The Way
hive-122133·@donjaun·
0.000 HBDThe Way
 လမ်းပြပေးသူ ကိုယ်တိုင် လမ်းပျောက်တာမျိုး ကြုံဖူးလား။ သူများကို ဘာလုပ် ညာလုပ် ဆိုပြီး အကြံဉာဏ်၊ အလင်း ဖွင့်ပေးသူက ကိုယ်တိုင် မှောင်ထဲ မဲထဲ ရောက်နေတာမျိုးကော ဖြစ်ဖူးလား။ ခု ကျနော် အဲ့လို ခံစားနေရ၏။ တချိန်က ဆရာတယောက် အဖြစ် ကလေးတွေကို လမ်းမှန်တည့် အသိပညာ ဉာဏ်အလင်း ဖွင့်ပေးနိုင်ခဲ့သူ ဖြစ်ပေမယ့် ယခုအခါမှာ လမ်းပျောက်သူ တယောက် ဖြစ်လို့နေ၏။ ကျနော် ဝေလေလေ ယောင်လည်လည် ဖြစ်နေခဲ့တာ ကြာခဲ့ပြီ။ သက်လတ်ပိုင်း လူတယောက် ခံစားရလေ့ ရှိသည့် ဖြစ်ရိုး ဖြစ်စဉ် ကိစ္စလေလားတော့ ကျနော်လည်း မပြောတတ်ပေ။ မေးမြန်းကြည့်ရအောင်ကလည်း ကျနော့် သူငယ်ချင်းတွေထဲ ကျနော်က အသက်ကြီးဆုံးကိုး။ အလုပ် လက်မဲ့ ဖြစ်နေတာကြောင့်လည်း ပါမည်။ အလုပ် ရှိနေရင်တော့ တောင်တောင်အီအီ အတွေးတွေ ခုလိုမျိုး တွေးဖြစ်မယ်လို့တော့ မထင်ပေ။ အကယ်လို့ တွေးမိရင်လည်း ခဏလောက်ပေါ့၊ ခုလိုကြီး အခန်းဆက် တွေးဖြစ်၊ တွေးနေမိမှာတော့ မဟုတ်ပေ။ ကျနော် လမ်းပျောက်နေ၏။ ဘာလုပ်ရမယ်မှန်း မသိ ဖြစ်နေ၏။ တကယ်တော့ ဒီအသက်အရွယ်မှာ အခြေတကျ ဖြစ်သင့်နေပြီ။ အလုပ်တခုခု တည်တည်တံ့တံ့လေး ရှိနေရမည် ဖြစ်၏။ ကျနော့် အရှိန်တွေက ဘယ်အချိန်က တန့်သွားလဲ ဆိုတော့ COVID 19 ကာလ ကတည်းကလို့ ဆိုရပေလိမ့်မည်။ ပြီး ငစစ် ကပါ ထပ်နှိပ်စက်လိုက်တော့ လုပ်လက်စ မပြောနဲ့ လုပ်ချင်စိတ်တွေပါ အကုန် ရပ်သွားခဲ့၏။  အမှန်တော့ ဘယ်သူ မပြု မိမိ မှု မလား။ တပါးသူ၊ တခြားသော အကြောင်းအရာတွေကို လွှဲချတာထက် ကိုယ်နဲ့သာ ဆိုင်သည် မလား။ ငဗစ် ကာလမှာ တချို့က သင်ကြေးရေး ပုံစံ ချိန်းကြ၏။ မည်မျှ ခက်ခဲစေကာမူ အဆင်ပြေနိုင်သည့် နည်းလမ်း ရှိသည် မဟုတ်လား။ နည်းပညာနဲ့ မစိမ်းသူတွေက Online learning ကို စတင်ကြ၏။ အစပိုင်းမှာ ခက်ခဲပေမယ့် နောက်ပိုင်းတော့ အဆင်ပြေသွားကြ၏။ နည်းပညာနဲ့ ဝေးသူတွေထဲမှာ တချို့ကတော့ ကြိုးစားကြည့်ကြပေမယ့် တချို့ကတော့ မစမ်းကြည့်ကြပေ။ အချိန် စောင့်ကြသည်ပေါ့။ ဒီနေရာမှာ နည်းပညာနဲ့ မစိမ်းသည့် ကျနော်က အဆိုပါ online learning ဘက်ကို မကူးပြောင်း ဖြစ်ခဲ့ပေ။ ငစစ်လည်း ထပ်လာလိုက်ရော offline သင်ကြားရေးပါ ရပ်သွားခဲ့၏။ စာသင်သည့် အလုပ်ကို ကျနော် တကယ်ကြိုက်၏။ ကလေးတွေနဲ့ ပြောဆို သင်ကြားရသည်ကို ကျနော် ခုံမင် နှစ်သက်၏။ နို့ ဒါဖြင့် ဘာလို့ ရပ်လိုက်လဲဆို ခုကာလကြီးကြောင့်ဟုပဲ ဆိုရပေလိမ့်မည်။ တခါတလေကျ ပြန်တော့ ကျနော့် အတွေးတွေများ မှားနေလားပေါ့။ သို့ပေမယ့် ကျောင်း ဆက်မတက်တော့ဘဲ တခြား အဆင်ပြေရာ တခုခု လုပ်နေကြသည့် တပည့်လေးတွေကို မြင်တော့ ကိုယ့်ကိုလည်း မလုံပြန်ပေ။ ဒါတောင် ကျနော်က ပြင်ပ ဆရာ ဖြစ်၏။ ဒီအတိုင်းကြီး နေတာထက် တခုခုတော့ လုပ်မှ ရမည်။ ကြာရင် ကျနော် ထုံထိုင်း လေးလံ သွားလိမ့်မည်။ ခု လုပ်ဖြစ်နေတာဆိုလို့ Hive မှာ ပိုစ့် တင်ဖြစ်နေတာလေးပဲ ရှိ၏။ ကျနော့်ကိုယ် ကျနော် ပြန်ရှာဖို့ အရေးတကြီး လိုအပ်နေခဲ့ပြီ။
👍 loamyanmar, hive.pizza, muntaharaceh, princekham, grocko, fireguardian, ravenmus1c, veryanprime, hivetrending, rondonshneezy, dadspardan, huzzah, cooperclub, pizzabot, dajokawild, rayius, jam728, onewolfe, banzafahra, h3m4n7, spiritverve, lothbrox, studio3141, prosocialise, dutchchemist, gmzorn, thoth442, mita3, sbi8, bambukah, sbi-tokens, sneakyninja, thedailysneak, slothlydoesit, popsfishing, slothburn, slothbuzz, magic.list, htwegyi, ansoe, walarhein, hug.bot, golden.future, chanmin, nyxlabs, uthantzin, airhawk-project, kilvnrex, randomblock1, dashfit, makrotheblack, ambmicheal, bartosz546, kdee916, antonioeviesart, mulik369, osirislevi, simba, joshglen, pearlumie, burlarj, winsportsbet, ezunjoshy, riottales, predict-crypto, rashid5, jilt, stephyymullen, vickyanne, adaezeinchrist, justfavour, yahuzah, gunthertopp, realkiki85, jenniferjulius, steemegg, hungryanu, tomlee, ezuntimmy, beta500, rencongland, treasuree, kryptofire, quduus1, egbre, tmicezack, sunshine, sam99, azmielbanjary, kamalkhann, trisolaran, jackramsey, spiritking, travelnepal, more4less, stevenson7, sperosamuel15, onestrong, oilprinzz, genepoolrentsclr, nooblogger, sames, battebilly, topchuqs, communitybank, kathryn95, montanacellist, mastersa, starbooks, swirly, tajimkhan, barbyjr, dhedge, bai123, iumac03, perinator, moretea, urchice, tomatom, kevin1273, jigstrike, tezzmax, marvel1206, ataliba, ihal0001, ilovegames, friesennerz, jacksondavies, yestermorrow, vonzeppelin, lettinggotech, thomaskatan, realblockchain, nascimentoab, tochprince, akumar, parth7878, xanderslee, sunshinebear, eternalsuccess, tookta,