Hive platform ပေါ်မှ အတွေးများ (၅) (Henry Aung)
myanmar·@kachinhenry·
0.000 HBDHive platform ပေါ်မှ အတွေးများ (၅) (Henry Aung)
 မင်္ဂလာပါ။ လက်ရှိအချိန်အထိ ကျွန်တော်ရေးသားခဲ့သော Hive platform အတွေးများသည် အပိုင်း (၅) အထိရောက်သွားခဲ့ပြီ ဖြစ်ပါသည်။ မိတ်ဆွေအနေဖြင့် စဉ်းစားကောင်းစဉ်စားနိုင်ပါသည်။ ကိုဟင် တယောက်တနေကုန် ဘားမှမလုပ်ပဲ Hive platform အကြောင်းပဲစဉ်စားနေသည်လားမသိဟူ၍။ ဟုတ်ကဲ့။ ကျွန်တော့အနေဖြင့်လည် အိမ်တွင် အကျယ်ချုပ်ကျနေသကဲ့သို့ ဖြစ်နေသောကြောင့် Hive platform အကြောင်းစိတ်ကူးယျဉ်နေယုံသာရှိပါသည်။ Hive coin များ စျေးတက်လာလျင် ဘာလုပ်မည်။ဝယ်ယူထားသော coin /token များ စျေးတက်လာလျင် ဘာလုပ်မည် စသည်ဖြင့် လေဖမ်းဒန်းစီး ရသော အရသာမှာ Coin / Token တို့ ဝယ်ယူရင်းနှီးထားသူတို့သာသိနိုင်ပါသည်။ ယခုလောလောဆယ် Covid-19 ကြောင့် တကမ္ဘာလုံး စီးပွားကပ်ဆိုက်၍ အလုပ်ရုံစက်ရုံများ ပိတ်သိမ်း ၊ အိမ်ပြင်မထွက်ရ ၊ ခရီးမသွားရ ၊ စသည် တင်းကျပ်မှုများကြောင့် ကား ၊ ရထား ၊ လေယျဉ် တို့ ရပ်နားထားရကာ ကမ္ဘာ ရေနံစျေးကွက် ဝယ်လိုအားကျဆင်းလာနေပါသည်။ မည်မျှကျဆင်းနေပါသနည်း ဟုဆိုလျင် ယခင်က ရေနံစိမ်း တစည်လျင် USD $50 အထက်တွင် သာရှိရာ လွန်ခဲ့သော အပတ်တွင် USD $ 19 အထိကျဆင်းသွားခဲ့ပါသည်။ ကျွန်တော်လည်း လက်ကမြင်း၍ ရေနံစိမ်း stock ဝယ်ထားလိုက်ပါသည်။ ယခုအချိန် အသေချာဆုံး မှာ ရေနံစိမ်း stock ဝယ်ထားခြင်း ဖြစ်ပါသည်။ စက်သုံဆီစျေး တခါမှ ဤမျှလောက်မကျဖူးပါ။ စက်သုံးဆီ တလီတာ ၏ တန်ဖိုးသည် ရေသန့်ဘူး တလီတာ၏ စျေးအောက်သို့ရောက်သွားခဲ့ပါသည်။ အကွက်မြင်သူတို့ ဤ အချိန်တွင် စက်သုံးဆီ သိုလှောင်နိုင်လျင် အမြတ်ကြီးရနိုင်ပါသည်။ သို့သော် မီးဘေးသတိပြုပါ။ ကျွန်တော်ကတော့ Oil (WTI) stock အား စိတ်ဝင်စား၍ ဝယ်ရင်းထားပါသည်။ ကျွန်တော့ အတွေးထဲတွင်တော့ ဒေါ်လာ သန်းချီ ချမ်းသာလျင် ဤကဲ့သို့ သော stock အား မည်ကဲ့သို့ ကစားလိုက်မည် စိတ်ကူးသော်လည်း လက်ရှိ မိမိ၏ Hive account အား Hive power ၂ သောင်းသို့ ရောက်ရန်သာ အရင် စဉ်းစားနေရပါသည်။ အဘယ်ကြောင့်ဆိုသော် မိမိစိတ်ကူး အိမ်မက်အား Hive platform က အကောင်အထည် ဖေါ်ပေးနိုင်သောကြောင့် ဖြစ်ပါသည်။ မည်ကဲ့သို့ အကောင်အထည် ဖေါ်ပေးနိုင်သည်ကိုတော့မိမိမသိပါ။ ယခင် Steemit တုန်းကလည်း မိမိ ယုံကြည်ရာ တစိုက်မတ်မတ် လျှောက်လှမ်းခဲ့ပါသည်။ အဆင်ပြေသင့်သလောက်ပြေခဲ့ပါသည်။ မိမိ၏ ပိုင်ဆိုင်ထားသော ငွေကြေး မလျော့ပါးပဲ Hive အား ပိုင်ဆိုင်နိုင်ခဲ့ပါသည်။ Steemit ကြောင့် EOS အား ရရှိခဲ့သလို Hunt token အားလည်း ရရှိခဲ့ပါသည်။ Hive platform သည် တလသားပင်မပြည့်သေးသော platform ဖြစ်၍ သူ့ထံမှ အကျိုးအမြတ်ရရန် အများကြီး မျှော်လင့်မထားသေးပါ။ ကျွန်တော့ အနေဖြင့် Cryptocurrency ဖြင့် အကျိုးပေးသည်ဟု ယုံကြည်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဤ မမြင်ရသော ငွေကြေးမှ မြင်ရ ကိုင်တွယ်ရသော ငွေကြေး အဖြစ်သို့ အကြိမ်ကြိမ် ပြောင်းလည်း နိုင်ခဲ့သလို မိမိ ဆုံးရှုံးရမည့်ဘေးကလည်း အကြိမ်ကြိမ် လွန်မြောက်ဖူးခဲ့ပါသည်။ ဥပမာပြရလျင် Appics အနေဖြင့် ICO ခေါ်၍ ရေပန်းစားနေချိန်တွင် ကျွန်တော် ရင်းနှီးမြုပ်နှံရန် အလွန် စိတ်ဝင်စားနေခဲ့ပါသည်။ Appics ICO သည် Steem , SBD နှင့်ဝယ်ယူ နိုင်ရန် ၂၄ နာရီသာ အချိန်ရှိခဲ့ပါသည်။ ထို ၂၄ နာရီ အချိန်သည် ကျွန်တော် Over Night အလုပ်လုပ်နေရသော အချိန်ဖြစ်၍ ICO အား မမှီလိုက်ပါ။ တခုတော့ ကောင်းသွားပါသည်။ Steemit ၏ SMTS project များတွင် Appics သည် နာမည်အပျက်ဆုံး ဖြစ်သွား၍ Appics coin ဝယ်ယူထားသူတို့ Steem engine တွင်ရသမျှစျေးဖြင့် ထုတ်ရောင်းရသော အခြေအနေသို့ ရောက်သွားခဲ့ပါသည်။ Appics အား ရူးသွပ်ခဲ့သူများ တွင် ကျွန်တော်တယောက် အပါအဝင် ဖြစ်ပါသည်။ သို့သော်.... Appics သည် Steem Engine တွင်ဘဝဆုံးရသော အခြေအနေသို့ရောက်သွားခဲ့ပါသည်။ မိတ်ဆွေအနေဖြင့် Steem engine တွင် Appics token အား 1 APX = 1 Steem ဖြင့်ဝယ်ယူခဲ့ရလျင်..... လက်ရှိစျေးအားကြည့်လိုက်ပါ။ ဟုတ်ကဲ့ ကျွန်တော် Appics အတွက် Steem 50 ရင်းခဲ့ကြောင်းဝန်ခံပါသည်။ ကျွန်တော့ အတွေး ဖြစ်သောကြောင့် ရောက်တက်ရာရာရှိလှပါသည်။ အကယ်၍ မိတ်ဆွေတို့ သိလိုသည်များရှိလျင် ကော်မန့်တွင် မေးမြန်းနိုင်ပါသည်။ <div class="pull-left"> Henry Aung ( Kachin ) </div> https://files.peakd.com/file/peakd-hive/kachinhenry/Skn4ZPdC-H1.jpeg"