Steemit Journey (Chapter 4)
myanmar·@donjaun·
0.000 HBDSteemit Journey (Chapter 4)
 အချိန်တို့ တဖြည်းဖြည်း ကုန်ဆုံးလာ၏။ MSC စတင် တည်ထောင်ကတည်းက Admin Team ထဲ ပါဝင်ခဲ့သော ကျနော်သည် Steem နှင့် ပတ်သက်ပြီး အတွေ့အကြုံလည်း များစွာ ရခဲ့၏။ အသိပညာများလည်း တိုးခဲ့၏။ အသိ မိတ်ဆွေများလည်း တိုးခဲ့၏။ စိတ်ပင်ပန်းခဲ့ရသည်များလည်း ရှိသလို၊ ပျော်ရွှင်ခဲ့ရသည်များလည်း ရှိ၏။ ထို့ပြင် လှူဒါန်းမှုများလည်း အဖွဲ့နှင့်အတူ ပြုလုပ်ခွင့်ရခဲ့၏။ ထို့ကြောင့် ကုသိုလ်များလည်း ရခဲ့၏။ MSC နှင့် Steemit သည် ကျနော့်အတွက်တော့ လောကနီတိနှင့် ကိုက်ညီသည့် ဌာနေပင် ဖြစ်ချေတော့၏။ ကျနော်၏ Steemit ခရီးလမ်းသည် မကြမ်းတမ်းခဲ့ပေမယ့် သိပ်အချောမွေ့ကြီးတော့ မဟုတ်ပေ။ ထို့ပြင် သိပ်လည်း ခက်ခဲနေသည်တော့လည်း မဟုတ်ပေ။ နည်းနည်း ရှုပ်သွားမယ် ထင်ပ့ါ။ Steemit မှာ ကျနော့်အတွက် အခက်အခဲက တခြား မဟုတ်။ ကျနော် ကိုယ်တိုင်ပင် ဖြစ်၏။ ဟုတ်၏ စာရေးပျင်းခြင်းက ကျနော့်၏ အဓိက ရန်သူ ဖြစ်၏။ Idea ရှိ၏၊ အကြောင်းအရာ ရှိ၏ သို့သော် ချရေးဖို့ကြ အပျင်းထူနေပြန်၏။ တနေ့ တနေ့ pro post မီဖို့ အချိန်လုပြီး ရေးနေရ၏။ ယခုတော့ နေ့စဉ် စာရေး ဖြစ်နေ၏။ ရေးသာ ရေးဖြစ်နေပေမယ့် နည်းနည်းတော့ ပျင်းနေသေး၏။ နေ့စဉ် စာရေးကျင့် လုပ်လိုက်တော့ အကျင့်ပါသွားပြီး နေ့တိုင်း ရေးဖြစ်နေခြင်းလည်း ဖြစ်မည်။ အမှန်တော့ အလေ့အကျင့်ပင် ဖြစ်၏။ အကျင့်တခုကို လေ့ကျင့်ပေးလိုက်ရုံနှင့် ကျန်သည့်အပိုင်းက သိပ်ပြီး စဉ်းစားနေဖို့ မလိုတော့ပေ။ ယခုတော့ စာမရေးရသည့် နေ့ဆိုလျှင်ပင် မနေတတ် မထိုင်တတ်နှင့် တခုခု လိုနေသလို ခံစားနေရ၏။ စာမရေး ဖြစ်သည့် နေ့မျိုးဆိုလျှင် တခုခု လိုနေသလိုပင် ဖြစ်၏။ တနေ့ တနေ့ steem ဈေးကို ၀င်ဝင်ကြည့်ရတာလည်း အမော။ .png) ခရီးရက်ရှည် ထွက်ဖြစ်သည့် ထွက်ရမည့် အခါမျိုး ရှိလာလျှင် ထိုရက်များအတွက် စာများ ကြိုရေးထားလေ့ ရှိ၏။ ဘယ်နှယ်ရက် သွားမှာလည်း ကို တွက်ပြီး ထိုရက်များအတွက် စာကို ကြိုရေးထားလိုက်၏။ ခရီးလည်း အေးဆေးသွားလို့ရ၊ post တင်လည်း မပျက်တော့ဘူးပေါ့။ သို့ပေမယ့် ကြို မရေးထား ဖြစ်လိုက်သည့် ခရီးစဉ်တခုတော့ ရှိ၏။ MSC Gathering ခရီးစဉ် ဖြစ်၏။ Gathering အတွက် ကြိုတင် စိတ်လှုပ်ရှားနေပြီး စာရေးသားထားလိုက်ဖို့ မေ့သွားခြင်း ဖြစ်၏။ Admin Team မှ လူများ၊ member အချို့နှင့် သာ ဆုံဖူးထားသဖြင့် ယခု Gathering မှာ ကျန်သူများ အားလုံးနှင့် ဆုံရမည် ဆိုပြီး စိတ်လှုပ်ရှား ပျော်ရွှင်နေမိ၏။ ထို့ကြောင့်ပင် စာကြို မရေးမိပေ။ မည်သို့ပင် ဆိုစေ Gathering ပွဲလေးသည် ပျော်စရာ ကောင်းခဲ့သည်က အမှန်ပင်။ တောင်ကြီးပွဲမှာလည်း ယခုလို စည်စည်ကားကားလေး ဖြစ်လာဖို့ မျှော်လင့်၏။ အားလုံး လာကြဖို့ကို တလေးတစား တခုတ်တရလေး ဖိတ်ပါ၏။ လာသာလာခဲ့ပါ။ မိတ်ဆွေတို့ ပျော်ရွှင်သွားဖို့က ကျနော့် တာဝန်သာ ထားပါ။ Steemit နှင့် ပတ်သက်ပြီး ခင်မင်ခွင့်ရသည့် သူငယ်ချင်းများသည်လည်း ကျနော့်ဘ၀ တစိတ်တပိုင်း အဖြစ် မေ့မရသောသူများ ဖြစ်သည် မဟုတ်လား။ အားလုံးပဲ Steemit မှာ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ပြီး MSC ကိုလည်း ပိုမို သာယာ ပျော်ရွှင်ဖို့ ကောင်းအောင် အတူတူ လုပ်ဆောင်ကြရအောင်လို့ ဆန္ဒပြု ဆုမွန်ကောင်း ခြွေအပ်ပါသည်။ _ဆက်ပါဦးမည်_ # **Don Jaun** **MSC 31**
👍 donjaun, dera123, pannthiri, nyinyiwin, shwemon, tinhlaingoo, honeysara, htwegyi, ansoe, mahaw, lwanwai, domelay, myothuzar, uthantzin, steem-myanmar, kyi, sthura, steempowerg3, shwethamee, patricksanlin, gunapeya, camelot, curie, liberosist, aboutyourbiz, jesusj1, wstanley226, kevinwong, tombstone, emdesan, raymondspeaks, stahlberg, didic, janine-ariane, drmake, call-me-howie, javier.dejuan, tuck-fheman, kachinhenry, solominer, bukiland, sku77-poprocks, wackou, jiujitsu, rival, iansart, massivevibration, benleemusic, eric-boucher, oghie, yomismosoy, yashshah991, jchappe, captainquenta, tomj, pltorres, philipkavan, steemfreak, steemerscare, steemraffles, aunggyi100,