Hard Fork 21 အပိုင်း ( ၁ ) ( Henry Aung )

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@kachinhenry·
0.000 HBD
Hard Fork 21 အပိုင်း ( ၁ ) ( Henry Aung )
![henry Aung.jpg](https://cdn.steemitimages.com/DQmRrFPsdmEWKExjUV4WLnndrJ8YTMWMebAq1XZdz9KhGeY/henry%20Aung.jpg)

မင်္ဂလာပါ။ ဤ HF21 အကြောင်းအရာဆောင်းပါးသည် ဆောင်းပါးရှင် @justineh ၏   Normie Talk - HF21 Explained (SPS + EIP) What it is and what happens next  ဆောင်းပါးအား မှီငြမ်း၍ မိမိအမြင်ဖြင့် ပြန်လည် ရေးသားထားသော ဆောင်းပါး ဖြစ်ပါသည်။ ဤ ဆောင်းပါးတွင် နည်းပညာဆိုင်ရာ အမှားများ သို့မဟုတ် မူရင်း HF21 နည်းပညာနှင့်လွဲမှားနေသော အကြောင်းအရာများ ပါသွားခဲ့လျင် ဘာသာပြန်သူ မိမိ၏ ညံ့ဖျင်းမှုသာ ဖြစ်ကြောင်း ဝန်ခံပါသည်။

 Steemit တွင် ကျွန်တော်သိမှီလိုက်သော အစေားဆုံး HFမှာ 16 ဖြစ်ပါသည်။ ယခင်တုန်းကတော့ HF အဆင့်မြှင့်တင်မည်ဆိုလျင် ရင်ခုန်ရမြဲဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် HF အဆင့်မြှင့်မည် အသံကြားတိုင်း steem ဈေး မသိမသာ တက်သွားလေ့ရှိသောကြောင့် ဖြစ်ပါသည်။ Blockchain နည်းပညာ ၏ Hard Fork ။ 

Hard Fork ဟူသည် မှာ blockchain အပေါ်တွင် လုပ်ဆောင်သော လုပ်ငန်းများ ( post တင်ခြင်း ၊ vote ပေးခြင်း ၊ comment ပေးခြင်း ၊ ငွေလွဲခြင်း ) အား Block များ အနေဖြင့် သွားသည် ဖြစ်ရာ ထိုBlockများမှာ တခုနှင့်တခု ချိတ်ဆက်နေကြပါသည်။

 Steemit platform ပေါ်ရှိထို Block များအား တခုနှင့်တခု အဆက်ပြတ်မသွားစေရန် Block များအား ချိတ်ဆက်ပေးသူများအာ Witness ဟု ခေါ်ပါသည်။ Steemit ရှိ witness များအား Steemit platform အသုံးပြုကြသူများ မဲပေးရွေးချယ်ယူကြပါသည်။ ထားပါ။ ဤဆောင်းပါးသည် Witness များအကြောင်းဖေါ်ပြရန်မဟုတ်သောကြောင့်ချန်လှပ်ခဲ့ပါမည်။ 

ဆိုခဲ့သည့်အတိုင်း မူရင်း လည်ပါတ်နေသော blockchain အား နည်းပညာ အဆင့်မြှင့်လိုသောအခါ Blockchain အသစ်ဖြင့်အစားထိုးရပါသည်။ ထိုအသစ်သော blockchain ဝင်ရောက်နေရာယူရန်အတွက် အဟောင်းသော blockchain အားဖယ်ထုတ်ရပါသည်။ ဤသည်ကို Hard Fork ဟုခေါ်ပါသည်။

 ထိုအဆင့်မြှင့်တင်မှုပြုလုပ်ရာတွင် Withness ဆိုသူများက လုပ်ဆောင်ပေးကြပါသည်။ ထို့ကြောင့် Steemit platform အနေဖြင့် ယခုတကြိမ် နည်းပညာ အဆင့်မြှင့်တင်ခြင်းသည် ၂၁ ကြိမ်မြောက် မြှင့်တင်ခြင်း ဖြစ်ပါလိမ့်မည်။ အလွယ်ဆုံး ဥပမာပြရလျင် ကျွန်တော်တို့ သုံး နေသော ဖုန်းများ system update လုပ်သည်နှင့်ဆင်တူပါသည်။ လက်ရှိ HF21 မှာ လွင့်တင်ခြင်း မပြုလုပ်ရသေးပါ။ Test net ဟုခေါ်သော အစမ်းလေ့ကျင့်သော network တွင် Withness များက ထိုနည်းပညာ အသစ်အား အမှား အယွင်း မရှိစေရန် စမ်းသပ်နေဆဲဖြစ်ပါသည်။


![01.jpg](https://cdn.steemitimages.com/DQmRnNVa2ZKZut4cFDUYuWoCHTePZ8gHduZfHmgGqMDSsu4/01.jpg)


 ထိုနည်းပညာ အသစ် ထွက်လာလျင် မည်သို့သော ပြသနာများ ဖြစ်နိုင်သည် ၊ မည်သူတို့က မည်ပုံ အန္တရာယ်ပေးနိုင်သည်၊ မိမိ wallet တို့၏ လုံခြုံရေး စသည်စသည်တို့အား အမျိုးမျိုး စိတ်ကျေနပ်လောက်အောင်စပ်းသပ်ပြီးမှ လွင့်တင်မည် ဖြစ်ပါသည်။ ဤသို့ လွင့်တင်ရာတွင်လည်း ထိပ်ဆုံးရှိ witness အယောက် ၂၀ တွင် ၁၇ ယောက်အတည်ပြုမှ ထို blockchain အသစ်အား လွင့်တင်နိုင်မည် ဖြစ်ပါသည်။ ဤသည်မှာ Hard Fork 21 ။ 



ယခု အသစ်ထွက်လာမည့် Hard Fork 21 တွင် အဘယ့်ကြောင့် ထိုမျှလောက် ပြသနာများနေရပါသနည်း။ ပထမ တခုမှာ SPS ( steem proposal system ) ဒုတိယတခုမှာ EIP ( Economic Improvement Proposal ) တို့ ကြောင့် သဘောတူ၏ မတူ၏ စကားများနေကြခြင်း ဖြစ်ပါသည်။ SPS ကိုအရင်ကြည့်ရကြအောင်။

 SPS ဟူသည်မှာ အသစ်ထွက်ပေါ်လာသော HF21 တွင်ထည့်သွင်းထားသော စနစ်သစ်ဖြစ်ပါသည်။ ဤစနစ်သည် Steemit အသုံးပြုသူ မည်သူမဆို မည်သည့် အဖွဲ့အစည်းမဆို တိကျသော လမ်းညွန်မြေပုံများ ဖြင့် ကျွန်တော်ကျွန်မတို့ Steemit platform အားအမှီပြု၍ မည်သို့မည်ပုံ ကြီးပွားအောင် သို့မဟုတ် Steemit အား လူပိုသိအောင် သို့မဟုတ် Steemit platform အား တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ ဖြစ်စေ အကျိုးသက်ရောက်စေသော project များအား အဆိုပြု၍ Fund ဟုခေါ်သော မတည်ငွေ တောင်းခံနိုင်သော စနစ်ဖြစ်ပါသည်။

 အကြံအစည်ရှိသည် ငွေရင်းမရှိဆိုသူများ အတွက် အလွန်ကောင်းမွန်သော စနစ်ဖြစ်ပါသည်။ မိမိ၏ အဆိုပြုချက်တွင် တိကျသော လမ်းညွန်များ ပါဝင်ရန်သာလိုအပ်ပါသည်။ ဆိုလိုသည်မှာ ရရှိလာသော Fund အား မည်သို့မည်ပုံ အသုံးချ၍ မည်သို့ လုပ်ဆောင်ပါမည်ဟု တိကျသေချာသော လမ်းညွန်ပါဝင်ရန်လိုအပ်ပါလိမ့်မည်။ 


![02.jpg](https://cdn.steemitimages.com/DQmZVAH4fcKMDrwn2odDgfeX4hc59gBhTJ9g3NborZHYtou/02.jpg)

ဤသို့ မိမိ ၏ အကြံအစည် project များအား အဆိုပြုချက်တင်ရာတွင် SBD 10$ ပေးဆောင်ရမည် ဖြစ်ပါသည်။ ဤသည်မှာ အလကား ပိုက်ဆံမပေးရတိုင်း အဆိုပြုချက်များ တနေ့လျင် အခု၂၀ လောက် တွန်းတင် နေခြင်းကို ကာကွယ်လို၍ ဖြစ်ပါသည်။

 မိမိ၏ အဆိုပြုချက်အား SPS ကလက်ခံ၍ သဘောကျကြောင်း အတည်ပြုပေးလိုက်သောအခါ Fund မည်မျှရမည်နည်း။ ဟုတ်ကဲ့ မိမိအကြံအစည်အား အကောင်အထည်ဖေါ်ရန် steem ၂ သိန်းရရှိပါလိမ့်မည်။ ထို Steem ၂ သိန်းအား အသုံးချ၍ Steemit platform ပေါ်တွင် မိမိ ၏ project အားစတင်အကောင်အထည်ဖေါ်နိုင်ပြီဖြစ်ပါသည်။ 

ဤစနစ်သည် အလွန်ကောင်းမွန်သော စနစ်ဖြစ်ပါသည်။ Steemit platform ပေါ်တွင် မတူညီသော လုပ်ဆောင်ချက်များဖြင့် စီးပွားရေးများ ၊ ဂိမ်းများ ၊ Social media စသည်စသည်တို့အား အကောင်အထည်ဖေါ်နိုင်မည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ မိမိတို့ စီးပွားရေးလုပ်ရန် ရင်းနှီငွေ ထုတ်ပေးသည် မိမိ၏ စီးပွားရေး အကြံအစည်အား အောင်မြင်အောင်လုပ်ဆောင်ရန်သာ လိုအပ်ပါသည်။

 သောက်ကျိုးနည်းအောင်ကောင်းသော စနစ်ဖြစ်ပါသည်။ သို့သော် ဤမျှ ကောင်းသော စနစ်အား အဘယ်ကြောင့် လက်ခံသည် လက်မခံဘူး ငြင်းခုံနေကြပါသနည်း။ အကြောင်းမှာ ထို Fund အဖြစ် ထုတ်ပေးမည် ဖြစ်သော steem ၂ သိန်းက ဘယ်ကနေထုတ်ပေးမည်နည်း ဆိုသည့်အပေါ် ငြင်းခုံနေကြခြင်း ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

![logo.png](https://cdn.steemitimages.com/DQmdxsQfEZPeBF5GymaYkMgLWH3yBPQXE5T2pkEChqcW28D/logo.png)
Author : Henry Aung ( Kachin )
MSC : 001
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,