလည်း ဖြစ်၊ အတုယူစရာလည်း ဖြစ်တာပေါ့။ သူဆို ဘယ်လောက်တောင် up လိုက်နိုင်တာ၊ ငါလည်း တချိန်တော့ သူ့လို up နိုင်ရမယ် အစရှိသဖြင့်ပေါ့လေ။

ယခင်က ပိုစ့် setting ကို 100% power up ရွေးထား၏။ ခုကတော့ 50%, 50% တဝက်စု၊ တဝက်ယူမယ်ပေါ့။ အဆိုပါ တဝက်နဲ့ HIVE ပြောင်းထားဖြစ်လေ့ ရှိပေမယ့် power မ up ဖြစ်ဘဲ သုံးလိုက်သည့်အထဲပဲ ပါပါသွားလေ၏။ Power များများ စုသင့်သလောက် မစု ဖြစ်‌ဘူး ဆိုပေမယ့် လက်ရှိ power ထဲက down ပြီး တခုခု လုပ်လိုက်တာမျိုးတော့ မရှိပေ။ ယခင်ကကော၊ ခုကော၊ နောင်ကော လုပ်မည် မဟုတ်ပေ။ Hive power up day လေး join ဖြစ်သွားအောင် အလုပ်လေး တခုခုတော့ လုပ်ဦးမှပါလေ။ မကြာခဏ power up ဖြစ်တဲ့ နေ့ရက်တွေကို လွမ်းမိပါ၏။


![](https://images.ecency.com/DQmZH9gbBNoaV9sxmkv3gPUaHPsh5kcqZMW3U6LwykTFnHj/1749551843157.jpg)


September လလည်း စပြီမို့ ပြီးခဲ့သော လတုန်းက ကျနော်ပြောထားသည့် အစီအစဉ်လေး စပြီ ဖြစ်၏။ ကိုဟိန်း၊ ကိုကိုမိုးဟိန်းတို့၏ ပိုစ့်တွေကနေ နည်းနာယူကာ Hive ကနေ တရက်၊ တလ ဘယ်လောက်ရနေတယ်ကို စာရင်းလုပ်မယ်။ ပြီး နောက်ထပ်လာမယ့်လတွေမှာ ဘယ်လောက်ရအောင် လုပ်ကြည့်မယ် အစရှိသဖြင့်ပေါ့လေ။ ကျနော် စာရင်း၊ အင်း မရှိ၊ မထားဘဲ လုပ်နေတာ ကြာခဲ့ပြီ။ မှတ်ထားတော့ ကိန်းဂဏန်းတွေနဲ့ တိုးတက်လား ဆုတ်ယုတ်လား အလွယ် သိနိုင်မည် မဟုတ်လား။ ထိုမှတဆင့် vote များများ ရအောင်လည်း ကြံစရပေဦးမည်။

တလက်စထဲ တလ တလ ဘယ်လောက် သုံးဖြစ်နေလဲ မှတ်သားထားဖို့ အသုံးစာရင်း App လေးလည်း download လုပ်ထား၏။ ဒါပေမယ့် သုံးလို့မရနေပေ။ ဖွင့်လိုက်ရင် error ချည်း ပြနေ၏။ အခြား မြန်မာက App လေးတွေ လိုက်ရှာ သုံးကြည့်ပေမယ့်လည်း အဆင်မပြေပေ။ Global က ဒီအတိုင်း အဆင်ပြေသည့် App တခုကိုသာ သုံးလိုက်၏။ Money Lover ဆိုသည့် App လေး ဖြစ်၏။ 

ခြေတလှမ်းတော့ စလှမ်းလိုက်ပါပြီလေ။ ယခင်ကတည်းက လျှောက်နေသည့် ခရီးဆိုပေမယ့် အမှတ်သညာ မလုပ်ထားမိတာကို ယခုကစလို့ ပြင်ပါပြီ။ ခုလို အပြောင်းအလဲ လုပ်ဖြစ်စေခဲ့တဲ့ Hive မှာ မိတ်ဆွေ အပေါင်းကိုလည်း အထူးပင် ကျေးဇူးပါ။

👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,