ယနေ့ခေတ်ကလေးများ
hive-122133·@johndieo·
0.000 HBDယနေ့ခေတ်ကလေးများ
 [Photo Source](https://pixabay.com/es/photos/beb%c3%a9-ni%c3%b1o-peque%c3%b1o-tel%c3%a9fono-5871185/) ယနေ့ခေတ် ကလေးများ ဆိုတော့ ကျွန်တော်တို့က အသက်အတော်လေး ကြီးသွားပြီဟု ထင်စရာ ရှိပါတယ်။ ရှိစေတော့ အငယ်လေးများနှင့် ယှဥ်လျှင် ကျွန်တော်သည် အသက်ကြီး နေပါပြီး။ ဒီလိုပါဘဲ တိုးတက်လာသည့် နည်းပညာရေစီးကြောင်း ကိုလည်း အသည်းအသန် အမှီ လိုက်နေရပါ သေးတယ်။ ဒါတောင် ယနေ့ခေတ် ကလေးငယ်များကို စိတ်တိုင်း မကျသည့် ကိစ္စများ ရှိနေပါသေးတယ်။ အကြောင်းကာ ကိုးနှစ် ဆယ်နှစ် ကလေးများ Social အသုံး ပြုနေခြင်းပင်ဖြစ်ပါတယ်။ ယနေ့ခေတ် နည်းပညာတိုးတက်လာခြင်းနှင့် အတူ ကလေးငယ်များသည် နည်းပညာများကို ဖွားဖက်တော် ကဲ့သို့ အတူဒွန်တွဲ၍ မွေးဖွားလာခဲ့ပါတယ်။ မိဘများကလည်း ကလေးများ ငြိမ်နေလျှင် ပြီးရော ဆိုသည့် သဘောဖြင့် မိမိတို့၏ ဖုန်းများကို အတင်းထိုးပေး တက်ပြန်ပါတယ်။ ဖုန်းအား အသုံးပြုခြင်းနှင့် အတူ နည်းပညာများကို မစိမ်းတော့ပေ။ ဒီအချက်သည် ကောင်းမွန်သည့် အချက်တစ်ခုပါ။ ကလေးငယ်များသည် Online မှ တစ်ဆင့် အသိပညာအသစ်များ၊ အတက်ပညာများ နှင့် ဘာသာ စကားများကို အလွယ်တစ်ကူ လေ့လာနေနိုင်ပါတယ်။ အသစ် အသစ်သော ဖန်တီးမှု များကိုလည်း လုပ်ဆောင် နိုင်ကြသည် ဖြစ်ပါတယ်။ ကျွန်တော်တို့ ခေတ်တုံးက ၎င်းကဲ့သို့ နည်းပညာများ ကိုလည်း စိတ်ကူးထဲတောင် မရှိခဲ့ပါဘူး။ နိုင်ငံခြား ရုပ်ရှင်ကားများကို ကြည့်မှသာ Telephone ကို မြင်တွေ့ကြရပါတယ်။ So Close ကားလေးကို ကြည့်မှ Computer အကြောင်းကို သိလာရပါတယ် ( Star War တွေ ကြည့်ပြီးတော့ Computer အကြောင်းတွေ စိတ်ဝင်စားခဲ့ပါတယ် )။ ယနေ့ခေတ် ကလေးများကတော့ အလွယ်ရနေတော့ တန်ဖိုးမထားတက် ကြပြန်ပါဘူး။ ဟိုနေ့ကဆို အတော်ငယ်သေးသည့် ကလေး တစ်ယောက် Ome TV သုံးနေသည့် Video file တွေ တွေ့ရတယ်။ အမှန်ဆိုလျှင် အသက်အရွယ် ငယ်လွန်းသည့် ကလေးများ မသုံးသင့်ပါဘူး။ YouTube အသုံးပြုတာတောင် ကလေးငယ်များအတွက် Kid Mode လေးဖြင့် သုံးသင့်ပါတယ်။ ဘယ်ကိစ္စမဆို ဘေးထွက် ဆိုးကျိုး ရှိနိုင်သောကြောင့် အုပ်ထိန်းသူများမှ ထိန်းကျောင်း ပေးမှသာ သင့်တော်ပါလိမ့်မယ်။ @johndieo 20.5.2022