ဖိတ်စဉ်သွားသော အာရုဏ်ဦး (တတိယ ပိုင်း)
myanmar·@donjaun·
0.000 HBDဖိတ်စဉ်သွားသော အာရုဏ်ဦး (တတိယ ပိုင်း)
 သူ မြစ်ကြီးနားကို လိုက်သွား၏ ။ တရုတ်လူမျိုးသူဋ္ဌေးတစ်ဦး၏ ရွှေတူးဖော်ရေးလုပ်ငန်းမှာ အလုပ်ရ၏ ။ အချိန်ဇယားနှင့် အဆိုင်းခွဲထား၏ ။ အနည်းငယ်ပင်ပန်းရုံကလွဲ၍ အဆင်ပြေ၏ ။ သို့သော် မွေးကတည်းက သူ့တွင်ကံကောင်းဖို့ဇာတာမပါလာဘူးထင်၏ ။ သူရောက်ပြီးမှ အစိုးရတပ်တွေနှင့် ကချင်တပ်တွေက တကျက်ကျက် ။ ဒီကြားထဲ မြစ်ဆုံ ကိစ္စပါဝင်လာ၏ ။ တခါတလေ စက်ကွင်းမလွတ်သဖြင့် ပြေးလွှားရှောင်တိမ်းရသေး၏ ။ နောက်တော့ ဘယ်လိုမှ ဆက်လုပ်၍မရနိုင် တော့ ။ အလုပ်ရပ်ကာ တရုတ်သူဋ္ဌေးလည်း ပြည်တော်ပြန်၏ ။ သူတို့လည်း ကိုယ့်နေရပ်ကို ပြန်ကြ ရ၏ ။ အိမ်အပြန် မျက်နှာပန်းက သိပ်မလှ ။ (၄)(၅) လလောက်လုပ်ခဲ့ရပေမယ့် မယ်မယ်ရရ မစုမိခဲ့ ။ ဒီလိုနဲ့ အမေ့အိမ်မှာပြန်နေပြီး နောက်အလုပ်တစ်ခုမျှော်ပေါ့ ။  သူပြန်ရောက်ပြီး (၃) ပတ်လောက်အကြာမှာပဲ ထိုသတင်းကိုကြားရခြင်းဖြစ်၏ ။ ဦးဘတူ(သူ့မရီး၏ယောကျာ်း)က အိမ်တိုင်ရာရောက်ကို လာပြီး သတင်းပေးသွားခြင်းပင် ။ ဘယ်သူမှ မခိုင်းစေရပါဘဲ စေတနာကြီးလွန်းစွာ ထိုသတင်းဆိုးကို လာပေး သွားခြင်းဖြစ်၏ ။ ရိုးရိုးအသိပေးခြင်းထက် မင်းအသုံးမကျလို့ ပို့လိုက်ပြီဆိုတဲ့ အချိုးမျိုး ။ ပြီးကလေးက ပြောဆိုလို့မရထိန်းမရတော့လို့တဲ့ ။ကလေးက အမှန်အမှား ကောင်းမကောင်း သိတတ် လာတော့ အနားမှာ မထားရဲတော့ဘူးလေ ။ မိန်းမအမျိုးတွေကို တောက်လျှောက်ကျေးဇူး တင်လာသမျှဒီတစ်ခါတော့ သူတော်တော်စိတ်တို၏ ။ လုပ်ပုံက အငယ်မလေးကြတော့ ခေါ်ထားပြီး ကလေးတွေခမျာ မိဘမစုံပါဘူးဆို ညီအစ်မချင်းက ခွဲရပြန်ပြီ ။ ဒါကြောင့်ကလေးတွေ အိမ်ကိုမလာပါဘူးလို့ ။ အရင်ဆိုသူ ခရီးထွက်နေသည့်အချိန်မှလွဲပြီး သူရှိက အမေ့အိမ်ကို ကလေးတွေ လာတက်သည် ။ သူ့မှာလည်း ဒီကလေးတွေနဲ့ပဲ အလွမ်းဖြေနေရတာကိုး ။ အငယ်မလေး အိမ်လာတုန်းက သမီးကြီးကိုမေးတော့ ကလေးက သူစိတ် မကောင်းဖြစ်မည်စိုး၍ အဆောင်ပို့ထားတယ်ဟု ဖြေ၏ ။ ဟုတ်မှာပါလို့ သူကလည်း ထင်နေခဲ့တာကိုး ။ ခုတော့ ရင်ဘတ်တစ်ခုလုံး ဆွဲဆောင့်ခံလိုက်ရသလိုပင် ။ သမီး … သမီး သူ့ရင်မှ ဖြစ်သည့်သမီး ။  “ သား ထမင်းမစားဘူးလား ” ............................ .......................... ........................... ............................ .......................... ........................... ............. အမေ့စကားကြောင့် သူ့အတွေးစတို့ ပျက်သွား၏ ။ အမေက သူအိပ်နေသည်ဟုထင်နေတာကိုး ။ ဦးဘတူ ပြန်သွားပြီးကတည်းက သူစိတ်ပျက်စွာလှဲနေခြင်းဖြစ်၏ ။ အလို မိုးတောင်ချုပ်တော့မှာပဲ ။မရီးအိမ်သို့သွားကာ သမီးထံဆက်သွယ်လို့ရမည့် လိပ်စာ၊ ဖုန်းနံပါတ် တစ်ခုခုတော့ တောင်းကြည့်ရမည်။ သူ ပုဆိုးပြင်ဝတ်ကာ အိမ်အပြင်သို့ ခြေလှမ်းလိုက်၏ ။ အမေက ထမင်းမစားဘူးလား ဘယ်သွားမှာလဲဟု မေး၏ ။ သူ ဘာမှ ပြန်မဖြေမိ ။ သူ မြစ်ကြီးနားက ပြန်ရောက်ပြီးမှ အရင်လို မဆိုးတော့ ၊ အရက်ကိုလည်း သိပ်ပြီးမသောက်တော့သဖြင့် အမေ့မှာ စိတ်ချမ်းသာနေရ သည်မဟုတ်လား ။ခုသတင်းကြောင့် သူပြန်ဖောက်လာမည်ကို အမေ့မှာ စိုးရိမ်ရှာပေလိမ့်မည် ။ **_စတုတ္ထပိုင်း (ဇာတ်သိမ်းပိုင်း) ဆက်လက်ဖတ်ရှုပါရန်...._** **Base on True Story** **Author : : Don Jaun**
👍 donjaun, readdle, thantzin, phyowaiaung, julybrave, romantic4, chitnaingoo, ansoe, mrazik, steemitboard, thatkozaw, kachinhenry, shweyaungmyanmar, phogyan, camelot, curie, velourex, meerkat, dunia, donkeypong, analisa, calypso, brahma, hendrikdegrote, anwenbaumeister, kushed, pharesim, bue-witness, bue, mini, healthcare, boy, daniel.pan, warofcraft, bunny, craigslist, american-pie, anjiba, xeroc, ben.zimmerman, sellergenius, krizia, blackwidow7, n1kofi, gandalf, sstefan, decebal2dac, bp423, arconite, alainite, mondeja, randyclemens, sethlinson, swisswatcher, steemedia, ninkhisibir, adept, starrkravenmaf, ourlifestory, beeskee, cheah, marcosespes1, tabea, mckenziegary, caweyant, bitrocker2020, hqmafa420, fatpandadesign, abishai, locikll, ch00fy, stella87s, palmtreetrading, eyegasm, zellious, toxichan, mrlogic, tjtrusty, cebymaster, cotidiana, ananiani, writer1, samether, jtavassol, mgmgkse, bobokyaw, mamamyanmar,