မိန်းမသားမာန

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@eieikhing·
0.000 HBD
မိန်းမသားမာန
မိန်းမသားတစ်​​ယောက်​အတွက်​ မာနဟူသည်​ရှိသင့်​သည်​ဟု​ကြွေး​ကြော်​ခဲ့ကြသည်​။ထိုမာနသည်​ လူတစ်​ဦးတစ်​​ယောက်​နှင့်​​တွေ့ဆုံ​သောအခါ ဖ​ယောင်းသည်​ မီးနှင့်​​တွေ့​သောအခါ အရည်​​ပျော်​ကျသကဲ့သို့ တစက်​တစက်​ဖြင့်​အရည်​​ပျော်​ကြသွား​လေသည်​။
အချစ်​သည်​မိန်းက​လေးများအတွက်​မီးနှင့်​အလွန်​တူသည်​။ထိုမီးနှင့်​တူ​သောအချစ်​အား အလွန်​အကျွံ ခံစား
လျှင်​ ထိုမိန်းမ၏မာနသည်​ နူးညံ့​ပျော့​ပျောင်း​သောပန်းပွင့်​အသွင်​သို့​ပြောင်းလဲသွား​လေ​တော့သည်​။
အချစ်​သည်​မိန်းက​လေးများအလွန်​အကြူးမကိုးကွယ်​သင့်​​သောအရာဖြစ်​သည်​။ရှိသင့်​ရှိထိုက်​​သည့်​မိန်းမသား မာနသည်​မိန်းက​လေးများအတွက်​ ရှိရမည်​ဖြစ်​သည်​။
အချစ်​သည်​ဘဝအတွက်​တစိတ်​တပိုင်းသာဖြစ်​သည်​။နှလုံးသားဆန္ဒအတွက်​ မိမိမာနအား​လျော့ချလိုက်​သည့်​အခါ အနှီမိန်းမသည်​ အရာအရာတိုင်းအတွက်​သည်းခံ လိုက်​​လျော​ပေး​လေ​တော့သည်​။
ဥပမာအားဖြင့်​ဆိုရ​သော်​ မိန်းက​လေးတစ်​​ယောက်​သည်​ အိမ်​​ထောင်​ပြု​သောအခါ ထိုမိန်းက​လေးသည်​ လင်​​ယော က်ျား၏ စည်းကမ်းများ​အောက်​၌ပြားပြားဝပ်​​နေကြရပါ သည်​။မိ​န်းက​လေးတိုင်းအား အကျွနု​ပ်​မဆိုလိုပါ။တချို့​မိန်းက​လေးများသည်​ ပညာများစွာတတ်​၍မိမိ၏မိဘ၊ အသိုင်းအဝိုင်း​၊တိုင်းပြည်​အကျိုးထမ်းရွက်​သူများ ဖြစ်
ကြ​သော်​လည်း အိမ်​​ထောင်​ပြု​သောအခါ လင်​​ယောက်ျား၏ အမိန့်​​တော်​အတိုင်း မိန်းမသားမာနအားခဝါချ၍
မိမိပညာများအား အသုံးမချအိမ်​​ထောင့်​အကျိုး၊ လင့်​အကျိုးအတွက်​ ထမ်းရွက်​​နေသူများအား အကျွန်ုပ်​ပတ်​ဝန်းကျင်​တွင်​ ကြိမ်​ဖန်​များစွာ​တွေ့ ကြုံ​နေရပါသည်​။
ထိုသို့​သော မိန်းက​လေးများသည်​ မိမိတို့ခင်​ပွန်းသည်​ မလွန်​ဆန်​နိုင်​​သော အနိစ္စတရားနှင့်​​တွေ့ကြုံ​သောအခါ မုဆိုးမဘဝဖြင့်​​အရာရာကိုမလုပ်​တတ်​မကိုင်​တတ်​ဖြစ်​၍
ဒုက္ခအဖုံဖုံနှင့်​​တွေ့ကြုံ​နေရသည်​ကိုလည်း​တွေ့ကြုံ​နေရ ပါသည်​။
အချုပ်​အားဖြင့်​ဆို​သော်​စာ​ရေးသူအကျွန်ုပ်​သည်​ အပျို ကြီးပီပီသသဖြင့်​ အိမ်​​ထောင်​ရှင်​မိန်းမသားများအား ရှိသင့်​ရှိထိုက်​​သော မိန်းမသားမာနဖြင့်​ တိုင်းပြည်​အကျိုး၊ လူ့​လောကအကျိုး​ဆောင်​ရွက်​နိုင်​​သောသူများဖြစ်​​အောင်​ ကြိုးစားကြပါဟု တိုက်​တွန်းရင်းနိဂုံးချုပ်​ပါသည်​။

@eieikhing.
MSC No.173.









 ![image](https://img.esteem.ws/jcj4gip38t.jpg)

 Credited from google images.
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , ,