ကျနော်နှင့် အားကစား (Final Chapter)
myanmar·@donjaun·
0.000 HBDကျနော်နှင့် အားကစား (Final Chapter)
 အပတ်တိုင်း ပုံမှန် ဘောလုံး ကန်ဖြစ်သည် ဆိုပေမယ့် လူက အရင်တုန်းကလောက် သိပ် အမော မခံနိုင်တော့ပေ။ တိုက်ကွမ်ဒို ဆော့ကစားတုန်းကလိုမျိုး အင်တိုက်အားတိုက် မကစားနိုင်တော့ပေ။ ယခုနေ ဘောလုံးအစား တိုက်ကွမ်ဒို ပြန်ဆော့လျှင်လည်း ထိုသို့ ဖြစ်နေမှာ အမှန်ပင်။ အသက်ရလာလို့ ဆိုသည့် အကြောင်းပြချက် ကျနော် မပေးလိုပေ။ အမှန်တကယ် အဓိက အကြောင်းအရင်းမှာ ကိုယ်လက် လှုပ်ရှား မလုပ်ဖြစ်တော့ခြင်းက စ၏။ ပြည်နယ် လက်ရွေးစဉ် အဖြစ်ကနေ အနားယူလိုက်ပြီး နောက်ပိုင်းမှာ မည်သည့် အားကစာမှ မလုပ်ဖြစ်တော့ပေ။ အရိုးသားဆုံး ၀န်ခံရလျှင် အားကစား မပြောနှင့် လမ်းလျှောက်ခြင်းမျိုး ဖြစ်သည့် အသေးစား ကိုယ်လက် လေ့ကျင့်ခန်းလေးတောင် ပုံမှန် မလုပ်ဖြစ်ပေ။ အဆင်ပြောသလို၊ သက်သာသလို နေထိုင်ဖြစ်ခဲ့၏။ စားလိုက် သောက်လိုက်၊ သွားလိုက် လာလိုက်နှင့် သာသာယာယာလေး နေထိုင်ခဲ့၏။ ယခင် ချပ်ယပ်နေသော (6 parks) ရှိသော ဗိုက်သည် ယခု (1 park) ဗိုက်ပူလေး ဖြစ်ချင်လာနေပြီ ဖြစ်၏။ ကိုယ်လက် လှုပ်ရှား မရှိရသည့် အထဲ အအိပ်အစားကလည်း မမှန်ပေ။ မိမိကြိုက်နှစ်သက်သည့် စားစရာက Weight တက် စေသည် ဆိုလျှင်လည်း ထိုစားစရာကို ပြင်ဆင်၊ ရှောင်ကြဉ်ခြင်း မပြုသည့်အပြင် ပိုပြီးတော့ကို စားဖြစ်နေသေး၏။ လူ့စိတ်၊ လူ့သဘောကလည်း ခက်လှ၏။ မတည့်လေလေ ပိုစားချင်လေလေ မဟုတ်လား။ တခုရှိသည့်က ကျနော် ခန္ဓာကိုယ်ကို မတရားကြီး smart ကျနေရန် မမျှော်လင့်ပေ။ ထို့ပြင် ထိုကဲ့သို့ကြီး smart ကနေဖို့လည်း မလိုချင်၊ မလုပ်ချင်ပေ။ သာမန်လောက် ဖြစ်ပြီး အနည်းငယ် ကြည့်ကောင်းလျှင် ကျနော့်အတွက် လုံလောက်ပြီ ဖြစ်၏။ မတရား ပိန်နေတာမျိုး၊ ပုံပျက်ပန်းပျက်ကြီး ၀နေတာမျိုး မဟုတ်လျှင် ရပြီ။  _photo from Facebook_ တနေ့တခြားနှင့် တဖြည်းဖြည်းပြည့်လာသော ကိုယ့်ဗိုက်လေးကို ရေချိုးတိုင်း ကြည့်မိ၏။ ကြည့်မိတိုင်းလည်း ငါ weight ချမှ ဖြစ်မယ် ဆိုပြီး တွေးမိလေ့ ရှိ၏။ ခက်နေသည်က ထိုအတွေးသည် ရေချိုး၊ အ၀တ် ပြန်ဝတ်လိုက်ပြီးချိန်မှာ ပြန်ပြန်ပြီး ပျောက်ကွယ်သွားသောကြောင့် ဖြစ်၏။ ထို့ပြင် လုပ်သင့်သည့် လေ့ကျင့်ခန်းများ လုပ်ဖို့ကြပြန်တော့လည်း နေ့ရွှေ့ ညရွှေ့နှင့် ဖြစ်နေပြန်၏။ ဒီကြားထဲ မအားတာ၊ အလုပ်ရှုပ်နေတာတွေ စသည့် အကြောင်းပြချက်တွေကလည်း ပါနေသေး၏။ ဒီအတိုင်း ဆက်သွားနေလျှင် ကျနော် ဒီထက် ၀လာဖို့သာ ရှိတော့၏။ မဖြစ်မနေ အားကစား တခုခုတော့ လုပ်မှ ဖြစ်မည်။ သို့နှင့် Fustal သွားသွား ကန်နေခြင်း ဖြစ်၏။ တိုက်ကွမ်ဒို လည်း ပြန်ကစားဖို့ တွေးထား၏။ လောလောဆယ် အခြေအနေက တွေးထားသည်လို့သာ ဆိုလို့ ရ၏။ ညနေတိုင်း အချိန်ပေးဖို့က သိပ်မလွယ်လှပေ။ ကျနော်၏ အတန်းချိန်များက ညနေဖက်တွင် ပိုများ၏။ တိုက်ကွမ်ဒိုက နေ့တိုင်း မဟုတ်တောင် တပတ်ကို (၅) ရက်လောက် ကစားနိုင်မှ အဆင်ပြေ၏။ ထို့ကြောင့် လောလောဆယ်မှာတော့ တပတ် (၂) ရက် သို့မဟုတ် (၃) ရက်လောက်သာ ကစားလည်း ရသော Fustal အားကစားကို အာသာပြေ ကစားနေရခြင်း ဖြစ်၏။ အမှန်တော့ အာသာပြေ မဟုတ်ပေ။ တိုက်ကွမ်ဒို အားကစားနည်းကို နှစ်သက်သလို Fustal အားကစားနည်းကိုလည်း ကျနော် နှစ်သက်၏။ လာမည့်နှစ်တွင်တာ့ Fustal အပြင် တိုက်ကွမ်ဒိုလည်း ပြန်ကစား ဖြစ်နိုင်အောင် ကြိုးစားကြည့် ရပေဦးမည်။ နောက်ထပ် မည်သည့် အားကစားနည်းများကို ထပ်ကစား ဖြစ်ဦးမလဲတော့ ယခုအချိန်မှာ အတိအကျ မပြောနိုင်သေးပေ။ သေချာတာတော့ ယခုချိန်မှ စပြီး အားကစား တခုခုတော့ ပုံမှန်လေး လုပ်မည်ဟု ဆုံးဖြတ်ထား၏။ ခုတော့ Fustal သွားကန် လိုက်ပါဦးမည်။ # **Don Jaun** **MSC 31**
👍 donjaun, ctime, shwemon, myintlwinsoe, nyinyiwin, thetroublenotes, tinhlaingoo, honeysara, lwanwai, suhlaing, sawlwin, billionairehein, aunggyi100, golden-dream-mm, gunapeya, hein.khant, zayam, zarzar1989, khatwai, thanlwin, mahaw, domelay, asterkame, camelot, curie, liberosist, misha, locikll, jesusj1, wstanley226, vact, anwenbaumeister, hendrikdegrote, aboutyourbiz, cryptokrieg, skycae, chimtivers96, sissyjill, morbyjohn, ninjace, dashfit, vadimlasca, zipporah, recordpool, nitego, operahoser, niouton, clweeks, emdesan, itchyfeetdonica, hiddenblade, raymondspeaks, moksamol, thatsweeneyguy, jayna, stahlberg, hansmast, didic, neumannsalva, charlie777pt, drmake, mangoish, positiveninja, avizor, call-me-howie, diana.catherine, metama, clement.poiret, javier.dejuan, gabrielatravels, ilovecryptopl, lola-carola, psygambler, gmedley, slickhustler007, zlatkamrs, wanasoloben, hkmoon, reizak, thabiggdogg, lianaakobian, hawaj, annaabi, trang, improv, jlsplatts, kenadis, maticpecovnik, ivansnz, altobot, bflanagin, eu-id, hairgistix, finanzamt, followmikecee, extropia, bot-o-belli, nilus, cvltrvm, sozialbank, altofit, peaceandwar, thescubageek, wackou, drifter1, mammasitta, coquiunlimited, vegan.niinja, jiujitsu, yestermorrow, michelios, massivevibration, benleemusic, eric-boucher, yomismosoy, kafupraise, abraham10, faithfullwills, lk666, xanderslee, nwjordan, ivan-g, golbang, oghie, woolnami, silkroadgo, woolnyeo,