ကျွန်တော်နှင့် အတွေးများ ( Henry Aung )

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@kachinhenry·
0.000 HBD
ကျွန်တော်နှင့် အတွေးများ ( Henry Aung )
![](https://images.ecency.com/DQmTQDBeHazG3jJFoBpbjhfDo8QqgAKPQkppySZWXi6AraB/111.jpeg)

မင်္ဂလာပါ။ ယနေ့ကတော့ မြန်မာဟင်း ဖြစ်သည့် ချဉ်ပေါင် နှင့် မျှစ်ကြော် စားချင်သောကြောင့် KL မြို့ပေါ်ရှိ မြန်မာ အစားအသောက် ရောင်းသော ဆိုင်သို့ ရောက်ခဲ့ရပါသည်။ တလက်စတည်း ဖုန်းဘေဖြည့်၍ အင်တာနက် လည်း တလက်စတည်း ဖြည့်ခဲ့ ပါသည်။ 

မလေးရှားတွင် အင်တာနက် သုံးရသည်မှာ အတော်လေး အဆင်ပြေပါသည်။ အင်တာနက် တပတ် စာ ဝယ်မည် လား တလစာ ဝယ်မည်လား ၃ လစာ ဝယ်မည်လား စသည်ဖြင့် အကန့် အသတ်ရှိပါသည်။ ကျွန်တော်ကတော့ တလစာ 35RM ပေး၍ သုံးပါသည်။ 

Local Call unlimited  ဖြစ်၍ အင်တာနက်လည်း တလလုံး အကြိုက်သုံး Unlimited ဖြစ်ပါသည်။ မြန်မာငွေဖြင့် တွက်လျင်တော့ တလလုံး အင်တာနက်အကြိုက်သုံး ၂၁၀၀၀ ဝန်းကျင်သာ ကျသင့်၍ အတော်လေး သက်သာသည်ဟု ဆိုနိုင်ပါသည်။

 ဖုန်းဆိုင်တွင် ဖုန်းဘေ ထည့်နေစဉ် မြန်မာလူငယ် ( တိုင်းရင်းသား ) များ ၄ / ၅ ယောက်ခန့် ဆိုင်ထဲသို့ ဝင်လာကာ ဖုန်း Sim card လာဝယ်ကြပါသည်။ ဆိုင်ရှင်က Passport မေးတော့ Passport မပြနိုင်ရှာပါ။ ထို့ကြောင့် ဆိုင်ရှင်က Passport ဖြင့် register လုပ်စရာ မလိုသော Sim Card များ ထုတ်ရောင်း နေပါသည်။ အဘယ့်ကြောင့် ကျွန်တော် ထိုသို့ ပြောရသနည်း ဆိုသော် Passport မပြနိုင်လျင်တောင် တရားဝင် အလုပ်သမားကဒ် ပြနိုင်လျင် အဆင်ပြေသွားမည် ဖြစ်ပါသည်။

အမှန်ဆိုရလျင် ထိုလူငယ်လေးများမှာ မလေးရှားသို့ အောက်လမ်း မှ လာရောက်ကာ အလုပ်လုပ်နေကြသူများ ဖြစ်ပါသည်။ ပြောရမည် ဆိုလျင်တော့ တရားမဝင် အလုပ်သမား များ ဖြစ်ပါသည်။ တလောက Grab Taxi စီးရင်း ကားသမား ဖြင့် စကားလက်ဆုံကျ မိပါသည်။ 

ကိုဗစ်ကာလ တွင်မလေးရှားတွင် အလုပ်လုပ်နေကြသော အလုပ်သမား များအားလုံးနီးပါး ဒုက္ခရောက်သွားကြသည်ဟု ဆိုပါသည်။ လုပ်ငန်း များအားလုံး နီးပါး ရပ်ဆိုင်းသွားကာ အချို့အလုပ်သမားများကလည်း အလုပ်သမား ကဒ် ကုန်ဆုံးသွားသည်အား ပြန်၍ အသစ်မလုပ်နိုင်ကြတော့ပါ။ ဤ သို့ဖြင့် မလေးရှားတွင် အဆင်ပြေသလို နေထိုင်ရင်း ရရာ အလုပ်လုပ်နေကြရသည်ဟု ဆိုပါသည်။ 

ထိုကားသမားကလည်း မြန်မာပြည်တွင် ဆောက်လုပ်ရေး ကုမ္ပဏီ အသေးစားလာဖွင့်လိုက်သေးသည်ဟု ဆိုပါသည်။ ကိုဗစ် နှိပ်စက် ထို့နောက် ကြင်စိုး နှိပ်စက်လိုက်သည်မှာ ယခုတော့ တက်စီ မောင်းစားနေရပြီ ဖြစ်ပါသည်။ မြန်မာပြည် ရောက်ဖူး သူဆိုတော့ ပြောလိုက်သည့် မြန်မာပြည် အကြောင်း .... သူလည်း မြန်မာပြည် ခေတ်ကောင်းပြီ ဟူ၍ ကံစမ်းလိုက်သည်မှာ ယခုတော့ တက်စီ မောင်းသည့် ဘဝသို့ ရောက်သွားပြီ ဆိုသည့် အကြောင်း များ။ 

ကျွန်တော် Mr.Chan နှင့် ရှိခဲ့စဉ်က Mr.Chan အား မေးခဲ့ဘူးပါသည်။ မလေးရှား နိုင်ငံသားများ လဒ်ပေးလဒ်ယူ ရှိမရှိ ဆိုသည့် အကြောင်း ။Mr.Chan ရှင်းပြသည်မှာ မလေးရှားတွင်လည်း လဒ်ပေးလဒ်ယူ ရှိပါသည်။ သို့သော် ပြည်သူတို့ ရစရာရှိသည့် ကိုတော့ ပြည်သူတို့အား အပြည့်ပေးပါသည်ဟု ဆိုပါသည်။

 ဆိုလိုသည်မှာ ပြည်သူတို့ အသုံးပြုရန် လမ်းတံတား တခုဆောက်သည် ဆိုကြပါစို့။ ဘိလပ်မြေ ၁၀ အိတ်သုံးရမည် သံချောင်း ၁၀ ချောင်း သုံးရမည်ဟု ဆိုလျင် အပြည့် အဝ အသုံးပြုရသည်ဟု ဆိုပါသည်။ Quailty ကို့ လျှော့၍  ဘိလပ်မြေ ၁၀ အိတ်အစား ၈ အိတ်သာ ထည့်၍ ၂ အိတ်ဘုန်း လိုက် သည်ဟူ၍ လုပ်၍ မရပါ။ 

ဆိုတော့ ထိုဆောက်လုပ်ရေး အား မည်သည့် ကုမ္ပဏီ က ဆောက်လုပ်သည်ကို စိတ်မဝင်စားပါ။ ဆောက်လုပ်ထားသော ပစ္စည်း Quailty ပြည့် မှီရန် အရေးကြီးသည် ဟုဆိုပါသည်။ ဤသည်မှာ ပြည်သူတို့ ရပိုင်ခွင့် ဖြစ်သော Quality ပြည့်မှီသည် ပစ္စည်း ပြည်သူတို့အား ပေးခြင်းပင်ဖြစ်ပါသည်။

မလေးရှားတွင် လဒ်ပေးလဒ်ယူရှိသော ကြောင့်သာ ၂၀၁၈ ခုနှစ်တွင် အဖမ်းခံခဲ့ရသည့် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် ဆိုလျင် ဒေါ်လာ သန်းရာချီ၍ လဒ်စားခဲ့သော ကြောင့် ယခုတော့ ထောင်နန်းစံနေရပြီ ဖြစ်ပါသည်။

အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ ဘာရယ်မဟုတ် ကျွန်တော့ အတွေးတွင်နေရာယူလာသည်က တချိန်က အစိုးရလက်ထက်တွင် ဒေါ်လာ ၁၀ သန်း တန်တံတားဟူ၍ စာရင်းဖေါ်ပြထားသော တံတားမှာ လမ်းဘေး မြောင်းကူးတံတား တခုသာ ဟူသည့် သတင်းများ အကြောင်း ဖြစ်ပါသည်။ကျွန်တော့ မိတ်ဆွေများလည်း ထိုသတင်း ကိုဖတ်မိလိုက်မည်ဟု ထင်ပါသည်။

Henry Aung ( Kachin )

29/01/2023 - Sunday - 17;30 Pm ( KL )
👍 , , , , , , , , , , , , , , , , , , , , , , , , , ,