အချစ် ဒဏ်၊ စိန်တလုံး ဒဏ်။

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@htwegyi·
0.000 HBD
အချစ် ဒဏ်၊ စိန်တလုံး ဒဏ်။
![image](https://img.esteem.ws/08fjtl6122.jpg)

ပူပါတယ်ဆိုမှ ထီးက မပါ
ရေဆာပါတယ်ဆိုမှ ရေဘူးက မပါ
မတ်တပ်ရပ်လို့ လမ်းမှာ ငိုလို့မဖြစ်တော့ဘူး။
အားတင်းထားရမည့် ဘဝတွေပါ။
အခက်အခဲတွေ အမျိုးမျိုးရှိကြပေမည်။
ဖြစ်လာသမျှ အခက်အခဲများကို
အံခဲမာန်တင်းပြီး ရှေ့ဆက်ကြရအောင်။

လူတိုင်း ကိုယ်စီကိုယ်စီ ခက်ခဲကြပေမည်။
အထူးသဖြင့် ယခုလိုပူအိုက်လှသည့်
နွေရာသီအချိန်အခါမှာ အပူထဲ အပူ‌တွေ
နဲ့ ကိုယ်စီဖြစ်နေကြပေမည်။
တပူပေါ်တပူဆင့် အပူဖြစ်နေတော့
ပူနေကြမည်မလွဲ။

ငထွေးတို့ အပူ ဘယ်လောက်များ
အားကြီးသလဲဆိုတော့။
နွေရာသီအပူမှာ သီးသည့် အပူသီး သရက်သီးကို
အားပါတရစားခဲ့မိ၍ ခန္ဓာကိုယ်မှာ အပူသီးတို့
ထွက်လေသည်။ ထွက်ရှိသည့်အပူသီးများက
ဦးခေါင်းအပေါ်ပိုင်း ညာဖက်အခြမ်း ခေါင်း၊
မျက်လုံး၊ မျက်ခုံး၊ နဖူးနှင့် လည်ပင်၊ နားရွက်
များပါမကျန် ပေါက်ကြလေသည်။


![img_0.7756156716513625.jpg](https://images.ecency.com/DQmNRhDcuJKVM5hZ73zWZ9YHX8N2YcvtjbxviHB2Xzkk27H/img_0.7756156716513625.jpg)

မနက်စောစော အိပ်ရာထသည့်အခါ
ညဘက်မျက်လုံး ကောင်းစွာဖွင့်မရတော့ပေ။
မျက်ခွံမှာ ဖူးရောင်နေသည်။ ညာဖက်
ခေါင်းတခြမ်းလုံး ကျိန်းနေသည်။
ခေါင်းကိုအထိမခံနိုင်ပေ။ မျက်လုံးမှ
မျက်ရေများကျနေသည်။ နေရာသစ်မှာ
အတော်ဒုက္ခရောက်ရသည်။

အင်း ရှေ့ပိုစ့်မှာ ရေးခဲ့သည့်အတိုင်း
စိန်တလုံးသရက်သီးများကို အားရပါးရ
စားခဲ့မိလေသောကြောင့် 
အားရပါးရ အပူကန်‌လေရော့သလား။
အားရပါးရ အပူဒဏ်ကို ခံရပါလေတော့သည်။
အချစ်ဒဏ် အပူ မဟုတ်ဘူး။
စိန်တလုံး အပူဒဏ်။
ယခုတော့ အနည်းငယ် သက်သာလာ၍
စိန်တလုံး၏ အပူဒဏ်အကြောင်း
ရေးသားလိုက်ပါသည်။

မှတ်ချက်။ သရက်သီး အစေ့အနီး အသားများကို 
စုပ်ယူစားသည်အတွက် အပူအားပိုကြီး၍ဖြစ်သည်။

@htwegyi
22-5-2021
👍 , , , , , , , , , , , , , , , , , , , , , , , , ,