စည်းလုံးခြင်း နှင့်ရှေ့ဆက်ကြပါစို့
myanmar·@evernew·
0.000 HBDစည်းလုံးခြင်း နှင့်ရှေ့ဆက်ကြပါစို့
 ဘဝတစ်ကွေ့ ခနတွေ့ရတဲ့လူသားများ တစ်ဦးနှင့်တစ်ဦး အမုန်းမဖက် အပြုံးသက်သက်နှင့် တူညီလက်စွဲ ကြည်သာမြဲလျှက် ရှေ့သို့ဆက်. . . ဂုဏ်ပြိုင် မာနပြိုင်လျှက် ငါကအသာ သူကအနာ စသည်စိတ်ထား လျှော့ကာထားလို့ တစ်ဦးလည်းမူ တစ်ဦးထူ၍ ညီညာတက်လှမ်း အောင်မြင်မှုလမ်း တစ်ဦးမတတ် တစ်ဦးခက်လည်း တတ်သည့်ပညာ မနေသာလို့ တတ်သည့်လူက ကူညီဖေးမ ပညာခံယူ ထိုသူကားလည်း တတ်သည့်ခြေနေ ရပ်မနေပဲ တတ်လာသည့်လျှောက် ဂုဏ်မမောက်ဘဲ နှိမ်ချမာန ပညာသင်ဘဝ အထက်ရောက်နေ ထိုသူတွေလည်း မာနတရား မထားပါဘဲ မပြည့်သည့်အိုး ဘောင်ဘင်မတိုးအောင် လိုသည့်နေရာ ဖြည့်ကာပေးရင်း ပညာဂုဏ်မမောက် စေတနာတွေထောက်ရင်း ပရဟိတတရား ပီတိကိုစားလျှက် ရင်ဝယ်ပီတိ ပျော်ကာရှိသို့ အမုန်းမရှိ ပြုံးပန်းပီတိနှင့် အောင်မြင်မှုတွေ မျိုးဆွေတွေနှင့် ကမ္ဘာ့အလယ် အများမချယ်လှယ်အောင် စည်းလုံးခြင်းဖြင့် အောင်မြင်မှုသို့ ရှေ့ရှုကြပါစို့ . . . . .  MSC-116 author by @evernew photos credit by google
👍 evernew, phyo, khaylay, shwebote, waku, nainghtetlin, tunnaingwin, patrickshar, nyeichanaung, zawmyo, zayarch, aunglat, myothuzar, zinzin, ahkhayar, sengemily, myintoo, komgthet, kyawhlaing, botint, myanmarl, chitmgmg, sawmyattun, zinlinhtet, kyawkyawaung, aungthurain, ayenanda, yehtetaung, good-karma, mysteem, feruz, esteemapp, christoryan, darkflame, meysam, eisan, thetei,