Steemit ကျေးဇူး နှင့် စပ်မိသောအရာများ
myanmar·@htinlinaung·
0.000 HBDSteemit ကျေးဇူး နှင့် စပ်မိသောအရာများ
Myanmar Steemit Community မှ အဖွဲ့ဝင်များအားလုံး မင်္ဂလာပါ။  ကျွန်တော်တို့ steemit မှာ စာတွေလည်း ရေးလာတာ ဘယ်နှစ်ပုဒ်လောက်ရှိပြီလဲတောင် သေသေချာချာသိတော့ဘူး။ ကျွန်တော်တို့ရဲ့ မသွေးဘဲ ပစ်ထားတဲ့ ဦးနှောက်လည်း steemit နဲ့မှဘဲ ပြန်လည် နိုးကြွလန်းဆန်းလာတော့တယ်။ ဘယ်လောက်ထိ steemit က ကျွန်တော်ကို လှုပ်ဆော်နိုင်သလဲဆို ဆောင်းပါးတပုဒ်ရေးပြီတိုင်း နောက်ဆောင်းပါးကို ဘာအကြောင်းအရာရေးရင် ကောင်းမလဲလို့တောင် တွေးတောနေစေတယ်ဗျာ။ တခါတလေဆို အလုပ်ထဲမှာတောင် အလုပ်အားချိန်တွေ ဆောင်းပါးရေးဖို့ အကြောင်းအရာရပြီဆိုရင် ကောက်ရေးတော့တာဘဲ။ ကျွန်တော့်ဖုန်း Note ထဲမှာဆိုလည်း ရေးထားတဲ့ ဆောင်းပါးတွေ အများကြီး ဖြစ်လို့နေပါပြီ။ ထိုဆောင်းပါးလေးတွေကို တခါတလေ ပြန်ဖတ်ရင်း ငါကိုယ်တိုင်ရေးထားတာလားပေါ့ ဆိုပြီ ပြန်တွေးရင်း ပီတိဖြစ်ရပါသည်။  ဆယ်တန်းစာမေးပွဲကြီး ဖြေတုန်းကတောင် စာစီစာကုန်း ဖြေရမှာ ပျင်းလို့ မဖြေခဲ့တဲ့သူက အခုတော့ ရေးလိုက်တဲ့စာတွေ အဲ့လောက်ရေးနိုင်လိမ့်မယ်လို့တောင် လုံးဝ မတွေးမိဘဲ ရေးနေတော့တာ။ pro ရှိတဲ့နေတွေဆို စာတွေ အရှည်ကြီး ရေးလိုက် pro မရှိတဲ့နေ့ဆို ကိုယ့်ရဲ့ ဒဿနတွေနှင့် ခံစားချက်တွေကို ချရေးတတ်ခဲ့တယ်။ ကျွန်တော် Facebook သုံးတာ အတော်လေးကြာနေပါပြီ။ မွေးနေ့ဆုတောင်း post ကလွဲရင် ကိုယ်တိုင် စာစီပြီ post တင်တာ မရှိသလောက်ပါဘဲ။ အခု Steemit ရဲ့ ကျေးဇူကြောင့် ဆောင်းပါးတွေ ဒဿနတွေ ကိုယ်သိတာလေးတွေကအစ စာအဖြစ် သေသေချာချာ ရေးဖွဲ့ပြီ post ကောင်းကောင်းတင်တတ်ခဲ့ပါပြီ။  Steemit ကြောင့်နဲ့ဘဲ မိတ်ဆွေအပေါင်းအသင်းညီအစ်ကိုမောင်နှမတွေ အများကြီး သိကျွမ်းခဲ့ရတယ်။ Chat gp တွေ ဖွဲ့ပြီ အပြန်အလှန်အကူအညီတွေပေးကြ ရီစရာ စကားလေးပြောကြနဲ့ ဘဝအတွက် ပညာလည်းရ ခနတာ အမောတွေလည်း ဖြေဖျောက်ခဲ့ပါတယ်။ ကျွန်တော်က အရင်ကဆို chat gp တွေထဲ အများကြီး ဝင်ခဲ့ဖူးပါတယ်။ gp တွေထဲမှာ သူများပြောတာတွေကို ထိုင်ကြည့်နေရုံမျှသာ နေပါတယ်။ Steemit ရဲ့ chat gp လေးမှာတော့ ဆရာတွေ ဆိုဆုံးမတာ နာခံရင်း တဖြည်းဖြည်း တလုံးစ နှစ်လုံးစ စကားတွေ ဝင်ပြောတတ်လာပါတယ်။ အခုဆို စာတွေလည်း အများကြီး ရေးတတ်လာပြီ စကားကိုလည်း အာလုံးနှင့် အကျွမ်းတဝင် ပြောရဲဆိုရဲတတ်လာပါပြီ။ ဒါတွေအားလုံးက ကျွန်တော်ရဲ့ သံချေးတက်နေတဲ့ ဦးနှောက်ကို ဖွင့်ပေးခဲ့တဲ့ Steemit ဆိုတဲ့ သော့လေးတစ်ချောင်းရဲ့ ကျေးဇူတွေပါဘဲ။  အခုလည်း trading လုပ်မလို့ ဈေးတွေထိုင်ကြည့်နေရင်း steem ဆိုတာလေးတွေ့ပြီ ဒီစာလေးကို ရေးဖြစ်သွားတာပါ။ Trading ကို အရင်က လိုက်လို့မှီမှာ မဟုတ်ဘူးဆိုပြီ မလုပ်ဘဲ နေခဲ့တာ အခု steemit မှာ စာတွေရေးတော့မှ ဦးနှောက်လည်း နည်းနည်းပြန်ပွင့်လာပြီ steemit က ညီအစ်ကိုတွေ အကူအညီနဲ့ trade ပိုင်းကို နည်းနည်းသဘောပေါက်ပြီ လေ့လာနေပါပြီ။ Trading လို့ပြောလို့ အထင်ကြီးနေအုံးမယ်။ ကျွန်တော်သိတာဆိုဆိုလို့ coin အရောင်းအဝယ် လုပ်တာလောက်ဘဲ သိပါသေးတယ်။ ဘယ် coin တွေ ဘယ်ချိန်ဝယ်ရမလဲ ဘာသတင်းတွေ ကြည့်ရမယ်ဆိုတာတောင် မသိသေးပါဘူး။ ခုမှ Steemit ကြောင့် ဦးနှောက်ပွင့်ပြီ လုပ်ကြည့်နေတုန်းဘဲ ရှိပါသေးတယ်။ Trading ညီအစ်ကိုများလည်း ဘယ်coin တွေ ကိုင်ပြီ ဘယ်လိုတွေစောင့်ကြည့်ရတယ်ဆိုတာလေးတွေကို တခါတည်း ဒီနေရာလေးကနေ အကူအညီတောင်းလိုက်ပါတယ်။ Trading နှင့်သက်ဆိုင်သော pdf လေးများ ရှိရင်လည်း မန့်မှာ link လေးချပေးကြပါအုံး။ ဘယ် site တွေကောင်းတယ်ဆိုတာများကိုလည်း အကြံအဥာဏ်လေးများ မန့်သွားကြပါလို့ မေတ္တာရပ်ခံလိုက်ပါတယ်ဗျာ။ Myanmar Steemit Community မှ အဖွဲ့ဝင်မျာအားလုံး မီလျှံနာ ဘီလျှံနာ ဆယ်ထပ်ကွမ်း သူဋ္ဌေးကြီးများ ဖြစ်ကြပါစေ။  Author ; Htin Lin Aung ( MSC 016 ) @htinlinaung
👍 htinlinaung, afukichi, ayemomo, paingphyothu, htwegyi, rattioo, myanmarpyithar, zawmyo, gunapeya, yehtetaung, drotto, aunggyi100, htetlinaungg, sheinthu, htetwaihin, suhlaing, tunnaingwin, wailinn, aburmeseabroad, thura, domelay, honeysara, kyawkohtet, linnkhant42, komoewai, steembooster, bigbosss, nyinyilwin, bobokyaw, aungmyothu, ansoe, myothuzar, camelot, curie, liberosist, roelandp, meerkat, anwenbaumeister, hendrikdegrote, kushed, pharesim, rayken04,