Super Sunday
hive-115900·@donjaun·
0.000 HBDSuper Sunday
 နာမည်ကြီး ဂျပန် ကတော့ ကွာတားဖိုင်နယ် အဆင့်နဲ့သာ နှုတ်ဆက်ထွက်ခွာသွားရပြီ ဖြစ်၏။ အီရန်ကို (2-1) ဖြင့် ရှုံးနိမ့်ပြီး သူတို့၏ အာရှဖလား ခရီးစဉ်ကတော့ ဒီနေရာမှာတင် အဆုံးသတ်သွားခဲ့လေပြီ။ 90+6 မိနစ်မှာ ပေးလိုက်ရသည့် ပင်နယ်တီ ဂိုးကြီးကတော့ တကယ်ကို ရင်နာစရာပင်။ အာရှဖလား ပွဲစဉ်တော်တော်များများက နောက်ဆုံးမိနစ်တွေကြမှ ဂိုးတွေ သွင်းပြီးသရေ၊ အနိုင် ရလဒ်တွေ ထွက်ပေါ်လာနေတာ တွေ့ရ၏။ ကိုရီးယားအသင်းဆို ပိုလို့တောင် သိသာသေး။ နာကျင် အချိန်ပိုရောက်မှ ဂိုးတွေ ပြန်သွင်းရင်း အသက်ဆက် ရှင်သန်လာခဲ့တာ ဆီမီးဖိုင်နယ် အဆင့်ထိ ရောက်လာခဲ့လေပြီ ဖြစ်၏။ အိမ်ရှင် ကာတာကတော့ ဥဇဘတ် ကစ္စတန်ကို ပင်နယ်တီဖြင့် အနိုင်ရပြီး ဆီမီးဖိုင်နယ် အဆင့်သို့ တက်လှမ်း နိုင်ခဲ့ပြီ ဖြစ်၏။ သာမန် ပွဲကစားချိန် အပြင် အချိန်ပို မိနစ် ၃၀ ထိ တဖက် တဂိုးစီ သရေကျနေခဲ့သဖြင့် ပင်နယ်တီ အဆုံးအဖြတ်ယူရာ ကာတာက (၃-၂) ဂိုးဖြင့် အနိုင်ရသွားခဲ့၏။ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင် ယှဉ်ပြိုင် ကစားကြမည် ဖြစ်၏။ မနေ့က EPL ပွဲစဉ် ၄+၁ စုစုပေါင်း ၅ ပွဲ ကစား၏။ ပွဲတွေ အားလုံး ကောင်း၏။ အကြိတ်အနယ်လည်း ရှိ၏။ သရေပွဲ 3 ပွဲ အထိ ဖြစ်သွားတာသာ ကြည့်။ အကြိတ်အနယ် အရှိဆုံးကတော့ နယူးကာဆယ်နှင့် လူတန်တောင်းတို့၏ ပွဲစဉ် ဖြစ်၏။ တဖက် 4-4 ဂိုးစီဖြင့် သရေကျခဲ့၏။ ဂိုးအများဆုံး သွင်းကြသည့် ပွဲဟု ပြောလို့ရမယ် ထင်။ ဂိုးအပြတ်ဆုံး ပွဲကတော့ ရှက်ဖီးယူနိုက်တက်နှင့် အက်စတုန်ဗီလာတို့၏ ပွဲစဉ် ဖြစ်၏။ 0-5 ဂိုးဖြင့် အက်စတုန်ဗီလာတို့ အနိုင်ရသွားခဲ့၏။ မနေ့က ပွဲတွေအကုန်လုံး ဂိုးသွင်းကြ၏။ ဂိုးလည်း များ၏။ ဒီနေ့မှာတော့ EPL ပွဲစဉ် 4 ပွဲ ဆက်လက် ကစားကြမည် ဖြစ်၏။ အသည်းကျော် ယူနိုက်တက်၏ ပွဲစဉ်လည်း ရှိ၏။ ထိုထက် ပိုပြီး အာဆင်နယ်နှင့် လီပါပူးတို့၏ ပွဲစဉ်လည်း ရှိနေ၏။ မန်ယူကတော့ ဝက်စ်ဟမ်းနှင့် အိမ်ကွင်းမှာ ကစားကြမည် ဖြစ်၏။ အာဆင်နယ်နှင့် လီပါပူး ပွဲကတော့ ဒီတပတ်၏ အကောင်းဆုံးပွဲဟု ဆိုရပေလိမ့်မည်။ ချန်ပီယံ ဖြစ်ဖို့ ပိုသေချာစေရန် လီပါပူးတို့ အနိုင်ကန်ဖို့ ကြိုးစားကြပေလိမ့်မည်။ အာဆင်နယ်ကလည်း အမှတ်ကွာဟချက် နည်းအောင် ကြိုးစားမည်မှာ အသေအချာပင်။ ကဲ Super Sunday ပွဲစဉ်တွေ နှင့်အတူ အပန်းဖြေ နိုင်ကြပါစေ။ 
👍 naythan, loamyanmar, lolz.nxg, stdd.neoxag, lwanwai, suhlaing, sawlwin, aggamun, htwegyi, airhawk-project, waivio.curator, fantasycrypto, danokoroafor, carlos13, simba, marivic10, predict-crypto, steemegg, adamthedude, jmsansan, allentaylor, quduus1, elopinky, makrotheblack, kdee916, cool08, jjerryhan, topworlds, tomlee, treasuree, joshglen, psygambler, dashfit, irisworld, hardaeborla, mercysugar, yahuzah, slon1980, rencongland, burlarj, peterpanpan, princekham, randomblock1, enm1, psyo, ezuntimmy, colmedwardsphoto, bartosz546, sunshine, trisolaran, arunbiju969, counterterrorism, b0s, udezee, happydolphin, eprolific, kork75, kayntan, atheistrepublic, ilovegames, oredebby, ace108, yestermorrow, leslierevales, nascimentoab, blackmagic, ninyea, xanderslee, femseen, fabrik, eternalsuccess, red-rose, jutech, walarhein, golden.future, kaunglay2, tookta, hiq.hive, hiq.redaktion, hiq.smartbot, quekery, smooms, pundito, mary-me, ynwa.andree, hiq, carmate, damus-nostra, hiq.magazine, hiq.shares, hiq.witness, craftink, myancrypto, r0nny, lu1sa, zanphoneaung, eieikhing,