တစ်သက်မှာတစ်ခါကြုံ ၊ တက္ကသိုလ်ကျောင်းသားဘဝ အဖုံဖုံ (အပိုင်း ၃)
myanmar·@generalpyone·
0.000 HBDတစ်သက်မှာတစ်ခါကြုံ ၊ တက္ကသိုလ်ကျောင်းသားဘဝ အဖုံဖုံ (အပိုင်း ၃)
 ဒီဇင်ဘာလ အလယ်မှာ သူများတွေ ကျောင်းစတက်နေပြီ။ ကိုယ်တွေက တော့ လိုအပ်တာတွေဝယ်တုန်း။ ပြင်လို့ဆင်လို့ မပြီးသေးဘူး။ တစ်ခါမှ မိဘနဲ့မခွဲဖူးဘူးဆိုတော့ ဟိုဟာလေးလိုမယ် ဒီဟာလေးလည်း လိုလောက်တယ် ဆိုပြီးအကုန်ဝယ်နေတာ။ တစ်နေ့တော့ သူငယ်ချင်းတစ်ယောက်နဲ့တွေ့တော့သူကပြောတယ်။ ကျောင်းမတက်သေးဘူးလားတဲ့။ နောက်လမှ တက်မယ် လို့ပြောလိုက်တော့ ... ဟင် သူများတွေတက်နေပြီတဲ့ ငါတောင် မနက်ဖြန် တောင်ငူ သွားတော့မှာ တဲ့။ အော် ဟုတ်လားပေါ့ ဆိုပြီး အိမ်ကိုပြန်ရောက်တော့ ပြောတာပေါ့။ အိမ်က နောက်လမှသွားလို့ရတယ် ဆို လွပ်လပ်ရေးနေ့ ပြီးမှသွားတော့တဲ့။ ကိုယ်ကလည်း နေလိုက်တာပေါ့။ ဒီလိုနဲ့ ဇန်နဝါရီ လလည်းရောက်ရော ကျောင်းတက်ဖို့အတွက် ပစ္စည်းတွေက စုံသလောက်ဖြစ်နေပြီ။အော် ကျွန်တော်တို့တုန်းက ကျောင်းအပ်ပြီးတာနဲ့ ကျောင်းမတက်ခင်မှာ သက်ဆိုင်ရာ မေဂျာတွေကျလာပြီဗျ။ ခုလို ကျောင်းမှာ ၁ လလောက်တက်ပြီးမှ မေဂျာ ခွဲတာမဟုတ်ဘူး။ကျနော်က စက်မှုအီလက်ထရောနစ်(Mechatronics) မေဂျာ ရတယ်။ ကျောင်းတက်ဖို့ကို ၄ ရက်နေ့သွားကြမှာ။ ရထားနဲ့ပဲဆိုတော့ ရထားလက်မှတ်ဝယ်ကြတာပေါ့။ အဖေ နဲ့ အမေ ကလိုက်ပို့တယ်။ ၄ ရက်နေ့ ညရထားနဲ့ တောင်ငူကိုသွားတော့ ကျွန်တော့်ပါတဲ့ပစ္စည်းက နောက်ထပ်သေတ္တာ ၂ လုံးရယ် အိတ်တွေရယ်။ ပထမ အိပ်ရာလိပ်တွေပါတဲ့သေတ္တာက ဘကြီးနဲ့ကျောင်းသွားအပ်ကတည်းက အဆောင်မှာထားခဲ့လိုက်တယ်။ အခုပါလာတဲ့သေတ္တာ ၂ လုံးက အဝတ်အစားက သံသေတ္တာ နဲ့ နောက်ထင်းရူးသေတ္တာ တစ်လုံးမှာကျတော့ မုန့်တွေ အပြည့်ပဲ ။ အဲ့လိုနဲ့ ညရထားစီးပြီး အထက်တန်း ကနေ တောင်ငူကို လိုက်လာကြပါရော။ ပဲခူးက ည ၁၀ နာရီလောက်ကရထားစီးတာ တောင်ငူကို မနက် ၃ နာရီခွဲလောက်ရောက်ရော။ အဲ့ဒီမှာ တစ်ခါမှမကြုံဖူးတဲ့ ၊ ဘဝမှာ တစ်သက်တာအမှတ်တရဖြစ်စေတဲ့ ဖြစ်ရပ်နဲ့ကြုံပါလေရော။ တောင်ငူရောက်တော့ ရထားက ခဏလေးရပ်တာကိုး။ အမြန်ဆင်းကြတာပေါ့။ ပစ္စည်းတွေရော လူတွေရော အောက်ရောက်ပြီဆိုတော့ အဖေ က မနက်မိုးလင်းမှ ဆက်သွားကြတာပေါ့တဲ့။ ခုတော့ ဘူတာမှာပဲ အချိန်ဖြုန်းကျတာပေါ့ ဆိုပြီး ပြောတော့ အေးဆေးနေကြတာပေါ့။ အဲ့မှာသတိထားမိတာက ရထားက မထွက်သေးတာပဲ။ ဟင် ရထားက ဒီလောက်မကြာပါဘူး ဘာဖြစ်လို့ပါလိမ့်ပေါ့။ဆိုပြီး ပြောလို့မဆုံးသေးဘူး ပီးပေါ် ပီးပေါ် ဆိုပြီး စစ်သားတွေရော ရဲတွေရော ရောက်ချလာတာ။ အကုန်လုံးကိုလဲ လမ်းကြောင်းတွေရှင်းပစ်တာ။ ကိုယ်ကလည်း အဲ့ထိကိုမသိသေးဘူး။ အမေ ကလည်း မသိဘူး။ အဖေကတော့ ရိပ်မိပုံရတယ်။ ဘာမှမပြောသေးဘူး။ လက်နက်ကိုင် စစ်သားတွေရော ရဲတွေရော ရောက်လာတာ။ ကိုယ်တွေကတော့ မျက်ပေတုန်း နဲ့ မသိသေးဘူးဗျ။ မကြာဘူး တိုင်းမှူးပါရောက်ချလာရော။ တောင်ငူမှာက တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရှိတာကိုးဗျ။ အဲ့ဒါလည်းနောက်မှသိရတာ။ တိုင်းမှူးနဲ့အတူ မျက်နှာတွေရော တစ်ကိုယ်လုံးကို cover အပြည့်နဲ့ နောက်ထပ်စစ်သား ၃ ယောက်လောက်ရှိမယ်ဗျ ပါလာတယ် ။ သူတို့က ရထားသံလမ်းတွေဆီကို သွားကြတာ ။ တော်တော်လည်းကြာရော တိုင်းမှူးရော သူတို့ရောပြန်လာကြတာ။ တိုင်းမှူးလက်ထဲမှာက ဒစ်ဂျစ်တယ် ကင်မရာလေးတစ်လုံးနဲ့ နောက်တစ်ခုက ကောက်ညှင်းထုပ်လို သေချာ စည်းထားတဲ့ ပစ္စည်းလေးတစ်ခု ပါလာတယ်။ အဲ့တုန်းက ဒစ်ဂျစ်တယ်ကင်မရာ ဆိုတာ ပေါ်ကာစလေးဗျ။ အဖေက အကျိုးအကြောင်းစုံစမ်းပြီး မနက်လောက်မှအကျိုးအကြောင်း ကိုပြောပြတာ။အဲ့တော့မှ ဖြစ်စဉ်ကိုသိရတာ။ ဘာလဲဆိုတော့ ချိန်ကိုက်မိုင်း တဲ့။ ကျွန်တော်တို့ စီးလာတဲ့ ရထားကို တောင်ငူဘူတာ အဝင်မှာ မိုင်းတစ်လုံး အထွက်မှာ မိုင်းတစ်လုံး ထောင်ထားတာဗျ။ ကံကောင်းချင်တော့ ကျနော်တို့ရထားက နည်းနည်းနောက်ကျပြီးမှ ဘူတာကို ဝင်တော့ အဝင်မှာ ထောင်ထားတဲ့ မိုင်းက ရထားမဝင်ခင် မိနစ်ပိုင်းအလိုမှာ ပေါက်ပြီးပြီ။ ပြင်းအားဘယ်လောက်ရှိလဲတော့မသိဘူးဗျ။ သူတို့ပြောတာတော့ ရထားသံလမ်းတောင် ပဲ့ထွက်သွားတယ်တဲ့။ ခုနက တိုင်းမှူးလက်ထဲက မိုင်းက ရထားပြန်အထွက်ကို ဖောက်ဖို့ ထောင်ထားတဲ့မိုင်း။ ဒါကြောင့် တိုင်းမှူးက မိုင်းရှင်းလင်းရေးအဖွဲ့ နဲ့ မပေါက်သေးတဲ့ မိုင်းကို ရှင်းလင်းရေး လာလုပ်တာ ။ အဲ့ဒီတော့ ရပ်ထားတဲ့ ရထားကို မနက် မိုးလင်းမှ ထွက်ဖို့ ပြောပြီး အားလုံးပြန်သွားကြရောဗျ။ ဒါနဲ့ကိုယ်တွေလည်း တစ်ညလုံးမအိပ်ပဲ မနက်ထိ ငုတ်တုတ်ထိုင်စောင့်နေရတယ်။ အဲ့ဒီအဖြစ်အပျက်ကတော့ တစ်ကယ့်ကိုအမှတ်တရပါပဲ။ နောက်တစ်ခုက အဲ့ဒီတုန်းက တောင်ငူ မှာ အခါကြီးရက်ကြီး နေ့တွေဆို မိုင်းတွေ ခဏခဏ ပေါက်တယ်။နောက်ပိုင်းကျတော့ အဲ့လိုရက်တွေဆို ရထားနဲ့မပြန်တော့ဘူး ၊ ကားနဲ့ပဲပြန်တော့တယ်။  အဲ့လိုထိုင်စောင့်ရင်းနဲ့ မနက်လည်း လင်းရော အဆောင်ကို သွားကြပါလေရော။ အဆောင်ရောက်တော့ အဆောင်မှူးနဲ့ အရင်တွေ့လည်းတွေ့ရော ဘာပြောလဲဆိုတော့ ကျွန်တော့်ကို ကျောင်းမတက်တော့ဘူးထင်လို့ ကျွန်တော့်အခန်းကို အခြားတစ်ယောက်ကို ငှါးလိုက်ပြီတဲ့ သေရောဗျာ။ ကျွန်တော့်သေတ္တာတောင် လာယူရင် လွယ်အောင် သူ့ဆီမှာသိမ်းထားတယ်တဲ့။ အဲ့ဒါနဲ့ အဖေက အကျိုးအကြောင်းရှင်းပြပြီးပြောမှ အဲ့အခန်းက တစ်ယောက်ကို သူ့အိမ်ပေါ်မှာ ထားလိုက်မယ်တဲ့။ အဲ့ဒါနဲ့အမေက ရပါတယ်တဲ့ နှစ်ယောက်နေကြပေါ့တဲ့။ အဖော်လည်းရတယ် တစ်ခုခုဆို တစ်ယောက်နဲ့တစ်ယောက် ကူညီလို့ရတာပေါ့ဆိုပြီး ပြောလိုက်တာပေါ့။ အဲ့ဒါနဲ့ ကျွန်တော်က နှစ်ယောက်နေရတာပေါ့။ ပြောရဦးမယ် ကျွန်တော့်အခန်းဖော်က ထူးအိမ်သင် နဲ့တူတယ်ဗျ ။ တစ်ကယ်ပြောတာ။ ပြီးတော့ သူက လည်း ပဲခူးနားက ထုံးကြီးဆိုတဲ့ရွာက။ သူကတော့ရှင်းတယ် ။ သေတ္တာလေးတစ်လုံးထဲ ။ အားလုံးလည်းပြီးရော အခန်းမှာ ပစ္စည်းတွေနေရာချပြီး လိုအပ်တာတွေထပ်ဝယ်ဖို့ တောင်ငူမြို့ထဲ ကို ထွက်လာကြပါရော။ .... .... .... ... အပိုင်း (၄) ဆက်လက်ဖတ်ရှု့ပေးကြပါကုန် ... .... .... Photo credit by google image and facebook .... MSC.NO - 238 @generalpyone
👍 mahaw, naylinn, theinzawlin, zinminnaing, yway, kyi, bandula, yuzana, winko, phyozawooburmes, lwanwai, nang.myint.thwel, nannhtike, nyeinzaw, htetnainglin, yekungsatthone, asterkame, kokyawzinphyo, gelatofresco, nwenwe, thetnaingmin, naingwintun, uthantzin, thura, ansoe, camelot, curie, liberosist, meerkat, locikll, hendrikdegrote, anwenbaumeister, markangeltrueman, aboutyourbiz, howtostartablog, cryptokrieg, justdentist, horpey, spectrums, jasimg, funkylove, kushed, tensor, lenin-mccarthy, crimsonclad, ausbitbank, steemulator, coloringiship, gohba.handcrafts,