မိမိကိုယ်သာမိမိပြိုင်ဆိုင်ပါ(၂)
myanmar·@eieikhing·
0.000 HBDမိမိကိုယ်သာမိမိပြိုင်ဆိုင်ပါ(၂)
ဘဝတကွေ့ဝယ်ကုသိုလ်၊အကုသိုလ်အကြောင်းကြောင့်ယခုဘဝ၌ရရှိလာသောပုထုဇဉ်စာရေးသူတို့သည်အကုသိုလ်၁၂ပါးနှင့်လူတိုင်းကင်းလွတ်နိုင်ကြသည်မဟုတ်ပါချေ။သို့သော်လည်းအပယ်ကျစေလောက်သည့် အကုသိုလ်တရားများကိုတော့ပယ်ရှား၍နေရပေမည်။ပုထုဇဉ်လူသားများအဖို့လောဘ၊ဒေါသ၊မောဟတရားများ သည်နေ့စဉ်နှင့်အမျှလုပ်မိကြသည်ချည်းပင်ဖြစ်သည်။ ၎င်းလောဘ၊ဒေါသ၊မောဟတရားများနှင့်အတူမနာလိုမှူ ဣသာမစ္ဆရိယစသည့်စေတသိတ်တရားများသည်လည်း ကပ်ငြှိပါလာစမြဲပင်ဖြစ်သည်။ သို့သော်လည်းလွန်ကဲသည့်မတော်လောဘ၊လွန်ကဲသည့်ဒေါသ၊လွန်ကဲသည့်မောဟမဖြစ်စေရန်မိမိကိုယ်မိမိထိန်းသိမ်းသင့်လှပေသည်။ထို့အတူ၎င်းတို့နှင့်ကပ်ပါလာသော စေတသိတ်တရားများကိုလည်းမလွန်ကဲစေ ရန်ထိန်းသိမ်းရပေမည်။ သာမာန်လူသားပုထုဇဉ်များအဖို့ဒေါသထွက်စရာတွေ့ ကြုံလာလျှင်ဒေါသထွက်မည်သာဖြစ်သည်။သို့သော်လည်းမိမိ၏ဒေါသအားပြင်းပြင်းထန်ထန်ပေါက်ကွဲမှူ မဖြစ်စေရန်ထိန်းသိမ်းရပေမည်။လူဆိုသည်မှာမခံချင်စိတ်ရှိကြသည်ချည်းပင်ဖြစ်သည်။၎င်းမခံချင်စိတ်အား မှန်ကန်စွာအသုံးချတတ်လျှင်မိမိဘဝတိုးတက်မှူအတွက် တက်လှမ်းရမည့်လှေကားထစ်များသာဖြစ်ပေသည်။ ထို့ကြောင့်မိမိသည်မိမိအားကဲ့ရဲ့အပြစ်တင်ဝေဖန်ရှူံ့ ချသူများကြောင့်ဖြစ်လာသောမခံချင်စိတ်အား တွန်းအားတခုအဖြစ်အသုံးချကာမိမိ၏ကြိုးစားမှူနှူန်းအားမြှင့် တင်သင့်လှပေသည်။ မည်မျှပင်မိမိ၏ကံအခွင့်အလမ်းနည်း၍နိမ့်ကျစေကာမူ ပြင်းထန်သောလုံ့လဝီရိယသည်၎င်းတို့အားအနိုင်ယူတွန်းလှန်သွားနိုင်ပါသည်။ထို့ကြောင့်မနေ့ကမိမိနှင့် ဒီနေ့မိမိပြိုင်ဆိုင်ရာ၌ဝီရိယကိုပို၍ပို၍တိုးသွားသင့်သည်။ မိမိ၏အလုပ်တိုင်း၌မိုင်အပိုသွားခြင်းရှိသင့်သည်ဟုထင်မြင်မိသည်။မိမိ၏အလုပ်တိုင်းအားမိမိသတ်မှတ်ထား သည်ထက် ပို၍လုပ်ဆောင်သင့်သည်။ပို၍ကောင်းသထက်ကောင်းအောင်လည်းလုပ်ဆောင်သင့်လှပေ သည်။ စာရေးသူ၏စာသင်ကြားခြင်းအလုပ်နှင့်ပတ်သတ်၍ ဥပမာထား၍ပြောပြချင်ပါသည်။စာရေးသူEnglish စာသင်ကြားရာ၌ကျောင်းသင်ခန်းစာများသာမက စာရေးသူဝယ်ယူထားသောCambridge Universityထုတ်စာအုပ်များ၊downloadဆွဲ ထားသောစာအုပ်များမှကောင်းနိုးရာရာများကိုထုတ်နုတ်၍အချိန်ရလျှင်ရသလိုပို၍သင်ကြားပေးလေ့ရှိပါသည်။ ထို့အတူသင်ခန်းစာများနှင့်ပတ်သတ်သည့်အထောက် အကူစာအုပ်များကိုနှမြောတွန့်တိုခြင်းမရှိစာရေးသူပိုက်ဆံဖြင့်ဝယ်၍စာအုပ်အလှူ ပြုလုပ်ပြီးသင်ကြားပေးပါ သည်။စာရေးသူသည်မိမိ၏အလုပ်အားကောင်းသ ထက်ကောင်းအောင်လုပ်ဆောင်ခြင်းဖြင့်မိမိကိုယ်မိမိပြိုင်ဆိုင်နေခြင်းပင်ဖြစ်ပါသည်။ မိမိအားမိမိ၏အလုပ်နယ်ပယ်မှကျူ ရှင်ဆရာမအချင်းချင်း ပြိုင်ဆိုင်ခြင်းတိုက်ခိုက်ခြင်းများအားလည်းမကြာခဏဆို သလိုပင်တွေ့ကြုံရလေ့ရှိပါသည်။မကြာခဏဆိုသလိုထို ဆရာမများသည်သူတို့စာသင်ဝိုင်းအရေအတွက်မည်မျှရ ပြီဖြစ်ကြောင်း၊တစ်လဝင်ငွေဘယ်လောက်ရနေပြီ ဖြစ်ကြောင်း၊သူတို့၏အသင်အပြကောင်းလွန်း၍လု၍ပင် သူတို့အားခေါ်နေကြောင်းစာရေးသူနှင့်ယှဉ်၍စာရေးသူ အားလာပြောလေ့ရှိကြပါသည်။ သို့သော်လည်းစာရေးသူသည်မိမိ၏စိတ်ထဲ၌ဣသာမစ္ဆိ ယစိတ်စိုးစဉ်းမှမရှိခဲ့ပေ။"သူတို့၏ကြိုးစားမှူနှင့်ထိုက်တန်သည့်ရလာဒ်ကိုသူတို့ခံစားရပေသည်"ဟုပင်မုဒိသာပွား ၍ဝမ်းသာပီတိပင်ဖြစ်မိခဲ့လေသည်။စာရေးသူ၏စာသင် ကြားမှူအမှူအားပို၍ပင်ကောင်းမွန်အောင်ကြိုးစားမိလေ သည်။ မိမိသည်သူတပါးအကြောင်းထက်မိမိ၏အကြောင်းအား မိမိပို၍ပို၍သိစေရန်ကြိုးစားသင့်သည်ဟုစာရေးသူထင်မြင်မိသည်။တခြားသူများ၏အကြောင်းအရာများအားစပ်စုနေမည့်အစားမိမိ၏တိုးတက်မှူ၊မိမိ၏အားနည်းချက်၊ပြင်ဆင်သင့်သည့်အရာများ၊မိမိ၏ကျန်းမာရေး၊စိတ်ခံစားချက် စသည်တို့အားပိုပို၍သိလာစေရန်ကြိုးစားသင့်လှပေ သည်။  Credited image from https://pixabay.com/en/raise-challenge-landscape-mountain-3338589/ မိမိ၏အားနည်းချက်၊အားသာချက်၊မိမိ၏လိုအပ်ချက်စသည်တို့အားစဉ်ဆက်မပြတ်မိမိကိုယမိမိခွဲခြမ်းစိတ်ဖြာ ဆန်းစစ်နေရန်လိုအပ်လှပေသည်။သို့မှသာယနေ့ မိမိသည်မနေ့ကမိမိထက်ပို၍သာလွန်လာပေလိမ့်မည်။ထို့သို့မိမိအကြောင်းကိုသာမိမိစဉ်ဆက်မပြတ်သုံး သပ်နေခြင်းဖြင့်တခြားသူများအပေါ်စိတ်ဝင်စားမှူလျော့ နည်းသဖြင့်ဣသာမစ္ဆိယစိတ်များလည်းနည်းပါးသင့် သလောက်နည်းပါးလာလိမ့်မည်ဟုစာရေးသူထင်မြင်မိ ပါသည်။ မိမိ၏အလုပ်နယ်ပယ်၌တိုးတက်မြင့်မားလိုလျှင်ထိုနယ်ပယ်၏နည်းစနစ်များအားခေတ်နှင့်အမီလိုက်နိုင်ရန်အမြဲ မပြတ်ဆည်းပူးလေ့လာနေသင့်ပါသည်။မိမိ၏ဝီရိယအား ရာခိုင်နှူန်းအပြည့်ဖြင့်လုပ်ဆောင်နေရန်လိုအပ်လှပေ သည်။ ထို့ကြောင့်မိမိ၏နယ်ပယ်အသီးသီး၌တိုးတက်အောင် မြင်လိုသူတိုင်းသည်မိမိအကြောင်းအားမိမိသိစေရန် အမြဲသတိပြုနေပြီးဝီရိယအပြည့်ဖြင့်အားထုတ်ကြိုးပမ်း ခြင်းဖြင့်မိမိကိုယ်မိမိပြိုင်ဆိုင်သင့်ပါကြောင်းပြောရင်းနိဂုံး ချုပ်လိုက်ရပါတော့သည်။ အိအိခိုင်ရေးသားသည်။ MSC No 173.
👍 eieikhing, toninoti, zawmyo, zarmanizawlinn, minhtet, panpan24, domelay, myothuzar, leeshang, lwanwai, kyawhlaing, minsoenaing, myintlwinsoe, tincho, soeyan, aunggyi100, sanaung53, mgtoetat, aungzawhtwe, zinminhtet, skylay, pyaesone101, sawmyat, jhonnight, suhlaing, camelot, curie, liberosist, meerkat, locikll, markangeltrueman, tantawi, aboutyourbiz, hendrikdegrote, slickhustler007, chimtivers96, sissyjill, morbyjohn, recordpool, anwenbaumeister, ninjace, dashfit, pacokam8, vadimlasca, bobdos, skycae, wanderingdanish, scorpil, chillingotter, kevinwong, sethroot, niouton, ghostgtr, ewuoso, misterakpan, clweeks, emdesan, sireh, mountainjewel, victorcovrig, engmi, steem.curator, boynashruddin, nalabra, kushed, pharesim, positiveninja, imamalkimas, authorcolinbmw, damdap, michelios, realblockchain, thinknzombie, massivevibration, onartbali, benleemusic, ntowl, eric-boucher, steemulator, torico, minnowsunite, coloringiship, bennettitalia, peaceandwar, shaff.aff, theunlimited, alinabarbu, minnowsupport, myanmarpyithar, tinhlaingoo, saipanpha,