Hive platform ပေါ်မှ အတွေးများ (၆) ( Henry Aung )
myanmar·@kachinhenry·
0.000 HBDHive platform ပေါ်မှ အတွေးများ (၆) ( Henry Aung )
 မင်္ဂလာပါ။ ကျွန်တော်တို့ Hive coin အနေဖြင့် ယနေ့အတွက်တော့ ပထမဆုံး သမိုင်းမှတ်တိုင် တခုစိုက်ထူနိုင်ခဲ့ပါသည်။ ထိုအရာမှာ Hive coin စျေးဖြစ်ပါသည်။ ပထမဆုံး အနေဖြင့် စချိန်တင် 0.08$ အထိကျဆင်းသွားခဲ့ခြင်း ဖြစ်သလို စျေးကွက်ဝယ်လိုအား ရောင်းလိုအား အနေဖြင့် ယခင်က တရက်လျင် USD 3 သောင်း မှ အများဆုံး ၆ သောင်းကြားတွင်သာ ရှိခဲ့ပါသည်။ သို့သော် ယနေ့တွင်တော့ USD 3 သိန်းဝန်းကျင်ရှိခဲ့ပါသည်။ ဤသည်မှာ Hive coin သန်းနှင့်ချီ ပိုင်ဆိုင်သော အကောင့်တခု က စျေးကွက်ထိုးချလိုက်ခြင်း ဖြစ်ပါသည်။ Hive coin အနေဖြင့် အနိမ့်ဆုံး စျေးသို့ ရောက်သွားသော်လည်း ချက်ချင်းပင်ဝယ်လိုအား ပြန်တက်လာခဲ့ပါသည်။ ဆိုလိုသည်မှာ Hive coin အား အနည်းဆုံးစျေးတွင်ဝယ်ယူလိုသူများ ရှိနေသည်ကို ပြနေခြင်း ဖြစ်ပါသည်။ Hive coin အနေဖြင့် ယခုမှ အစဖြစ်သောကြောင့် စျေးကွက် အနိမ့်အမြှင့် အထုအထောင်းများအား အတော်ခံရအုံးမည် ဖြစ်ပါသည်။ ထို့ အပြင် Hive platform ပေါ်ရှိ App များကလည်း တည်ငြိမ်မှု မရှိသေးသော ကြောင့် Hive platform ၏ အနေအထားအား ခန့်မှန်းရခက်နေဆဲအနေအထားပင်ဖြစ်ပါသည်။ သို့သော် ကျွန်တော့ အနေဖြင့်ကတော့ အခြေချစရာ platform တခုရနေပြီ ဖြစ်၍ ကုတ်ကပ်တွယ်ကပ်ထားရန် အားထုတ်နေပြီ ဖြစ်ပါသည်။ ယခုအချိန်တွင် Hive platform သည်လည်း ယခင် Steemit platform ကဲ့သို့ပင် Blogging ကိုသာ အခြေပြုနေသော platform ဖြစ်နေပါသေးသည်။ Tic Tok ကဲ့သို့ အသုံးပြုရလွယ်ကူလာလျင် ခြေအနေ တမျိုး ဖြစ်လာနိုင်ပါသည်။ ကျွန်တော့ အနေဖြင့် Steemit platform တွင် မြန်မာစာ ဖြင့် စတင်ရေးသားသော အချိန်မှ စ၍ ယနေ့ Hive platform သို့ ပြောင်းလည်းလာသည့် တိုင် ကျွန်တော်လေးစားရသော အကောင့်ပိုင်ရှင် လေးယောက်ရှိပါသည်။အများ သိပြီး ဖြစ်ပါသည်။ ကိုဟိန်း ၊ ကိုဒွန် ဦးထွေး နှင့် ယွန်းသီရိ တို့ ဖြစ်ပါသည်။ Steemit ခေတ်ကောင်း စဉ်ကတည်းက တစိုက်မတ်မတ် လျှောက်လှမ်းလာခဲ့သည်တွင် ခေတ်ပျက်၍ တယောက်ပြီးပြီးတယောက် စွန့်ခွာသွားခဲ့လည်း မိမိတို့ ယုံကြည်ရာကို ဆုပ်ကိုင်၍ မိမိတို့ လုပ်စရာရှိသည်ကိုသာ လုပ်ဆောင်နေခဲ့ကြပါသည်။ အမှန်ဆိုရလျင် ကျွန်တော်တို့ကဲ့သို့သော မြန်မာစာ ရေးသားနေသူတို့အတွက် Steemit တွင် သော်လည်းကောင်း Hive တွင်သော်လည်းကောင်း ဤ token / coin တို့အား နှမ်းတစေ့ချင်း စုဆောင်းယူရသကဲ့သို့ သာရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်တို့ Community အားမကောင်းသောကြောင့် ဖြစ်ပါသည်။ လက်ရှိ Hive platform တွင်လည်း မြန်မာစာ ရေးသားသူတို့ မှာ လက်ဆယ်ချောင်းမပြည့်သေးပါ။ သို့သော်လည်း ကျွန်တော် ယခင် ဆောင်းပါးများတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည့်အတိုင်း Hive စျေးမကောင်းသေး၍သာ အခြေအနေအား စောင့်ကြည့်နေခြင်း ဖြစ်ပါသည်။ Hive စျေးတက်လာလျင် တမျိုးတဖုံ ဖြစ်လာပါလိမ့်မည်။ ကျွန်တော့အနေဖြင့် ယုံကြည်သည့်အရာတခု ရှိပါသည်။ အတိတ်ကံ ကောင်းကြသူတို့က ဤဘဝတွင် အကျိုးခံစားကြရပါသည်။ အတိတ်ကံ မကောင်းသော်လည်း ဤလက်ရှိဘဝတွင် ဝရိယရှိလျင် ဝရိယ အကျိုးခံစားရနိုင်သည်ဟူသော အယူအဆဖြစ်ပါသည်။ အတိတ်ကံလည်း မရှိ ဝရိယလည်း မရှိဆိုလျင်တော့.... ကြက်ကန်းဆန်အိုးတိုးသည် အဖြစ်သာ မျှော်လင့်ယုံရှိပါတော့သည်။အမှန်ဆိုရလျင် ကျွန်တော်လည်း ကြက်ကန်းဆန်အိုးတိုးချင်ပါသည်။ <div class="pull-left"> Henry Aung ( Kachin ) <div class="pull-left"> <img src="https://files.peakd.com/file/peakd-hive/kachinhenry/ZPAhJw70-H1.jpeg" alt="H1.jpeg"> </div>