ွှတ်တော်
artzone·@healersteemit·
0.000 HBDွှတ်တော်
>>ဆရာမရေးတဲ့ 'အစိုးရသစ် ဘာကြောင့်ထင်သလောက် ခရီးမပေါက်သလဲ'ဆောင်းပါးဖတ်ရတော့ အလယ်အလတ်စား တိုင်းရင်းသားလုပ်ငန်းရှင်တယောက်အနေနဲ့ ပြောပြချင်တာတွေက အများကြီးပါ။ ဒီလိုပြောချင်နေတာက ကျွန်မတယောက်တည်း မဟုတ်ပါဘူး။ အစိုးရ၀န်ကြီးဌာနတွေနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်နေရတဲ့ အသေးစားလုပ်ငန်းရှင်တွေ အလယ်အလတ်စားလုပ်ငန်းရှင်တွေ အားလုံးနီးပါးမှာ ပြောချင်တာတွေ မပြောရဲတာတွေ ရှိကြပါတယ်။ >>ကျွန်မတို့က သာမန်စီးပွားရေးသမားတွေပါ။ ခရိုနီတွေလို နောက်ခံလူအင်အား ငွေအရင်းအနှီး အင်အား မတောင့်တင်းကြပါဘူး။ ရှိတဲ့ငွေကြေးနဲ့ လည်ပတ်ရင်းနှီးလုပ်ကိုင်ကြရတာပါ။ စီးပွားရေးသမားဆိုတာ ကိုယ့်အတွက်၊ ကိုယ့်အလုပ်သမားတွေအတွက် အမြဲထည့်စဉ်းစားရ လုပ်ကိုင်ရတာပါ။ ဒီတော့ ၀န်ကြီးတွေ၊ ညွှန်ကြားရေးမှူးချုပ်တွေ၊ ညွှန်ကြားရေးမှူးတွေသာမက ကိုယ်ဆက်စပ်အလုပ်လုပ်နေရတဲ့ ၀န်ကြီး ဌာနက၀န်ထမ်းတွေကို အဆင်ပြေအောင် ပေါင်းသင်းနေထိုင်ပြောဆိုရပါတယ်။  >>၂၀၁၅ ရွေးကောက်ပွဲပြီးတော့ အစိုးရအပြောင်း အလဲဖြစ်လာတဲ့အခါ အမေစုကို နဂိုကတည်းက ကြည်ညိုရင်းစွဲ ယုံကြည်ရင်းစွဲရှိတာမို့ အစိုးရဌာနတွေနဲ့ ချိတ်ဆက်အလုပ်လုပ်ရတဲ့အခါ လက်ဆောင်ပေးတဲ့ ကိစ္စကို သိပ်သတိထားပါတယ်။ ခွင့်ပြုထားတဲ့အတိုင်းအတာထက် ဘယ်တော့မှ မပိုစေရပါဘူး။ အစိုးရသစ် အပေါ်လည်း အများကြီးမျှော်လင့်ထားတာပေါ့။ ကျွန်မအပါအ၀င် လုပ်ငန်းရှင်အလတ်စားတွေက အရင် အစိုးရ (ဦးသိန်းစိန်လက်ထက်)ဆီမှာ ရစရာကြွေးတွေ အနည်းနဲ့အများ ရှိနေသူတွေပါ။