လမ်း
hive-122133·@htwegyi·
0.000 HBDလမ်း
 လမ်း ဆိုတာ လူသွား၊ ယာဉ်သွားဖို့ ဖောက်ထားသည်။ ဆင်သွား လမ်းဖြစ်။ ဆင်ဆိုသည်ကား ကြီးမားသည့်ခန္ဓာနှင့် ကြီးမားသည့် ခြေဝိုင်းရှိသည်။ ဒီတော့ သူသွားရာ လမ်းတလျှောက် ခြုံနွယ်များက သူ့ခန္ဓာကိုယ်ကြောင့် ကျိုးကြေ ပြုတ်ထွက် ကာ အောက်ခြေမှာရှိ အပင်ငယ်များလည်း သူ့ခြေဖဝါးအောက် ပြားပြားဝပ်သွားသည်။ ထိုကြောင့် ဆင်သွားရာတလျှောက် လမ်းကြောင်းဖြစ်ခဲ့ပေသည်။  မြေလမ်း၊ ကျောက်ကြမ်းလမ်း၊ ကတ္တရာလမ်း ထိုမှတဆင့် အဆင်မြင့် နိုင်လွန် ကတ္တရာလမ်း ဟူ၍ရှိပေသည်။ မြေလမ်းသည်ကား မိုးရာသီမှာ သွားလာရာတွင် ရွှံ့နွံဖြစ်၍ အသွားခက်စေသည်။ ကျောက်ကြမ်း လမ်းက မြေလမ်းလို ရွှံ့နွံ မရှိသော်လည်း သွားလာရာတွင် ခုန်ခါ၍ လမ်းကြမ်းသည်ဟု ပြောသည်။  ကတ္တရာလမ်းကတော့ သက်တောင့် သက်သာရှိသည်။ သို့သော် အဖုအထစ်လေးများ အနည်းငယ်ရှိသည်။ ဟော့ နိုင်လွန်ကတ္တရာ လမ်းကတော့ ဖြောင့်ဖြူးချောမွေ့ပေသည်။ လမ်းဖြူး၍ ကလေးတို့က စက်ဘီးစီး၊ စက်ကိတ်စီးကြပေသည်။ စီးလို့လည်း အင်မတန်ကောင်းပေသည်။  ဘဝတွေကရော ယခုချိန်မှာ အဆိုပါလမ်းများ နှင့် ပုံခိုင်းနှိုင်းရပါလျှင် မည်သည့်လမ်းများ ဖြစ်နေကြပါသလဲ ? ။ ပြောရပါလျှင် ယခုအချိန်မှာ နိုင်လွန်ကတ္တရာ လမ်းတော့ ဟုတ်ကြပေလိမ့်မည် မထင်မိပါ။ သို့သော် နိုင်လွန်ကတ္တရာ လမ်းမကြီးဆီသို့ တရွေ့ရွေ့ ချီတက်နေကြပေအုံးမည်။ @htwegyi 1-10-2021
👍 crc, tin.aung.soe, golden.future, asterkame, ashinn, donjaun, walarhein, sawlwin, aung.kyaw.htet1, heinkhantmaung, pdf-nug, htwegyi, sanat, good-karma, esteemapp, esteem.app, ecency, ecency.stats, aunggyi100, princekham, lwinoomg, kachinhenry, callmemaungthan, myothuzar, uthantzin, elisheva, viviankay00, pob.curator,