အချိန်က ပြောပြသွားမှာပါ။
hive-122133·@htwegyi·
0.000 HBDအချိန်က ပြောပြသွားမှာပါ။
 Cryptocurrency လောကကြီးက မသိမသာလေးလှုပ်လာသည်။ ကိုယ်တွေက မသိမသာလို့သာ ရေးတာ အချို့တွေကတော့ သိသာနေကြပေမည်။ ထိုသိသူများမှ ကိုယ်တွေက တဆင့်သိရခြင်းဖြစ်သည်။ တနေ့က Facebook တွင်ရေးသားထားသည် ကိုတွေလိုက်ရသည်။ Meta နှင့်ပတ်သက်၍ လူငယ်များလေ့လာထားရန်နှင့် Cryptocurrency ကိုလည်း လေ့လာ၍ ကွိုင်းများကို စုဆောင် ထားကြရန်ပြောထားသည်။ Facebook က ဟိုတုန်းက ကိုယ်တွေသိခဲ့တာ libra ဖြစ်သည်။ ခုတော့ Libra မှ Meta ဖြစ်သွားပေသည်။ လီဘရာ ဖြစ်ဖြစ် မီတာဖြစ်ဖြစ် ကိုယ်တွေ Hive က ဈေးတက်ဖို့ အရေးကြီးပေသည်။ နောင်တချိန် ကိုစိုးတို့လုပ်နေတဲ့ ဘာတဲ့ NFT ဆိုတာကြီးက တဖြည်ဖြည်းနဲ့ ကြီးမား ကျယ်ပြန့်လာမည်။ မူပိုင်ခွင့်တွေနဲ့ ဘာတွေ ဆိုလား။ အဟီး သိေတာ့ဘူး နောက်ဆိုရင် အစားအသောက်ကို ကိုယ်တိုင်စားတာက လွှဲပြီး ကျန်တာကို အင်တာနက်ကြီးနဲ့ Meta က အလုပ်လုပ်တော့မှာတဲ့။  သူရေးထားတော့ သူတောင် btc ကို စတင်မိတ်ဆက်သည့်ပွဲကို တက်ခဲ့သည်။ BTC ဆိုတာ ဘာမှန်းမသိတဲ့ အဆိုပါပွဲမှာ ကျွေးမွေးတာ၊ ဟောပြောတာ နားထောင်ပြီး ပြန်ခဲ့တာတဲ့။ ထိုအချိန်က BTC ဈေးက ဘယ် လောက်မှ မရှိ တဲ့။ လက်ကမြင်းပြီး ဝယ်ထားလိုက်ရင်း ခုချိန်ဆို သူ သူဌေး ဖြစ်နေပြီးတဲ့။ အဟဲ သူရေးထားတာ ပြန်ပြီး ဖောက်သည်ချတာ။ ဘယ်သူရေးသလဲ ခုပြန်ရှာတော့ အမည် မမှတ်မိတော့ ရှာမတွေ့တော့ဘူး။ သူပြောသလိုဆို Meta က တိုကင်ထုတ်မလား၊ ကွိုင်း ထုတ်မလား ဘာလုပ်မလဲ မသိပါ။ အဲ အဲ့ ဘာထုတ်မလဲ မသိတာကို ဝယ်ယူစုထားဖို့ သူကပြောထာ။ ဆိုတော့ ကိုယ်တွေ လက်ထဲရှိတဲ့ hive တွေက တနေ့မှာတော့ ရွှေပဲ ဆိုသလို ရွှေချောင်းတွေလား၊ စိန်တွေလားဆိုတာ အချိန်က ပြောပြပေးမယ် ထင်ပါတယ်။ @htwegyi 28-3-2022