Lazy
myanmar·@donjaun·
0.000 HBDLazy
 တနေ့တနေ့ ရေးလာခဲ့သည်မှာ အကြောင်းအရာများလည်း အတော်လေး စုံနေပြီ။ အမှန်တော့ စုံနေတာ မဟုတ်ပါ။ ဒါလေးတွေကိုပဲ လှည့်ပတ်ပြီး ဟိုလိုရေး၊ ဒီလိုရေးရင်းနှင့် လုပ်နေခြင်း ဖြစ်၏။ အမှန်တော့ ကိုယ်သိတဲ့ အကြောင်းအရာက နည်းနည်းလေးရယ်။ နယ်ပယ် ကျင်းကျင်းလေးထဲမှာ ပဲ ရှင်သန်နေထိုင် ဖြစ်နေသည်ကိုး။ ထို့ကြောင့် တခါတလေ ရေးသည့် အချို့ အကြောင်းအရာလေးတွေက အဆင်မပြေဖြစ်သွားခဲ့သည်ရှိသော် တောင်းပန်ပါ၏လို့ ပြောလို၏။ ခုတလော ဇတ်ကား review မရေးဖြစ်တာ တော်တော်လေး ကြာသွားပြီ ဖြစ်၏။ ယခင်လောက်လည်း ဇာတ်ကားတွေက သိပ်မကြည့် ဖြစ်ဘူးကိုး။ ဂိမ်း ဆော့နေတာနှင့်ပင် အချိန်ကုန်ကုန်သွားလေ့ ရှိ၏။ လုံးဝ မကြည့် ဖြစ်နေတာမျိုး မဟုတ်ပေမယ့် ယခင် ကြည့်သည့် နှုန်းထက်တော့ အတော်လေး လျော့သွားသည်။ ကြည့်မိသလောက် ဇာတ်ကားများကိုပဲ review ရေးလို့ ရသော်လည်း အမှန်တော့ ကျနော် ကိုယ်တိုင်က ပျင်းနေသည်ကိုး။ ကြည့်ပြီးသား ဇာတ်ကားကို ပြန်ပြောရတာက မခက်ပေ။ Google ခေါက်ပြီး ပုံလေးရှာ၊ အချက်အလက်လေး နည်းနည်း ဖြည့်ပြီး ရေးလိုက်ရုံသာ ဖြစ်ပေမယ့် ထိုရှာရမည့် ကိစ္စလေးကို ကျနော်က ပျင်းနေခြင်း ဖြစ်၏။ ကျနော်က ထိုသို့ပင်။ တခါတလေ ဘာမဟုတ်သည့် ကိစ္စလေးမှာ အပျင်း ထူနေတတ်၏။ နောက်ထပ် ပျင်းသည့် နေရာက အ၀တ်လျှော်သည့် ကိစ္စ။ ဟိုးယခင်တုန်းကတော့ အမေက ကျနော့် အ၀တ်များကို လျှော်ပေးလေ့ ရှိ၏။ ကျနော် ကိုယ်တိုင်လည်း လျှော်ပေမယ့် အမေ လျှော်ပေးသည့် အကြိမ် အရေအတွက်က ပိုပြီး များ၏။ ယခု နောက်ပိုင်း နှစ်များတွင်တော့ ကျနော် ကိုယ်တိုင်ပဲ လျှော်ရသည်က များ၏။ အမေ၏ ကျန်းမာရေး အခြေအနေကြောင့်လည်း ပါသည်ကိုး။ ကိုယ့်ကို လျှော်ရသည်က တကယ်တမ်း ပြောရလျှင် ဘာမှ မခက်ပေ။ ယခင် အ၀တ် လျှော်စက် မရှိခင်တုန်းက ရေထည့် ဆပ်ပြာမှုန့်နှင့် ရောပြီး အ၀တ်များကို တအောင့်လောက် စိမ်ထားပြီး လျှော်လိုက်ရုံသာ။ ကိုယ့် အ၀တ်ကို ဘယ်နား ပေတတ်မှန်း ကိုယ်တိုင် သိပြီးသားကိုး။ လျှော်စရာ အ၀တ်များ ပုံနေသည့် အခါမျိုးမှာဆိုလျှင် အ၀တ်လျှော်ရမည့် အလုပ်ကို တကယ် မလုပ်ချင်လှပေ။ ထို့ကြောင့် အ၀တ်တွေ မပုံနေအောင် တနေ့ဝတ် တနေ့လျှော် တခါတည်း လုပ်၏။ ထိုသို့ လုပ်သည်က အလုပ် မများသည့်ရက်၊ အလုပ်မရှုပ်သည့် ရက်မျိုးမှာ အဆင်ပြေပေမယ့် တချို့ရက်တွေမှာက ထို တနေ့ဝတ်၊ တနေ့လျှော် လေး လုပ်ဖို့ကိုပင် အချိန်က မရသည်များ ရှိတတ်သေး၏။ ထို့ကြောင့်ပင် ထိုတနေ့ဝတ်၊ တနေ့လျှော် အစီအစဉ် ပျက်သွားပြီး အ၀တ်တွေ ပြန်ပြန်ပုံလာ ပြန်၏။ နောက်ပိုင်း အ၀တ်လျှော်စက် ၀ယ်ထားလိုက်တော့ ပိုဆိုးသွား၏။ အ၀တ်လျှော်စက်နဲ့က တနေ့ဝတ် တနေ့လျှော် လုပ်လို့ မရဘူးကိုး။ အ၀တ်လေး နည်းနည်းများလာမှ စုပြီး လျှော်သင့်သည် မဟုတ်လား။ အ၀တ်လျှော်စက်နှင့်မှ လူက ပိုပြီး ပျင်းလာသည်ဟု ထင်ရ၏။ စက်နှင့် လျှောက်ရသည့် အလုပ်လေးကိုပင် တခါတလေ မလုပ်ချင် ဖြစ်နေ၏။ ခုလည်း မလျှော် ဖြစ်သဖြင့် အ၀တ်တွေ ပုံလာနေပြီ ဖြစ်၏။ ဒီရက်ပိုင်းတော့ လျှော်မှ ဖြစ်ပေလိမ့်မည်။ ထို အ၀တ်လျှော်ပျင်းသည့် အကျင့်ကိုတော့ ပြင်ရပေလိမ့်ဦးမည်။ # **Don Jaun** **MSC 31**
👍 donjaun, sergino, asterkame, ansoe, myintlwinsoe, nyinyiwin, shwemon, tinhlaingoo, lwanwai, suhlaing, sawlwin, billionairehein, aunggyi100, mmunited, golden.future, demo, esteem.app, good-karma, feruz, mysteem, esteemapp, bluemoon, uthantzin, domelay, kachinhenry, aggamun, htwegyi, camelot, curie, aboutyourbiz, cryptokrieg, liberosist, skycae, dashfit, bil.prag, zipporah, qberry, operahoser, niouton, schroders, emdesan, joendegz, itchyfeetdonica, hansmast, raymondspeaks, mhm-philippines, stahlberg, sisygoboom, a0i, didic, misia1979, neumannsalva, drmake, kylealex, robmolecule, javier.dejuan, gabrielatravels, ilovecryptopl, rhethypo, chickenmeat, psygambler, gmedley, mininthecity, locikll, zlatkamrs, annaabi, maticpecovnik, gordon92, reizak, bflanagin, trang, eu-id, vact, dokter-purnama, florian-glechner, brutledge, kenadis, onemedia, blewitt, the.success.club, chipdip, travisung, hairgistix, pulleyhead, hendrikdegrote, lekang, allcapsonezero, revo, eurodale, ambitiouslife, reverseacid, tombstone, zerotoone, tensor, joshman, cryptononymous, wallyt, breakout101, anwenbaumeister, blueorgy, steemtaskr, dearw, goblinknackers, dronegraphica, pvinny69, lion200, bluemaskman, idlejack, alfatron777, yaelg, neneandy, positiveninja, onelovesteem, jchappe, zeasar, abbyrich, peaceandwar, thescubageek, cleiver, doifeellucky, wackou, drifter1, iansart, warpedpoetic, mariusfebruary, alvin0617, cleateles, felt.buzz, prapanth, buttcoins, sanderjansenart, urme33, wstanley226, bitcoinportugal, onepracticalcat, cryptofuwealth, frost1903, juliocaraballo, longer, gpcx86, suasteguimichel, cryptorunway, goodcontentbot, herculean, chrisluke, sumotori, doggy5, poppie-schultz, jiujitsu, gracelbm, danaedwards, shinedojo, massivevibration, bennettitalia, mammasitta, rival, macoolette, eric-boucher, brendanweinhold, bernardwest, twenty1, soloduet, nicole-st, esthersanchez, yomismosoy, goodway, kafupraise, nwjordan, lk666, ivan-g, flatman, incomepal, oghie, laissez-faire, timemaster, steemerscare, d00k13, p00k13,