အဆိပ်သင့်ဝိုင်တစ်ချို့ - အဆိပ္သင့္ဝိုင္တစ္ခ်ိဳ႕

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@julybrave·
0.000 HBD
အဆိပ်သင့်ဝိုင်တစ်ချို့ - အဆိပ္သင့္ဝိုင္တစ္ခ်ိဳ႕
![image](https://img.esteem.ws/6tbbvks6gt.jpg)

လောကမှာ လောဘသားတွေချည်းနေကြတာ သူ့ထက်
ငါဦး ရယူချင်ကြသူတွေချည်းပါပဲ အခွင့်ရေးကိုချောင်း
မြောင်းနေဖို့ဆိုရင် မမေ့သင့်တာတစ်ခုက သူလည်းမင်း
လိုပဲ ချောင်းနေတယ်ဆိုတာပဲ မင်းဘယ်လိုတွေးခေါ်
မယ် ဘယ်လိုလုပ်မယ်လို့မင်းတွေးတုန်းပဲရှိသေးတယ်
သူတို့ကမင်းထက်အရင်လုပ်ပြီးနှင့်ကြပြီ သူတို့ဘာမှဂရု
စိုက်လိမ့်မည်မထင်နဲ့ မင်းအတွက်တော့ ငါးအရိုးကျန်ရင်
တောင်တော်တယ်ပြောရမယ် အခွင့်ရေးဆိုတာ မင်း
အတွက်ချည်းရှိတာမဟုတ်ဘူးနော် လူသားတိုင်းမှာရှိ
နေတာ မင်းအတွက်နေရာတစ်ခုရဖို့အများကြီးခဲယဉ်း
တယ် မင်းဘယ်လောက်ပဲကြိုးစားကြိုးစား သူတို့ကမင်း
အရင်လက်ဦးနေကြတယ်ဆိုတာကိုလျော့မတွက်ပါနဲ့
မင်းလုပ်မယ်ကြံတဲ့အရာတိုင်း သူတို့လုပ်ပြီးပီ သူတို့
တီထွင်ပြီးပီ မင်းဘယ်ဟာကိုလုပ်မလဲ ဘယ်လိုလုပ်
မလဲ ကိုယ့်ဘာသာတီထွင်ကြံဆနိုင်မလား ဒါမှမဟုတ်
မင်းကိုယ်တိုင်က သူတို့ထက်ဦးအောင်ဘယ်လိုလုပ်နိုင်
မှာလဲ စဉ်းစားဖို့လိုတယ် ပြီးတော့ လုပ်နိုင်တဲ့အရည်ချင်း
ရှိဖို့လိုတယ် ဒီနေ့မင်းဟာ သူတို့ထက်နောက်ကျသလို
နောက်နေ့မှာလည်းနောက်ကျချင်နောက်ကျနိုင်တယ်
အမြဲတမ်းလဲနောက်ကျနိုင်မယ် မင်းဘာကိုဘယ်လိုလုပ်
ပြီးသူတို့ထက်သာမယ်ဆိုတာကို မင်းသိအောင်ကြိုးစား
ဖို့နဲ့ သူတို့ထက်ဦးအောင်ဖြစ်နိုင်ဖို့ စွမ်းဆောင်းနိုင်ရမယ်
အရည်ချင်းမင်းရှိဖို့လိုတာကို မင်းသိနေပေမဲ့အခြေနေကို
ချင့်ချိန်တတ်ဖို့လည်းလိုပြန်တယ် သူတို့ကအမြဲမင်းရဲ့
ရှေ့မှာပဲ ရောက်နေနိုင်မှာလား ဒါမှမဟုတ်မင်းကသူတို့
အရင်ရောက်မလားဆိုတာ မင်းရဲ့လုပ်ရည်ကိုင်ရည်
အပေါ်မှာပဲမူတည်တယ်.....။

 ![image](https://img.esteem.ws/8bpw614k5j.jpg)

အပေါ်မှာပဲမူတည်တယ်.....။

Own Writer @julybrave

Image Source: google
👍 , , , , , ,