Crypto လမ်း
hive-122133·@htwegyi·
0.000 HBDCrypto လမ်း
 Cryptocurrency အကြောင်းရေးရမလား။ ကိုယ်သိသလောက်ရေးကြည့်တာပါ။ သိသူများကျော်သွား မသိသူများဖော်စား ဆိုသလို ဟုတ်တယ် သိသူတွေစားနေကြတာ။ မြန်မာပြည်မှာ cryptocurrency လုပ်သူက အနည်းငယ်ရှိပေမည်။ အဆိုပါ အနည်းငယ်မှာ Trading လုပ်သူကများပြီး ကျုပ်တို့လို Hive မှာ စာရသူက အတော်နည်းပေသည်။ Hive မှာ စာ ရေးသူ အရေအတွက်က လက်ရော ခြေရော ရေတွက်ပါက ရပေမည်။ ထို လက်ခြေ ရေတွက်သူများမှာပင် ထွက်သွားသူ၊ ဝင်လာသူနှင့် လျော့သွားသည်က များသည်။ စာရေးပါ ပိုစ့်တင်ပါဟု ချော့ပြောပါသော်လည်း စိတ်ဝင်စားမှု နည်းကြသည်။ ယခုအခါမှာ လူသစ်များကို တွေ့လာရသည်။ အချိန်အားသူနှင့် Cryptocurrency က မြန်မာပြည်မှာ အနည်းငယ်လှုပ်ခတ်လာသည် လည်းပါပေမည်။ ကိုယ်တွေကတော့ အေးဆေပါ hive မှာ စာရေးသည်ကပင် အလုပ်အတော်များပေသည်။ ဒီကြားထဲ လောဘတက်လာလို့ ကိုဟိန်း မိတ်ဆက်ပေးသည့် Ether မှာ အကောင့်ဖွင့်ပြီး သွား Intro ထားပါသေးသည်။  Intro ပြီး ပစ်ထားရသည်။ ဆက်ပြီး မလုပ်နိုင် ကိုယ့် hive မှာ စာရေးသည်ပင် လက်မလည်။ မနက်မိုးလင်း သည့်နှင့် လုပ်စရာရှိတာလုပ်ပြီး ဖုန်းကိုင်ရသည်။ Pi ဖွင့်သည်။ MPT ပွိုင့်ယူသည်။ click to Donate နှိပ်သည်။ ecency ဖွင့်၍ vote ပေးသည်။ မန့်၍ pizza ပို့ရသည်။ ကိုယ့် မန့်ထားသူကို ပြန်မန့်၍ ပီစာပို့ရသည်။ အခြားသူများ၏ Hive postများကို လိုက်လံဖတ်သည်။ ဒါတောင် အကုန်မဖတ်နိုင် ကိုယ်ဖတ်ချင်တာလေးရွေးဖတ်သည်။ သူများတွေ ဗုတ်ပေးပြီး ကိုယ်ပိုစ့်တင်သည့်အခါ ဗုတ် 100%ပြည့်ဖို့စောင့်ရပြန်။ ယခုအခါ ပိုစ့်တင်သူများ၍ ဗုတ်ပေးရသည်မှာ ချိန်ရပါတော့သည်။ ဒါတောင် Torum မှာ ဘန်းခံထား၍ သူ့ဖက် မလှည့်အား။ Dbuzz မှာလည်း ပိုစ့်မတင်နိုင်။ သူများတွေတင်တာ အားကျ ဗုတ်ပေးရသည်။ ဟော့ pizza သုံးဆယ်ဝယ်ထားတော့ ပီစာတွေပို့ရတာ အမောပ။ သူ့ကိုယ့်ပို့ ကိုယ့်သူပို့နဲ့ ပီစာတွေ အီစလံဝေချက်။ အပြင်မှာတော့ ပီစာ မစားရတာ ကြာပေ့ါ။ ရွှေကျီးက သီးစုံပီစာ နှစ်ထောင့်ငါးရာတန် လေး သတိရသပ။ အင်း တဏှာ တဏှာ။ အော် pizza pizza. @htwegyi 16-8-21
👍 crc, creative-pi, toni.pal, ctime, sqube, gangstalking, arcange, senseiphil, fengchao, raphaelle, laruche, walterjay, felt.buzz, hive-143869, asterkame, lwanwai, suhlaing, sawlwin, aggamun, aunggyi100, tin.aung.soe, golden.future, htwegyi, walarhein, callmemaungthan, kachinhenry, uthantzin, heinkhantmaung, kyawthuhein, hivebuzz, steemitboard, mindone,