အမေ့ဓါတ်ပုံ part 2
myanmar·@evernew·
0.000 HBDအမေ့ဓါတ်ပုံ part 2
 အမေ့ဓါတ်ပုံ အပိုင်း ၂ ဧရာဝတီ၊ ဘီအိုစီ အလုပ်သမားတန်းလျား၊ ရေနံစင်နှင့် ပိုက်လိုင်းများ၊ ထနောင်းနှင့် တမာတန်းတွေအကြောင်း ပြော၍မဝနိုင်။ တစ်နှစ်မှတစ်ခါ၊ နှစ်နှစ်မှတစ်ခါ ကျဲကျဲပါးပါး ရောက်ဖြစ်သော သည်နေရာကို မြင်းလှည်းဖြင့် ဖြတ်သန်းရတိုင်း အမေ့ကို သတိရပါသည်။ အမေ့ကို သတိရတိုင်း အမေပြခဲ့ဖူးသော ဓာတ်ပုံများကိုလည်း သတိရပါသည်။ အထူးသဖြင့်မူ…အမေ့အကြောင်းက သိပ်များများစားစား (ထူးထူးခြားခြား) ပြောစရာ မရှိလှပါ။ အမေသည် သာမန်ဆင်းရဲသော မိသားစုတစ်ခုထဲမှ မွေးဖွားလာသူသာ ဖြစ်သည်။ အဲ့နေသည် သစ်တောအုပ်ထဲက သာမန် သစ်ရွက်တစ်ရွက်သာ ဖြစ်ပါသည်။ သစ်ရွက်တစ်ရွက်ဆိုပေမယ့် အညာနွေထဲမှာ ရဲရဲပီပီရှိတတ်သော ‘ထနောင်းရွက်’ ကလေးနှင့် နှိုင်းရမည်ထင်သည်။ အမေ့ကို ညောင်လှမှာ မွေးသည်။ နောက်တော့ နှစ်ပေါင်းများစွာ ကြာသောအခါ အဖေ့အလုပ်ရှိရာ ရန်ကုန်ကို ပြောင်းလာရသည်။ အမေ့ဘဝခရီးက ဒါပဲဖြစ်သည်။ အမေသည် စကားသိပ်ပြောလှသူ မဟုတ်။ အဖေနှင့်ကမူ လုံးဝပြောင်းပြန် အချိုးကျသည်။ အမေ၏ ညိုညက်သော အသားအရေ၊ဝိုင်းစက်ပြူးကျယ်သော မျက်လုံးတစ်စုံ၊ သနားကြင်နာတတ်သော စိတ်ဓာတ်နှင့် မျက်ရည်လွယ်ခြင်းများကို အမေ့အမွေအဖြစ် ကျွန်တော် ရရှိပါသည်။ အပိုင်း ၃ ဆက်ရန်. . . @evernew photos credit by google
👍 evernew, waku, naingyan, patrickshar, khaylay, ayenanda, minhtet, minnowsupport, steemgigs, banjo, drotto, letwethondara, puffin, merosy, snailplant, pes7md, drguru, pporet, aki0007, emilevil, vgichar, tgc, johnfredy, matt01y, hamzateamsteem, th3voter, neversaynever, justinezee, ramsteem, neneandy, ahmedhani, mulletwang, kodex, haxmat, khatisam4, hotrix, thepsychguide, doinglean, linuslee0216, frogtron, shaffrimohd, aungminthet, nyein0012, zakir-steem, nyeinchan, yemon, yehtetaung, shwebote, aunglat, nyeichanaung, myanmarrose, phyo,