တနှစ်ကူးချေပြီ။
hive-122133·@htwegyi·
0.000 HBDတနှစ်ကူးချေပြီ။
 ဒီနေ့ည နှစ်သစ်ကူးမည်ဆိုတော့ တူမက ည အကင်လုပ်စားမည်ပြောသည်။ အကင် လုပ်စားရန် ကြက်သား၊ ဝက်သားနှင့် ငါးဖယ်များ အနည်းငယ်စီဝယ်လာသည်။   ကိုယ်တွေလည်း သူက လုပ်စားမည်ဆို၍ ဝိုင်းပြီးကူရသည်။ အကင်မလုပ်မှီ ဖက်ထုပ် ကြော်စားသည်။ ဖက်ထုပ်အတွက် အချဉ်နှင့် အကင်နှင့်စားရန် အချဉ်ကို ကျွန်တော်က လုပ်ရသည်။   မန်းကျီးသီးမှည့်ကို ရေဆေး၍ ရေနွေးပူဖြင့် စိမ်ထားသည်။ မန်းကျီးသီးနှင့်အတူ ထန်းလျှက်ခဲ သေးသုံးခဲပါထု၍ ထဲ့ကာ စိမ်ထားသည်။ ဂျင်း၊ ကြက်သွန်ဖြူနှင့် ငရုပ်သီးစိမ်းများကို ဆားထဲ့၍ထောင်းသည်။   ဂျင်း၊ ကြက်သွန်ဖြူနှင့် ငရုပ်သီးစိမ်းေထာင်း များကို မန်းကျီးမှည့်ရည်ဖြင့် ပျစ်ပျစ်လေးရော၍ အချဉ်လုပ်သည်။ ရှယ်ကောင်းသည့် အချဉ်ပါလေ။ ကိုယ့် အချဉ်မို့ ကိုယ်ကောင်းသည်ဟု မပြောချင် ဖက်ထုပ်နှင့် နမူနာ တို့စားသည်ပင် လျှာလည်သွားပေသည်။ ယနေ့တော့ ထိုအကင်၊ အချဉ်နှင့် ဖက်ထုပ်များ ပြုလုပ်နေ၍ ပိုစ့်တင် နောက်ကျသည်။ နှစ်သစ်မှာ နှလုံးစိတ်ဝမ်းငြိမ်းချမ်း၍ ဘေးဘယာ ဝေးကွာပါစေ။ @htwegyi 31-12-2022
👍 johndieo, koshwe, walarhein, aggamun, ansoe, princekham, suhlaing, golden.future, tin.aung.soe, heinkhantmaung, aung.kyaw.htet1, sawlwin, lwinlwinmyint, aein.shwin.lann, htwegyi, elisheva, kachinhenry, holovision.make, melinda010100, rt395, good-karma, esteemapp, esteem.app, ecency, ecency.stats, eturnerx, xecency, drwom, auleo, cherryng, gogreenbuddy, anhdaden146, happydolphin, ace108, kaunglay2,