Should Read
myanmar·@donjaun·
0.000 HBDShould Read
 HF 21 ဘာထူးသနည်း။ အကြောင်းထူးလျှင် ပြောကြပါဦးဟု မေးလို၏။ ကျနော့်နားမှာတော့ ဘာမှ မထူးဘူးလားပေါ့။ အမြင် အပေါ်ယံပိုင်း အနေနှင့် မဟုတ်ဘဲ အတွင်းပိုင်းကျကျကန ပြောင်းလဲလိုက်လို့လားပေါ့။ သို့မဟုတ် ကျနော်ကပဲ ဝေးလွန်းနေသလားပေါ့။ အပြောင်းအလဲကို သတိမထားမိလိုက်ပေ။ ထို့ကြောင့် ဘာပြောင်းသွားသနည်း သိလျှင် ပြောပြပေးကြပါဟု တောင်းဆိုလို၏။ ယခုတလော စာမဖတ်မဖြစ်ပေ။ မှတ်မှတ်ရရ ပြောရလျှင် စာမဖတ်ဖြစ်တာ အတော်လေး ကြာသွားပြီ ဖြစ်၏။ ယခင်က ဘယ်လောက်ပင် အချိန် မရရ ရသည့် အချိန်လေး ဖဲ့ပြီး စာဖတ်ဖြစ်၏။ ယခုမူကား ထိုသို့ မဟုတ်ပေ။ အားလျှင် အားသလို ဂိမ်းပဲ ဆော့ဖြစ်နေတော့၏။ ထိုအချက်က မကောင်းမှန်း သိပေမယ့် ခုထိတော့ ပြင်လို့ မရသေးပေ။ ဂိမ်းဆော့ချိန် လျှော့ပြီး စာဖတ်ဖို့ ကြိုးစားရမည် ဖြစ်၏။ စာမဖတ် ဖြစ်ပေမယ့် ရုပ်ရှင်လေး ကြည့်ဖြစ်နေလို့ တော်သေး၏။ မည်သို့ပင် ဆိုစေ စာတော့ ပြန်ဖတ်မှ ဖြစ်မည်။ ၀ယ်ထားသော စာအုပ်များ ခုချိန်ထိ မဖတ်ရသေးပေ။ စာအုပ်သစ်လည်း ထပ်မ၀ယ် ဖြစ်သေးပေ။ ၀ယ်ထားပြီးသည့် အဟောင်းတွေတောင် ဖတ်လို့ မပြီးသေး၊ မဖတ်ရသေးဘူးကိုး။ ဟိုးယခင် နည်းပညာများ မတိုးတက်သေးခင်၊ phone တွေ မရှိသေး၊ မပေါ်သေးခင်တုန်းက တနေ့တနေ့ စာတော်တော်လေး ဖတ်ဖြစ်၏။ အနေတော် စာအုပ်တအုပ်ကို ခဏလေးနှင့် ပြီး၏။ တခါတလေများ သရဲ ဘီလူး စီးနေသလိုမျိုး စာကို ဖတ်ဖြစ်၏။ ထိုအချိန် ထိုကာလကို ပြန်ပြီး သတိရမိ၏။ လွမ်းမိ၏။ ခုနောက်ပိုင်း phone များ ပေါ်လာပြီး နောက်ပိုင်း စာဖတ်နှုန်း၊ စာဖတ်အား တော်တော်လေး လျော့သွား၏။ ယခုဆို ဖတ်ကို မဖတ် ဖြစ်နေပေ။ Facebook စွဲနေတုန်းက Facebook, ML စွဲနေတော့ ML နှင့် စာအုပ်တွေ ဖက်ကို မလှည့် ဖြစ်နေပေ။ ၀ယ်ထားသည့် စာအုပ်လေးတွေသာ စကားပြောတတ်လျှင် ငါတို့်ကိုလည်း ကြည့်ပါဦးကွာ၊ phone ပဲ ကြည့်မနေပါနှင့်ဟု ပြောမည် ထင်၏။ ယခင်က စာအုပ်များကို စွဲလမ်းခဲ့ပေမယ့် ယခုအခါမှာတော့ phone ကို စွဲလမ်းနေပြီ ဖြစ်၏။ ယခင်က ဘယ်သွားသွား ဖတ်စရာ စာအုပ်လေး တအုပ် ထည့်သွား ဖြစ်ပေမယ့်၊ ယခုအခါမှာတော့ စာအုပ်အစား phone က မပါမဖြစ်သည့် အရာ ဖြစ်လာ၏။ phone ထဲကနေ စာဖတ်ပေါ့ဟု ဆိုပြန်တော့လည်း မဖတ်တတ်နေပေ။ စာအုပ်မှ စာရွက်လေးကို ကိုင်ပြီး လှန်ပြီး ဖတ်ရသည့် အရသာမျိုးကို phone ကနေ ဖတ်ခြင်းဖြင့် မရနိုင်ဘူး မဟုတ်လား။ ဘာပဲ ပြောပြော အချိန် တခုပေးပြီး စာပြန်ဖတ်မှ ရမည်။ ဘာဘာညာညာ အကြောင်း မပြနေတော့ဘဲ သေချာလေး ဖတ်ရမည်ဟု တွေးထား၊ တေးထားလိုက်မိပါ၏။ # **Don Jaun** **MSC 31**