When I Was Young

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@honeysara·
0.000 HBD
When I Was Young
ကျ​နော်​လမ်း​လျှောက်​တတ်​စအရွယ်​တုန်းက ကျ​နော်​တို့ ​ရပ်​ကွက်လေး​မှာ လျှပ်​စစ်​မီးမရ​သေးပါ။ ကျ​နော်​တို့ အိမ်​​ရှေ့မှာ ထိုစဉ်​က ကွပ်​ပြစ်​​လေးတစ်ခုရှိသည်​။ ည,ည ဆိုလျှင်​ ထိုကွပ်​ပြစ်​​လေး​ပေါ်မှာ
ထိုင်​ကာ စကား​တွေ​ဖောင်​ဖွဲ့ ​ပြောဆိုကြသည်​။ 
 ဥပုသ်​​နေ့​တွေ ရက်​ကြီးအခါကြီး​တွေဆိုလျှင်​ ထိုကွပ်​ပြစ်​​ပေါ်တွင်​ ရပ်​ကွက်​ထဲမှ လူကြီးများစု​ဝေးကာ သာ​ရေး နာ​ရေးအ​ကြောင်းများ၊ ဘုရား​ဟောတရား​ဒေသနာများကို အပြန်​အလှန်​​ဆွေး​နွေးကြသည်​။ ထိုလူကြီး​တွေလာလျှင်​ အိမ်​ကအဘွားက ​ရေ​နွေးကြမ်းနှင့်​ ငါး​ခြောက်​ဖုတ်​၊ တစ်​ခါတစ်​ရံ ဆတ်​သား​ခြောက်​ဖုတ်​၊ ဂျင်းသုပ်​၊ လက်​ဖက်​သုပ်​ တို့ဖြင့်​ ဧည့်​ခံသည်​။ 
ကျ​နော်​တို့က​လေး​တွေက လူကြီး​တွေ​ပြောသမျှကို ​မေး​လေး​ထောက်​ကာ နား​ထောင်​ကြသည်​။( အမှန်​​တော့ ဆတ်​​သား​ခြောက်​ဖုတ်​စားချင်​လို့ နား​ထောင်​ချင်​​ယောင်​​ဆောင်​ခြင်းဖြစ်​သည်​။ ရှုး တိုးတိုး..... အဘွားမသိစေနဲ့နော်၊ သိသွားရင် ခေါင်းခေါက်ခံရမှာဗျ😁 )

http://myanmartravel.indochinacharm.com/wp-content/uploads/2016/01/Mandalay-Night.jpg


Mandalay Night


လျှပ်​စစ်​မီးမရ​သေးတာလည်း တစ်​ခု​တော့​ကောင်းပါသည်​။
လပြည့်​​နေ့များတွင်​ ၀ိုင်းစက်​​နေ​သောလမင်းကြီးကို ရှင်းလင်းစွာမြင်​ခွင့်​ရသည့်​အပြင်​ လ​ရောင်​ကို အပြည့်​အ၀ 100% ခံစားခွင့်​ရှိသည်​။ ယခုအခါ အထပ်​မြင့်​တိုက်​တာအ​ဆောက်​အဦးများ​ကြောင့်​ အိမ်​ထဲက​နေ အပြင်ကို လှမ်းကြည့်လျှင်တောင်
လကို​ကောင်း​ကောင်းမမြင်​ရပါ၊ တစ်ခါတစ်လေ ဖိုးရွှေလကို မြင်ရပေမယ့်လို့ 
 လျှပ်​စစ်​မီး​ရောင်​စုံများသည့်​မြို့ပြရဲ့အလင်းရောင်ကြောင့်
ကြောင့်​ လမင်းရဲ့အလင်း​ရောင်​၀ါထိန်​ထိ​န်​​လေးက မျက်​နှာငယ်​​နေရသည်​။
လပြည့်​ညရဲ့အလင်း​ရောင်​​အောက်​တွင်
အိမ်​​ရှေ့ကွပ်​ပြစ်​​ပေါ်ဝယ်​ အ​ဖေ၊ အ​မေ၊ အဘိုး၊ အဘွား များဖြင့်​ အတူတူထိုင်​ကာ ​ကောင်းကင်​ကြီးကိုကြည့်​၍ " ဟိုကြယ်​​လေးက ဘာကြယ်​​လေးလဲ" ဟု က​လေးပီပီ စပ်​စုခြင်း၊ အ​မေ့​ပေါင်​​ပေါ်​ခေါင်းအုံးကာ ဒီ​နေ့ ကြယ်​ဘယ်​နှစ်​လုံးထွက်​လဲ ​ရေကြည့်​ခြင်း စသည့်​အခိုက်​အတန့်​​လေးများကို ယခုတိုင်​ ​အောက်​​မေ့တမ်းတလျှက်​ရှိပါသည်​။ အဲ့ဒီတုန်းက ကြယ်လေးတွေကို ချစ်တယ်။
I Love Twinkle Twinkle Little Star (★^O^★)


Author 👉 @honeysara
Photo from Google
👍 , , , , , , , , , , , , , , , , , , , , , , , , , , ,