Wifi ups (Chapter 2)

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@donjaun·
0.000 HBD
Wifi ups (Chapter 2)
![](https://images.ecency.com/DQmQdpsfGFFWVBEKfbXNaDRaoDdax5DT7ZDiNET3Ud7areP/fb_img_1638790212152.jpg)


Mobile data စျေးတွေကသာ ကြီးနေတာ ပြန်ရသည့် MB ကတော့ နည်းလှ၏။ ဒါကလည်း ကြင်စိုး လက်ထက်မှာ စခြင်း ဖြစ်၏။ ယခင်က ၁၀၀၀ ကျပ်ဆို 1 GB လောက် ရပေမယ့် ခုက ၁၀၀၀ ကျပ်ဆို 500 MB တောင် မပြည့်ပေ။ မီးပျက်ချိန်၊ wifi ကို power bank နဲ့ မချိတ်ထားချိန်မျိုးဆို mobile data ကို မဖွင့်ရဲပေ။ ဖွင့်လိုက်တာနဲ့ ရှိသည့် data လေး နည်းနည်းက တခါတည်းကို ခုန်ဆင်းသွားလေ့ ရှိ၏။ ဒါတောင် Hive မှာ ပိုစ့်တင်ဖို့နဲ့ freebit လေး claim ဖို့ လိုချိန်လောက်လေးကိုသာ ဖွင့်ခြင်း ဖြစ်၏။

ယခင်က တလလုံးနေမှ mobile data 1G (၁၀၀၀ ဖိုး) လောက်သာ ဝယ်ဖြစ်၏။ ဒါတောင် မကုန် ပိုသေး၏။ Wifi ပဲ အဓိက ထားသုံးသည်ကို။ Mobile data က အပြင်သွားသည့် အခါမျိုး၊ အိမ်မှာ မီးခဏ ပျက်သွားသည့် အခါမျိုးတွေမှာ သုံးဖြစ်၏။ Mobile data နဲ့က ကြီးကြီး မားမား မသုံးပေ။ ခုလိုချိန်မျိုးဆို ပိုလို့တောင် မသုံးဖြစ်သေးပေ။ အဓိကက မသုံးရဲတာ။ ထို့ကြောင့် power bank နဲ့ wifi စက်ကို ချိတ်သုံးရခြင်း ဖြစ်၏။

wifi က အိမ်ပေါ်မှာ ကျနော်က အိမ်အောက်မှာ အိပ်တာ ဆိုတော့ ညဖက်တွေ မီးပျက်ချိန်၊ မီးလာချိန် power bank အလဲအလှယ် အပြောင်း လုပ်ရသည့်ကိစ္စကို အမကပဲ ဒိုင်ခံ လုပ်၏။ တခါတလေ မီးလာပေမယ့် အမက မေ့ပြီး power bank မဖြုတ်မိတာမျိုးလည်း ရှိ၏။ တခါတလေကျ အိပ်ပျော်သွားတဲ့ အခါမျိုးလည်း ရှိပြန်သေး၏။ သတိ လှမ်းပေးရင်ပေး၊ ဒါပေမယ့် အမေ တရေးနိုးချိန် ဆိုရင်တော့ ကျနော်ပဲ တက်သွားပြီး ဖြုတ်ပေး၊ ချိန်းပေးရလေ့ ရှိ၏။

ကလေးတွေ online စာသင်ချိန်မျိုးမှာလည်း မီးပျက်ရင် power bank နဲ့ ပြောင်းချိတ်ရပြန်၏။ မီးလာရင် ပြန်ဖြုတ်ပြီး power bank ကို အားသွင်းပေါ့။ 

တချို့ညတွေမှာ မီးက ည ၁၂ နာရီ၊ မနက် ၁ နာရီ၊ ၂ နာရီလောက် မှ ပျက်တတ် ပြန်သေး၏။ အဲ့အချိန်ဆို အမကလည်း အိပ်ပြီ power bank လည်း မချိတ်တော့ပေ။ တခြားညတွေဆို ကိစ္စ မရှိပေမယ့် ဘောလုံးပွဲ ရှိသည့် ညတွေဆို သွားရော။ ည ၁၁ နာရီ၊ ၁၂ နာရီ ပွဲတွေရှိက ကြည့်နေရင်း မီးက ထပျက်သွားတော့ ကိုယ့်မှာ ကြည့်လက်စကြီးနဲ့ရယ်။ ဆက်ကြည့်ချင်တာနဲ့ mobile data နဲ့ပဲ ကြည့်ထည့်ပစ်တာ ၂၀၀၀ လောက် ကုန်သွား၏။ ဒါပေမယ့် ထို ၂၀၀၀ ဖိုး data က ဒုတိယပိုင်းလေးတောင် မပြီးလိုက်ပေ။

ကလေးတွေ စာသင်ရတာလည်း အဆင်ပြေ၊ အမလည်း ညရေး ညတာ power bank ဖြုတ်ရ တပ်ရခြင်း မလုပ်ရတော့ဘဲ၊ ကျနော်လည်း ဘောလုံးပွဲ ရှိသည့်ရက်တွေမှာ အဆင်ပြေအောင် wifi ups ဝယ်လိုက်၏။ ဖြုတ်စရာ တပ်စရာ မလိုတော့ပေ။ နားကို အေးလို့ပေါ့။ ဒါမှန်းသိရင် စောစော ကတည်းက ဝယ်ပါတယ် လေ။

_ဆက်ရန်_


![](https://images.ecency.com/DQmW9jZPxekYJpZf1UwGzd8LoZwHrLuujo2pz7WbyZRh953/img_0.7965820915072036.jpg)
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,