အတက်​အကျဟူသည်
View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@jhonnight·
0.000 HBD
အတက်​အကျဟူသည်
![financial-3207895_1920.jpg](https://steemitimages.com/DQmfJxHXTB6gUpsSU49beQmqE2AnRf92C4oNLRpz6wbCnGn/financial-3207895_1920.jpg)
[Image Source](https://pixabay.com/en/financial-planning-report-chart-3207895/)
မိုးကအုံ​ဆိုင်းဆိုင်းနှင့်​ ရွာချင်​သလိုလို
မရွာချင်​သလိုလိုနှင့်​။
ည​နေပိုင်း မိုးအုံ​နေသဖြင့်
စိတ်​​တွေလည်း ​လေးလံထိုင်းမှိုင်း​၍​နေသည်​။
စိတ်​မကြည်​​တော့ 
အ​တွေးအ​ခေါ်​တွေ မဆန်းသစ်​​နိုင်​​​ပေ။
ဆန်းသစ်​​သော အ​တွေးအ​ခေါ်​တွေမရှိ​ပြန်​​တော့
စာလည်း ​မ​ရေးချင်​ဘူး​ပေါ့ဗျာ.....။
စာလည်းမ​ရေးချင်​တာနဲ့ 
Steem​ဈေးအ​ခြေအ​နေ​လေး
ကြည့်​အုံးမှာပါဟူ၍
Browser​လေးဖွင့်​ပြီး ကြည့်​​လိုက်​​မိ​တော့
အလို​လေး ​ဈေး​တွေပြန်​​တက်​​​​​နေ​လေသည်​။
တအိအိပြန်​တက်​လာသည့်
steem/sbd ​တွေ​ကိုကြည့်​ရင်း
မကြည်​လင်​တဲ့ စိတ်​​တွေ တဖြည်းဖြည်းလန်းဆန်း တက်​ကြွလာ​တယ်​။
စာ​ရေးချင်​စိတ်​​တွေလည်း တိုးပွားလာသည်​။
အရင်​ရက်​​တွေမှာ ​steem​ဈေး
2$​အောက်​ကို ကျဆင်း​သွားခဲ့သည်​နှင့်​ အတူ
MSCမှ အ​ထာက်အပံ့ေ​ပး​နေသည့်
Promotion ကိုရယူ​သူများလည်း
အ​တော့ကိုနည်းပါးသွားခဲ့​​ပါသည်​။
အခုလို ​​steem coin​ဈေး​တွေ
တစ်​ဖန်​ပြန်​တက်​လာ​တော့
ကျ​နော်​အရမ်း​ပျော်​ပါသည်​။
ဘာ​ကြောင့်​လဲဆို​တော့
coin​ဈေး​တွေတက်​လာလျှင်​ 
စာ​ရေးသူ​တွေ၊ postတင်​သူ​တွေလည်း
တိုး၍တိုး၍လာပါသည်​။
Voat​ပေးသူ​တွေ၊ comment​ပေးသူ​တွေနှင့်
Steemitကြီးလည်း ပို၍ စည်းကားလာ​ပေသည်​။
ယ္ခုလို​ ဈေးတက်​လာတာဟာ 
တစ်​မျိုးလည်း​ကောင်းသလို
တစ်​မျိုးလည်းမ​ကောင်း​ဘူး။
ကောင်းတယ်​ဆိုတာက​တော့
ဈေးတက်​တာနဲ့အမျှ post​တွေမှာ
($)ရတာများလာမယ်​၊
Boostလုပ်​ထားရင်​အမြတ်​​တွေပိုရလာမယ်​​ပေါ့ဗျာ။
မ​ကောင်းဘူးဆိုတာက​တော့
Steem ​ဈေးတက်​လာတာနဲ့အမျှ 
Steem Power (SP)စုဖို့
ပိုပြီးခက်​ခဲလာမယ်​။
Spအရနည်းလာမယ်​​ပေါ့ဗျာ....။
ဒါ​ကြောင့်​ ကျ​နော်​တို့ leaderကြီး
အမြဲ​ပြောတဲ့ စကား​လေးနဲ့ပဲနိဂုံးချုပ်​ပါရ​စေ.....။
**Steem ဈေးမတက်မှာ မပူပါနှင့်
မိမိ၌ လုံလောက်သော SP မရှိမှာကိုသာ တွေးပူပါ**
စာဖတ်​သူအားလုံး စိတ်​၏ချမ်းသာခြင်း
ကိုယ်​၏ကျန်းမာခြင်းများနှင့်​ ပြည့်​စုံနိုင်​ကြပါ​စေဗျာ......။
Author By @jhonnight 
MSC-046
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,