ML again (Chapter 1)
myanmar·@donjaun·
0.000 HBDML again (Chapter 1)
 ဒီနေ့တော့ Magisk Module တွေ အကြောင်း ပြောတာ ခဏ နားဦးမည်။ အမှန်တော့ phone ကလိသည့် အပြင် အခြား လည်း လုပ်၏။ ဂိမ်းဆော့ခြင်း ဖြစ်၏။ သိသည့်တိုင်း Mobile Legend ပေါ့။ phone အသစ် ဝယ်ဝယ်လာခြင်းတုန်းက app တွေ သွင်းတော့ ML ဂိမ်းက ထိပ်ပိုင်း app စာရင်း ဝင်၏။ အရေးကြီးသည့် Google တို့လို app များ သွင်းပြီးနောက် (ကျနော့် phone က china rom တင်ထားသဖြင့် Google app တွေက ကိုယ့်ကို ပြန်သွင်းရ၏) ကျနော်သွင်းသည့် app က mobile legend ဖြစ်၏။ app က size သေးပေမယ့် နောက်ကွယ်က ထပ် down ရသည့် size က မသေးပေ။ (2) GB လောက် ရှိမည် ထင်၏။ ထို နောက်ကွယ်က download လုပ်နေတာ မပြည့်သေးလျှင် ဂိမ်းဆော့သည့် အခါ heroes တွေက လူပုံ မဟုတ်ဘဲ အလုံးကြီးတွေသာ ဒီအတိုင်း ပြေးနေ၊ ချနေတော့၏။ လုံး၀ အားလုံး download ပြည့်သွားမှသာ လူပုံ အမှန် မြင်ရမည် ဖြစ်၏။ ယခင် meizu phone မှာ တုန်းက ထိုသို့ ဖြစ်ဖူးသေး၏။ အလုံးတွေ ချည်းပြေးနေလို့ ဂိမ်းကို ပြန်ဖြုတ်ပြီး ပြန်သွင်းလိုက်ရသေး၏။ meizu မှာတုန်းက အဆိုပါ ဂိမ်းကို (၂) ခါ down ရ၏။ ယခု mi မှာလည်း (၂) ခါ ပြန် down ရပြန်၏။ (၂) ခါ ပြန် down ဆို firmware ပြန်တင် ရသောကြောင့် ဖြစ်၏။  Miui 10 ကနေ miui 11 update အထိက တခါ၊ miui 10 ကို ပြန်ဆင်းတုန်းက တခါ download လုပ်ရခြင်း ဖြစ်၏။ ယခု ML မှာ ဆော့ကစားစရာ အသစ် တခု ပါလာခဲ့၏။ Magic chess mode ဖြစ်၏။ အစက ထိုဂိမ်း mode ကို ကျနော် လုံး၀ မဆော့ တတ်ပေ။ အစက စိတ်မဝင်စားသေးလို့လည်း ပါ၏။ မဝင်စားဆို ဆော့မှ မဆော့တတ်သေးဘဲ။ ထို့ကြောင့် classic, rank တို့သာ ဆော့နေခဲ့၏။ တရက်သားမှ သူငယ်ချင်းက ထို magic chess ဆော့ကစားပုံကို သင်ပေးလိုက်မှ ဆော့ကစားပုံကို သဘောပေါက် နားလည်သွားခဲ့၏။ အထိုက်အလျောက် နားလည်သွားပြီးသည့် နောက်ပိုင်း အဆိုပါ magic chess ချည်းချည်းပဲ ဆော့ကစား ဖြစ်နေတော့၏။ classic နှင့် rank ဖက်ကို ပြန်မလှည့်ဖြစ်တော့ပေ။ ဆော့ ကြည့်တော့ တော်တော်လေး ဆော့ကစားလို့ ကောင်းနေသည်ကိုး။ သူက ကိုယ်တိုင် ဝင်ချ ရတာမျိုး မဟုတ်ဘဲ ဘယ် သူနှင့် ဘယ်သူ့ကို တွဲပြီး ဘယ်လို နေရချ စသည်ဖြင့် ရွေးချယ် စဉ်းစားရ၏။ ကျနော်ကြိုက်သည့် ပုံစံမျိုးနှင့် တကယ့်ကို ကွက်တိ ဖြစ်၏။ ထို့ကြောင့် အဆိုပါ magic chess ကိုသာ ဆော့ကစား ဖြစ်နေခြင်း ဖြစ်၏။ နောက်ရက်များမှ magic chess ကစားရသည့် အတွေ့အကြုံများကို ပြန်လည် ဝေငှပါဦးမည်။ # **Don Jaun** **MSC 31**
👍 stmdev, donjaun, laissez-faire, andylein, ansoe, shwemon, nyinyiwin, lwanwai, suhlaing, sawlwin, aggamun, aunggyi100, htwegyi, golden.future, mmunited, demo, esteem.app, good-karma, feruz, azirgraff, mysteem, dift, esteemapp, mamban, camelot, curie, diana.catherine, sustainablyyours, jagged, melvin7, goblinknackers, kylealex, epicdice, freetissues, locikll, postpromoter, waltermeth, oldstone.sct, citrus-soap, vact, rambutan.art, bilpcoinrecords, springflower, steem-agora, hendrikdegrote, tombstone, justtryme90, anwenbaumeister, jesse5th, iamjadeline, tajstar, juli1, juliocaraballo, blewitt, wstanley226, herculean, chrisluke, atomicannie, bestbuds, curpal, techken, minnowpowerup, qberry, drmake, itchyfeetdonica, kimzwarch, we-together, didic, healthexpert, dechastre, stayoutoftherz, mychoco, braveboat, bscrypto, musicvoter, musicvoter2, pechichemena, xerxes.alpha, bflanagin, lillywilton, yourtop3, mxzn, a0i, blueorgy, allcapsonezero, joshmania, ppss, neumannsalva, revo, travisung, chris4210, slowwalker, alaqrab, schroders, matt-a, redpalestino, djennyfloro, neneandy, yaelg, hairgistix, sokha, jlsplatts, lordjames, steemjet, the.success.club, dacx, mahdiyari, zipporah, hijosdelhombre, sc-steemit, ambyr00, notagenius, majes.tytyty, felt.buzz, saleg25, dr-boo, forykw, stevethevagabond, sanderjansenart, sagesigma, tinabrezpike, titan-c, rival, jchappe, cryptowrld, pamahdoo, lusce, lightcaptured, macoolette, tarekadam, mk-pal-token, fatkat, wackou, dearw, slh84, buttcoins, bitcoinportugal, cryptofuwealth, frost1903, longer, goodcontentbot, sumotori, celine-robichaud, thetechspot, poppie-schultz, mammasitta, jiujitsu, massivevibration, cherryandberry, eric-boucher, nicole-st, esthersanchez, yomismosoy, kafupraise, oghie, lk666, abraham10, faithfullwills, sheinthu,