Semi Final :: Loading...

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@donjaun·
0.000 HBD
Semi Final :: Loading...
![](https://images.ecency.com/DQmfJRm3zB6hJpBPXvGAhDoaY6DMdeheu9vs1X2u7Gk31oj/1744541412572.jpg)


Champion League Quarter Final ပွဲစဉ်များ ကစားအပြီးမှာတော့ Europa League & Europa Conference League Quarter Final ပွဲစဉ်များ ယှဉ်ပြိုင်ကစား၏။ Europa League Quarter Final ပွဲစဉ်တွေမှာတော့ အနိုင်အရှုံး 1 ပွဲသာ အဖြေပေါ်ပြီး ကျန် 3 ပွဲက သရေ ရလဒ်သာ ထွက်ပေါ်ခဲ့၏။ Conference League ဘက်မှာတော့ 4 ပွဲလုံး အရှုံး အနိုင် အဖြေ ထွက်ပေါ်ခဲ့၏။ 

Lyon အသင်း၏ အိမ်ကွင်းမှာ သွားရောက် ကစားခဲ့သည့် United အသင်း အနေဖြင့် ဂိုးသမား Onana ၏ ဆိုးရွားသော ကာကွယ်မှုတွေကြောင့် သရေ ရလဒ်နှင့်သာ ကျေနပ်ခဲ့ရ၏။ Lyon အသင်း ရရှိသွားသည့် 2 ဂိုးလုံးက Onana ၏ ကာကွယ်ပုံ မသေသပ်၊ မသေချာမှုတွေကြောင့် ပေးလိုက်ရသည်ဟု ပြောလို့ရ၏။ Lyon အသင်းမှာ ကစားနေသည့် United ကစားသမားဟောင်း Matic ပြောလည်း ပြောချင်စရာပင်။ United အသင်း သမိုင်းတလျောက် အဆိုးဆုံး ကစားသမား ဆိုတာကိုပေါ့။ 


![](https://images.ecency.com/DQmfF6VJGGSXV64mUgJDzNtJAPkRDvwPUJBpxNDegmGQBJ7/1744541412596.jpg)


လုံးဝကြီး မကောင်းနေတာမျိုးတော့ မဟုတ်ပေ။ ဒါပေမယ့် ကောင်းသည့်ပွဲက နည်းပြီး မကောင်းသည့် ပွဲက များနေခဲ့၏။ ပြီး လက်စွမ်းက မမှန်နေပေ။ ကောင်းချင်ရင် ကောင်းလိုက်၊ မကောင်းချင်ရင်လည်း မကောင်းနဲ့။ ပထမကျော့မှာတော့  2-2 ဖြင့် သရေ ကျသွားခဲ့၏။ ဒုတိယကျော့ United အိမ်ကွင်းမှာ မည်သို့ ဖြစ်လာဦးမည် မသိသေးပေ။ ငါတို့ နောက်တဆင့် တက်ပြီးသားဟု ယတိပြတ် မပြောရဲပေ။ ဒီလူစာရင်း ဒီကစားပုံ ဒီဂိုးသမားနဲ့ အပိုင် သေချာ ဘာမှ တပ်အပ် မပြောနိုင်ပေ။ 

United ကို အားကျလို့ထင် Tottenham အသင်းကလည်း အိမ်ကွင်းမှာ Frankfurt အသင်းနဲ့ 1-1 သရေကျသွားခဲ့၏။ England က အသင်းတွေ အသီးသီး သရေ ရလဒ်တွေ ထွက်ပေါ်ခဲ့ကြပေမယ့် Conference League မှာ ကစားနေသည့် Chelsea ကတော့ အဝေးကွင်းမှာ Poland ကလပ် အသင်း Legia Warszawa ကို 0-3 ဖြင့် ဂိုးပြတ် အနိုင်ရခဲ့၏။ 

လက်ရှိ ဥရောပ လိဂ်ပွဲစဉ်တွေမှာ ယှဉ်ပြိုင်ကစားနေသည့် England ကလပ်အသင်း 6 သင်း ကျန်ရှိ၏။ Arsenal, Chelsea, Tottenham, Manchester United & Aston Villa တို့ ဖြစ်၏။ London မြို့ခံက 3 သင်း။ Arsenal က Real Madrid ကို 3-0 Chelsea ကလည်း ပြိုင်ဘက်အသင်းကို 0-3 ဂိုးဖြင့် ဂိုးပြတ်တွေချည်း အနိုင်ရထားကြ၏။ မသိရင် Tottenham က London ၏ ဂုဏ်ကို ချနေသည့် အလားပင်။ (Tottenham fan တွေကို နောက်တာပါ)

ပထမကျော့ ရလဒ်တွေက ဒုတိယကျော့ကို ပိုပြီး အရှိန်တက်စေတာကတော့ အမှန်ပင်။ Semi Final အဆင့်ကို တက်လှမ်း နိုင်ဖို့အတွက် ဒုတိယအကျော့ ပွဲစဉ်တွေက အဆုံးအဖြတ်ပေးမည် ဖြစ်၏။ ဘယ်အသင်းတွေ Semi Final အဆင့်သို့ တက်လှမ်းသွားမလဲကတော့ စိတ်ဝင် စားစရာပင်။

_(photos from Manchester United Facebook page)_
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,