အချစ်

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@htwegyi·
0.000 HBD
အချစ်
![img_0.7621092795142147.jpg](https://images.ecency.com/DQmPC8an2ZzBgtJTEhpP59E72LmJfZXj1EMUSEJqyQU1UHd/img_0.7621092795142147.jpg)

"အချစ်လား သူဖျားနေတယ်"
ဖော်ပြပါစကားလုံးသည် ငယ်စဉ်ကဖတ်ခဲ့ဖူးသည့်
ဝတ္ထုစာအုပ်ထဲမှဖြစ်သည်။ စာအုပ်ခေါင်းစဉ်လား၊
စကားပြောသည်ကို မှတ်သားထားဘူးသည်လားမသိပါ။ 
ထိုသို့သောစကားလုံးကို သာဓု၏ သားများ
ဖြစ်ကြပါသော မောင်ဝဏ္ဏ၊ မင်းလူနှင့် သုမောင် 
တို့၏စာအုပ်များမှ ဖြစ်မည်ဟု ခန့်မှန်းရပါသည်။


![img_0.43420653097727124.jpg](https://images.ecency.com/DQma58zvRcVoBSB86zbzJK8PYyssXcNUTx7dukj4VdPPGZL/img_0.43420653097727124.jpg)

သူရို့ ညီအကိုများက အနုပညာမျိုးရိုးလိုက်ကြသည်။
သူရို့၏ ရုပ်ရှင်၊ စာပေ အစရှိသည်အနုပညာများကို
ကျွန်တော်က ကြိုက်နှစ်သက်ခဲ့သည်။ မောင်ဝဏ္ဏ၏ 
ခုနစ်စဉ်အလွမ်း ရုပ်ရှင် ကြိုက်သည်။ မင်းလူ၏
ဝတ္ထု များကို ကြိုက်နှစ်သက်ခဲ့သည်။ သုမောင်၏
သီချင်းနှင့် အကြင်တို့လင်မယား ရုပ်ရှင်ကားကို
ကြိုက်ခဲ့သည်။

![img_0.16142447123170733.jpg](https://images.ecency.com/DQmV8tPoFxnNFuj3cPwYqjSQuuHameaeNRLASU7d6m8vQxD/img_0.16142447123170733.jpg)

အချစ်ဆိုတာ လူသားတို့အတွက် မပါမပြီးသည့်
အရာကြီးဖြစ်သည်။ ဟယ် လူကြီးက ကြီးမှ
အချစ်အကြောင်းတွေရေးနေတယ် လို့
မပြောရဘူးနော်။ အချစ်ဆိုတာ ကြီးငယ်မရွေး၊
အရွယ်သုံးပါးမရွေး သုံးတတ်ရင်ဆေး၊
မသုံးတတ်ရင်ဘေးဖြစ်သည်။ အချစ်ဆိုတာဆေးခါးကြီးဖြစ်သည်။

![img_0.7349442287636392.jpg](https://images.ecency.com/DQmcD2iKixAVLBvFtDe9qMRmU7PmVo8WU3tEc5B7mzRrC5A/img_0.7349442287636392.jpg)

အက်လယ် ဆေးခါးကြီးတဲ့။ ဟိုက်ပရိတ်သတ်တို့
သောက်ဖူးကြသလား။ ဆေးခါးကြီးဆိုတာ
ဘယ်လိုဟာလဲ သိချင်ကြသည်။ စမ်းချင်ကြသည်။
ကိုယ်တွေ စဉ်းစားမိသည်။ ဆေးခါးကြီးပါဆိုမင့်
အတော်ခါးမည့်သဘောပ။ သောက်ဖူးလို့လား
ဆိုတော့။ မမဆောင်းစကားလို။ သောက်ဖူး
သလိုလို၊ မသောက်ဘူးသလိုလို လိုလိုပါပဲ။

![img_0.2056552872596373.jpg](https://images.ecency.com/DQmdBcZPt1PF99Mwur4qPQ9gQD5Rhvw5rtTVxBqAUiV5PeW/img_0.2056552872596373.jpg)

အချစ် တဲ့ ခေါ်လို့တော့ ကောင်းသား။
သို့ပေသိ သူက သူ့ကို ထိတွေ့သူတိုင်းအား
အရသာ အမျိုးမျိုးပေတတ်သာလား။
ဟ လုပ်စမ်းပါအုံး ဘယ်လိုအရသာများတွေ
တောင်လဲ ဟုမေးလားပါရင်။ သိ ဘူး။
ကိုယ်တိုင် အချစ်နဲ့ ထိပ်တိုက်တွေ့ပြီး
လက်တွေ့ရယူကြည့်ပါလို့သာ 😁။

@htwegyi
11-4-2022
👍 , , , , , , , , , , , , , , , , , , , , , , , ,