ထဘီအောက်က "ဖား"🐸🐸🐸🐸🐸🐸
myanmar·@gelatofresco·
0.000 HBDထဘီအောက်က "ဖား"🐸🐸🐸🐸🐸🐸
အချိန်က နေ့ပူ ညချမ်း တပေါင်းလသရမ်း အချိန်အခါမှာပေါ့ ချိမ့်ချိမ့်သဲ စည်ကားလှတဲ့ ကိုသာဂွ နှင့် မတင်ဆန်း တို့ မင်္ဂလာပွဲလေး ကျင်းပပီးချိန် တစ်နေကုန်လာသမျှ ဆွေမျိုး မိတ်ဆွေ သိင်္ဂိဟ အပေါင်းဧည့်ခံနေရတော့ မောပန်းနွမ်းနယ် နေကြပါပီ ဒါကြောင့် ခနတာ ရေချိုးပီး ပန်ကာလေးဖွင့်မယ် လုပ်တော့ သိတဲ့အတိုင်းဘဲ မီးကပြတ်နေပြန်ပီလေ ဒါနဲ့ မထူးပါဘူးဆိုပီး နှစ်ယောက်သား ညနေခင်း လေညှင်းခံ ထွက်မယ်ဆိုပီး မြိုပြင်လယ်ကွင်းတွေရှိရာစီ အညောင်းပြေ အညာပြေ လမ်းလျှောက်ထွက်လာခဲ့ပါတယ်...  မင်္ဂလာမဆောင်ခင် အချိန်ထိ သူမနှင့်ကျွန်တော် တစ်ကြိမ် တစ်ခါမျှ နှစ်ယောက်တည်း အတူတူ မစုံဖူးခဲ့ပါ မိဘများက အရွယ်ရောက်လို့ အိမ်ထောင်ရက်သားချပေးမည် ဆိုသောကြောင့်သာ ကိုယ်ကိုတိုင် မစွန်တဲ့ဘ၀ကနေ စွန်သွားပီဆိုတော့ ကိုယ့်ဘာသာ တစ်ယောက်တည်း ကျိတ် ပျော်မိနေသည်ဆိုတာကတော့ အမှန်ပင် ဖြစ်ပါသည်😳😳😳 နေကတဖြည်းဖြည်း စောင်းလာတာ နှင့်အတူ အမှောင်ရိပ်က ကြီးစိုးလာပေသည်။  ထိုစဉ် "အုံး အွမ် ဘူ" ဆိုတဲ့အသံ🐸🐸 ကြားရတော့ " မတင်ဆန်းရေ မှောင်လာပီ 'ဖား' သံတွေ လည်းထွက်နေပီဆိုတော့ မိုးတွေလေတွေ မိနေမှဖြင့် နေမကောင်းထိုင်မကောင်း ဖြစ်နေမှာစိုးတယ်ကွယ့်☁☁☁ 'ကဲ ပြန်ကြစို့နော်' " ဆိုတော့ တိုင်းရင်းသူဖြစ်တာကြောင့် သူမ၏အသံ ၀ဲဝဲကလေးဖြင့် ''အင်း..ဟုတ်တယ် ကိုသာဂွ ပြန်ရအောင်" ဆိုပီး အိမ်ပြန်လမ်းစီသို့ခြေဦးလှည့်ရပေပီ ထိုစဉ်က မှောင်မဲနေသောကြောင့် ပြုံးစစဖြစ်နေတဲ့ သူမ၏ မျက်နှာကို ကျွန်ုပ် မမြင်လိုက်ရပေ...  တစ်နေကုန် မောပန်းထားသောကြောင့် နှစ်ယောက်သား မင်္ဂလာဦးညလေးကိုကျော်ဖြတ်ရန် ပြင်ဆင်မလို့ရှိသေး ' အုံး.. အွမ်...ဘူ'🐸🐸 ဆိုပီးထပ်ကြားရတော့ ကျွန်ုပ် ဓါတ်မီးဖြင့် ဟိုကြည့်ဒီကြည့် လုပ်လေရာ ဇနီးဖြစ်သူက 'ကိုသာဂွ ရှင်ဘာရှာနေလဲ' ဆိုပြန်တော့ " ညနေကဖားများ မင့်ဖိနပ်တွေ ထဘီတွေမှာ ကပ်ပါလာသလားလို့ပါကွာ စောနကဘဲ အသံပြန်ကြား လိုက်ရလို့" ဆိုတော့ သူမ ' ခစ် ခစ် ခစ်' နှင့်ဘယ်လို ချစ်စရာကောင်းအောင် ရီနေလဲမသိ။ ဒါပေမယ့်လို့ ကျွန်ုပ် ပြန်စဉ်းစားကြည့်တော့ အဲ့ဒီ "ဖား"အသံကြားလိုက်ရတိုင်း ကျွန်ုပ် နှာခေါင်းထဲမှာ အပုတ်နံ့တစ်မျိုး ခံစားနေရတယ် ဆိုတာကတော့ အမှန်ပါဘဲ  ဒီလိုနဲ့ တစ်ပါတ်ကြော် ကြာသည်အထိ ကျွန်ုပ် ထို " ဖား" ပြသနာ အဖြေကို ရှာနိုင်ခြင်းမရှိ အိမ်ထောင်ရေး ကိစ္စကလည်း "ဖား" ၀င်ရှုပ်နေတာနှင့် ဘာမှမဘာရသေးတော့ 😤😤😤😤 ဘာခြင်နေပီပေါ့ဗျာ ဒါကြောင့် ကျွန်ုပ်ဇနီး ကို ပြောပြတော့ သူမ" အူတက်အောင်ထပ်ရယ်ပြန်လေသည် "တိုင်းရင်းသူ ဖြစ်တာကြောင့် သူမရယ်သံလေးများက ချစ်စရာကောင်းပီး နှစ်လိုဖွယ်ကောင်းတာကြောင့် ကျွနုပ်ကိုပါ လိုက်ရယ်စေသည် ဘုမသိ ဘမသိလိုက်ရီတာမျိုးပေါ့ဗျာ ဒါနဲ့သူမ ကျွန်ုပ်ကို တိုးတိုးလေးကပ်ပီး " အဲ့ဒီ 'ဖား'က ထဘီအောက်က 'ဖား'" ဆိုတော့ ကျွန်ုပ် စဉ်းစားတယ် ..ထိုစဉ် "အုံ အွမ် ဘူ"ဆိုတော့ မှ ရနေကြ အနံ့ကပါတစ်ခါတည်း ကပ်ပါလာတော့ သဘောပေါက်သွားပီ" မင်းကွာ" ဆိုပီး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း တစ်အိမ်လုံးကို ကျွန်ုပ်တို့ ဇနီးမောင်နှံ၏ ရယ်သံများ ဖုံးလွှမ်းသွားပါတော့သည်။😂😂 😀😀😀😛😛😛😂😂😂😂😂 ဟာသပိုစ့်လေးအဖြစ် အပျော်ပျက်ရေသည်ဆိုတာ မှန်ပေမယ့် ယခုရေးသားသော အကြောင်းအရာ များသည် အမှန်တကယ် ကျွန်ုပ်တို့ဇနီးမောင်နှံ၏ အဖြစ်အပျက် ဖြစ်သောကြောင့် သူငယ်ချင်း မိတ်ဆွေအပေါင်းတို့အား ပြန်လည်မျှဝေခြင်သော ဆန္ဒ ဖြင့်ရေးသားထားပါ သောကြောင့် အမှားပါလျှင် သည်းခံပေးကြပါလို့ အနူးအညွန့်ပန်ကြားလိုပါသည်။ Post writer: ThiHaKo (@gelatofresco) From Myanmr Credit ; google photo!
👍 gelatofresco, sheinthu, pyaesone101, komoezaw, domelay, ayemomo, mgmgkse, htinlinaung, shweyaungmyanmar, mamamyanmar, thantzin, htwegyi, aungzawhtwe, blackapple88, chitnaingoo, kyawhlaing, sunminhtun, camelot, curie, hendrikdegrote, anwenbaumeister, kushed, pharesim, bitrocker2020, thetlyar, phyozawooburmes, patricksanlin,