သူငယ်ချင်းဆိုတာ...
msu·@htoohan·
0.000 HBDသူငယ်ချင်းဆိုတာ...
 သူငယ်ချင်းဆိုတာ... တိုင်ပင်ဖော် တိုင်ပင်ဘက် အားပေးဖော် အားပေးဘက် အသည်းကွဲဖော် ကွဲဘက် ကဗျာရေးဖော် ရေးဘက်ပေါ့... ငါရှုံးနိမ့်ချိန်မှာ နင်ရှိသလို နင်ငိုကြွေးချိန်မှာ ငါ့ဖခုံးတစ်ဖက်ဟာ နင့်အတွက်... နင့်ချစ်သူက ထားခဲ့တဲ့အခါ ငါ ကျန်ခဲ့ရသလို နာကျင်ရ... ကံတွေက တို့အပေါ်မှ ကွက်...ဆိုးသလား တမင်နေရာ...ရွှေ့သလား ဝေခွဲကာမရ အချစ်နာသာ ကျကြတယ်လေ... ငါတို့ကဗျာတွေထဲမှာ... အချစ်အကြောင်း စိမ်းကားခြင်းတွေ ပါတယ် သူငယ်ချင်းဆိုတာရဲ့ နွေးထွေးမှုတွေ ပါမယ် ရက်စက်မှုတွေ အကြောင်းကတော့ ပြောမပြတတ်အောင်ပေါ့...  သူတို့မှာပဲ နှလုံးသားမရှိသလား ငါတို့ကပဲ အပိုပါလာကြသလား စဉ်းစားလည်း... စိမ်းသူက စိမ်းမှတော့ မေ့သူက မေ့ရတော့မပေါ့နော်.... ငါတို့ရဲ့မနက်ဖြန်တွေမှာ မိဘတွေရဲ့ မျှော်လင့်ချက်တွေ ငါတို့ရဲ့ အနာဂါတ်တွေရှိတယ်.... မလိုတာတွေ ဘေးဖယ်ကြပါဦးစို့ ။ ကဲ...နင်လည်း နင့်အိမ် နင်ပြန် ငါလည်း ငါ့ဒေသ ငါပြန် စိတ်ချင်းနီးနေရင် တို့တစ်တွေ မဝေးကြကောင်းပါရဲ့... အော်.... သူငယ်ချင်းဆိုတာ သွေး မနီးတဲ့ စိတ်နီးချင်းတွေ.... ။ ။  MSU-035 # @htoohan
👍 htoohan, yellthway, liaisliana, heinlinnoo, thitseint, dpakyaw, gagyi, gatone, aprilmay, khonkhon, johnko, kyawshwe, patpay, ololo, pulone, ponepone, palone, dagonn, bagann, innwa, utaw, japoe, lonewa, toelay, pocker, putulay, jockerlay, bonebone, eitone, totoo, popolo, pisi, sattpaing, followforupvotes, upvotewhale, broadcast, drotto, minnowhelper, kweephyo, ngaphyo, phhtet, figonoe, noegyi,