ခု​တော့

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@htoohan·
0.000 HBD
ခု​တော့
ငါ့ရဲ့နှလုံးသားဟာ
မာ​ကျောခက်​ထန်​​နေခဲ့ရင်​...
သတိမရမှာ...​သေချာတယ်​...။
 ![image](https://img.esteem.ws/8v3sj3ifnt.jpg)
ငါ့ရဲ့ကုန်​လွန်​ခဲ့တဲ့ အချိန်​​တွေကိုသာ
EVD ​အောက်​စက်​တစ်​ခုလို
နောက်​ပြန်​ရစ်​လို့ ရခဲ့ယင်​...
ဒီအချိန်​ဆို...သူနဲ့အတူ
ကန်​​ပေါင်​မှာ ​လေညှင်းခံဖို့
လမ်း​လျှောက်​ထွက်​​နေမှာ ​သေချာတယ်​...။

ငါ့ရဲ့မျက်​ရည်​သာ
ဇင်​​ယော်​ငှက်​လို...ဝဲပျံလို့ ရခဲ့ရင်​...
မိုးသို့ ပျံသန်းသွားမှာ...​သေချာတယ်​...။
 ![image](https://img.esteem.ws/mpjv7dvul4.jpg)
ငါရဲ့သက္ကရာဇ်​​တွေ...
အနှစ်​​လေးဆယ်​​လောက်
ပြန်​​ချွေချလို့ ရခဲ့ရင်​...
ညည့်​နက်​သန်း​ခေါင်​အထိ 
အင်းယား​ဆောင်​​ရှေ့မှာ
ဂစ်​တာတီး​နေမှာ...​သေချာတယ်​...။

ငါ့ရဲ့ မျက်​လုံး​တွေသာ...
ထိုး​ဖောက်​မြင်​နိုင်​စွမ်းရှိခဲ့ရင်​...
မင်းပုံရိပ်​​တွေပဲ ထင်​ဟပ်​​နေမှာ​သေချာတယ်​...။
 ![image](https://img.esteem.ws/8kydx3fvhi.jpg)
ငါ့ရဲ့ အနားမှာ...
သူသာ...ရှိ​နေခဲ့ရင်​...
လက်​​နောက်​ပြန်​ပစ်​ရင်း
အတိတ်​က ပုံရိပ်​​တွေ...
ပြန်​​ငေးကြည့်​စရာ...
မလိုမှာ​ ​သေချာတယ်​...။

ငါ့​မှာ...ခု​တော့...။    ။
 ![image](https://img.esteem.ws/3lcf115k49.jpg)
# @ MSU-035
# @htoohan
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,