မဝေးတော့သည့် ခရီးပန်းတိုင်
hive-122133·@htwegyi·
0.000 HBDမဝေးတော့သည့် ခရီးပန်းတိုင်
 မိုးတဖွဲဖွဲကျလာသည်။ ပတ်ဝန်ကျင်မှ သစ်ပင်များ စိမ်းစိုလန်းဆန်းသွားသည်။ မြင်ရတာ မျက်စိအေးစရာပါ။ သဘာဝတရားက အလှတရားအပြည့်။ လူသားတို့က မောဟအပြည့် သံသရာဝဲထဲ ပျော်မြူးဆဲ။ အဆုံးအစမဲ့ မိုးကုတ်စက်ဝိုင်းကြီးအောက်မှာ နေရာင်ဖြာအလင်းများနဲ့ ကြည်လင်း သန့်ရှင်းနေပါတယ်။ လူသားများက အရောင်တွေကိုယ်စီဖြင့် ဆေးခြယ်နေကြတာက စိတ်မချမ်းသာဖွယ်။ ငှက်ကျေးတို့က တေးဆိုနေသည်။ သာယာဖွယ်ကောင်းသည့်အသံများဟု ယခင်က ထင်ကြသည်။ ယခုရော အဆိုပါခံစားချက်ကို ခံစားမိကြပါသေးလား။ မောဟ အပူအောက်ရောင်ခြည်များကြား တေးဆိုငှက်ကလေးတွေ အတောင်ဖျံဖို့ တအားပူနေရှာကြပေါ့။  ဒီလိုပါပဲ ဟိုငေး၊ ဒီတွေးရင်း ရာသီစက်ဝန်းက တပတ်ကျော်လို့ တဝက်ကိုရောက်ခဲ့ပေါ့။ အံ့ခဲ မာန်မဲရင်း အားတင်းသူရှိသလို။ အဆင်ပြေသလို နေထိုင်သူများလည်းရှိသည်။ မဆိုင်သလို နေသူများလည်းရှိပြန်သည်။ မည်သို့ပင်ဆိုစေ အောင်ပွဲက မုချ ရောက်ပေတော့မည်။ မဝေးတော့သည့် အချိန်တခုအတွက် လူညီရင် ခရီးက မြန်ပေမည်။ လူညီညီ မညီညီ ခရီးပန်းတိုင်ကို လှမ်းခဲ့တူညီသူတွေ ရှိပြီးဟာမို့ မဝေးတော့သည့် ခရီးပန်းတိုင်က လှမ်းပြီး မြင်နေရပြီလေ။ @htwegyi 18-6-2022