Smart Media Tokens အကျိုးကျေးဇူး ( Henry Aung )

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@kachinhenry·
0.000 HBD
Smart Media Tokens အကျိုးကျေးဇူး ( Henry Aung )
![henry Aung.jpg](https://cdn.steemitimages.com/DQmcbcgWDx6rJyYeCmEoTAzsvhWogjPstG14mWrcL6aPzXK/henry%20Aung.jpg)

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် steemit platform အကြောင်းရေးသားရင်း ဤ platform ပေါ်မှ မိမိတို့ stem power ဖြင့် အကျိုးအမြတ်ရနိုင်သောအကြောင်းအရာများ အားလည်းဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ ဤ platform ပေါ်မှ SMTs များအဖြစ် လက်ရှိ နည်းအမျိုးမျိုးဖြင့် tokens ရယူနေကြသူများ အများအပြားရှိပါသည်။ 

Dlike, Partiko, artifit, hunt token စသည်တို့အပြင် ယခုနောက်ဆုံး အလကားရယူ၍ ရသည်ဟူသော snax token တို့အထိ steemit platform အားအမှီပြု၍ ရယူနေကြပါသည်။ ထို token များတွင် ကျွန်တော့ အနေဖြင့် တစိုက်မှတိမှတ်အားပေးနေခဲ့သော token မှာ Hunt token ဖြစ်ပါသည်။ အခြားသော token များကလည်း သူ့နည်းသူ့ဟန်ဖြင့် ကောင်းကြမည်သာ ဖြစ်သော်လည်း ကျွန်တော့ အနေဖြင့် Hunt token အားပို၍ သဘောကျပါသည်။

 ဆိုခဲ့သည့် အတိုင်း ကျွန်တော့ အနေဖြင့် hunt token အားသဘောကျရသည့် အကြောင်းအရင်းမှာ သိကျသေချာသော ရည်ရွယ်ချက်ရှိခြင်း ၊ နည်းပညာ အခက်အခဲများအား ဖြေရှင်းပေးနေသော အဖွဲ့အစည်းရှိခြင်း ၊ token လည်ပါတ်အသုံးပြုရန် platform ရှိခြင်းနှင့် product hunt နှင့် review hunt ကဲ့သို့ မိမိပစ္စည်းများအား စနစ်တကျ ကြေညာ ပေးနိုင်သော အဖွဲ့အစည်း၊ တနည်းအားဖြင့် platform တခုမရှိသေးခြင်းက stem hunt အားအောင်မြင်စေလိမ့်မည်ဟု အစကတည်းကယုံကြည်ခဲ့ပါသည်။ 


ထို့အပြင် hunt token အား IEO ခေါ်ရာတွင် အချိန်တိုအတွင်းအောင်မြင်ခဲ့ခြင်းကလည်း ရင်းနှီးမြုပ်နှံကြသူများအဖို့ stem hunt အား မျက်စိကျနေကြသည်မှာ သေချာသလောက်ဖြစ်ပါသည်။ ကျွန်တော်တယောက်တည်းမြင်ဖြင့်ပြောရလျင် steemit platform မှ နောက်ထပ်  smart media token  များ အများအပြား ထွက်လာကြပါလိမ့်မည်။

![01.jpg](https://cdn.steemitimages.com/DQmWPkHHXfJUHWVgHFx1gQxb4hbQ8thvQvhXSSRWLRhtvcJ/01.jpg)
[Original Source](https://pixabay.com/images/search/tokens/)
 သို့သော် ထွက်ပေါ်လာကြသောထို token များအားလုံး အောင်မြင်ကြလိမ့်မည်တော့မဟုတ်ပါ။ အချို့အောင်မြင်၍ အချို့ကျရှုံးကြပါလိမ့်မည်။ သို့သော် ဤ နေရာသို့ ကြိုတင်ရောက်နေကြသူများအဖို့ မည်သို့ အကျိုးအမြတ်ရယူမည်ကို သိထားရန်သာလိုအပ်ပါသည်။ ယခင်က stem power ရှိသလောက် hunt token များ airdrop ချပေးသည့်အပြင် stem hunt platform အား social media တွင် ဖြန့်ဖြူးပေးလျင် မိမိ၏ social media active ဖြစ်သလောက် hunt token များရယူခဲ့ကြသည့် အချိန်အား မှတ်မိကြပါလိမ့်မည်။ 

အချို့က ယုံယုံကြည်ကြည်နှင့်တစိုက်မှတ်မှတ်လုပ်၍ token ရသလောက်စုယူကြသူရှိသလို စိတ်ပျက်အားလျော့သွားကြသူများလည်းရှိခဲ့ကြပါသည်။ သို့သော် ကိုယ်စိုက်သောအပင် ကိုယ်တိုင်ရိတ်သိမ်းကြရစမြဲ ဖြစ်သည့်အတိုင်း hunt token ဈေးကွက်သို့ရောက်လာသောအခါ အချို့က အကျိုးအမြတ်ထုတ်ယူနိုင်ကြသလို အချို့ကလည်း ငြေးကြည့်ယုံသာ တတ်နိုင်ခဲ့ကြပါသည်။ 


မည်သို့ပင်ဆိုစေ နောက်ပိုင်း ထွက်ရှိလာမည်ဖြစ်သော token အများအပြားသည် ကျွန်တော်တို့ကဲ့သို့သော သာမန် social media အသုံးပြုနေကြသူများအား အသုံးပြု၍ ဈေးကွက်ချဲ့ထွင်းကြရမည် ဖြစ်ပါသည်။ အကျိုးအမြတ်အနေဖြင့် ကျွန်တော်တို့၏ social media အကောင့် active ဖြစ်မှု မဖြစ်မှု အပေါ်မူတည်၍ token များရယူနိုင်ကြပါလိမ့်မည်။ 


အကောင်းဆုံးသောဥပမာတခုအနေဖြင့်ပြရလျင် လက်ရှိ မိမိ၏ social media အကောင့်ဖြင့် ချိတ်ဆက်ယုံမျှဖြင့် free token ရသည်ဟူသော SNAX ဖြစ်ပါသည်။ Snax  သည် သူ၏ token လည်ပါတ်ရန်ကိုယ်ပိုင် platform မရှိပါ။ ထို့အပြင် သူ့အနေဖြင့် token ကြိုထုတ်ထား၍ မိမိတို့ social media အကောင့်များအား အသုံးချကာစီးပွားရှာပါလိမ့်မည်။ ကျွန်တော်တို့ အနေဖြင့် လည်း post တင်ယုံမျှဖြင့် token အလကားရသည်ဟူ၍ ပျော်ကောင်းပျော်နေကြပါလိမ့်မည်။ 

![02.jpg](https://cdn.steemitimages.com/DQmfGAENzDCxKd4ECE9bzDbt1LPqavp6fM5WmdUHQTEDqUw/02.jpg)
[Original Source](https://pixabay.com/images/search/tokens/)
အမှန်ဆိုရလျင် Social media အကောင့်တိုင်းအား Snax  token အလကားပေးနေရလျင် ထို token ၏ တန်ဖိုးအား ခန့်မှန်းကြည့်ပါ။ Token တခု၏ တန်ဖိုးမှာ ထို token လည်ပါတ်ရန် platform ခိုင်မာမှုနှင့်လူကြိုက်များခြင်း ထုတ်လုပ်နိုင်သော token အရေအတွက်နည်းပါးခြင်း သို့မဟုတ် ခက်ခဲခြင်း စသည်တို့က ထို token အားတန်ဖိုးပိုမိုတက်စေပါသည်။ 

ဤတွင် Hunt token လည်ပါတ်မှုအား အနည်းငယ်ဝေမျှပေးချင်ပါသည်။ stem hunt  platform အနေဖြင့် အစဦးတွင် product hunter များဟုခေါ်သော digital ပစ္စည်း အသစ်အဆန်းများ ၊ နည်းပညာမျာအသစ်အဆန်းများအား ရှာဖွေ post တင်စေခြင်းဖြင့် လူကြိုက်များသော post များ က hunt token  အများဆုံးရစေပါသည်။

 ဤသို့ တနှစ်နီးပါး product  Hunter များအားလေ့ကျင့်ပေးပြီးသောအခါ Hunt token အား IEO ခေါ်၍ ရင်းနှီးမြုပ်နှံသူများအား ဖိတ်ခေါ်ပါသည်။ ထို့နောက် stem hunt မှလေ့ကျင့်ပေးထားသော product hunterများအား မိမိတို့ steemit  hunting အကောင့်အား YouTube, tweeter, Facebook ,  Reddit စသည့် အခြားသော social media အကောင့်များဖြင့်ချိတ်ဆက်စေပါသည်။

 ထို့နောက်လက်ရှိ လွင့်တင်ရန် အသင့်ဖြစ်နေသော review hunt ကိုပြင်ဆင်ပါသည်။ Review hunt မှာ ကုန်ပစ္စည်းထုတ်လုပ်သူတို့က မိမိတို့၏ ထုတ်ကုန်များအား hunt token အသုံးပြုကာ ကြေညာစေသောနည်းဖြစ်ပါသည်။ လက်ရှိအချိန်ထိ Product hunter အယောက် ၂၀၀၀၀ ကျော်ရှိပါသည်။ ထို့ hunter အယောက် ၂၀၀၀၀ ကျော်၏ အကောင့်များကလည်း အခြားသော social media အကောင့်များဖြင့်ချိတ်ဆက်ထားပြီးဖြစ်၍ ကုန်ပစ္စည်း တခုအား ကြေညာလျင် တပြိုင်တည်း တရက်တည်း ရှိသမျှသော social media အားလုံးတို့တွင် သက်ရောက်စေမည်ဖြစ်ပါသည်။ 

![03.jpg](https://cdn.steemitimages.com/DQmfYQbohx4JAsh7bMNFDEQGKGjaHn43uU4B3aMV6um3G3y/03.jpg)
[Original Source](https://pixabay.com/images/search/tokens/)


လက်ရှိအချိန်အထိ Review hunt platform မှာတရားဝင်လွင့်တင်ခြင်းမရှိသေးသော်လည်း ကုမ္ပဏီပေါင်း ၆၃ ခုက တလလျင် ဘတ်ဂျက် အမေရိကန်ဒေါ်လာ  ၅၇၀၀၀၀$ ကျော်အသုံးပြုကာ မိမိတို့ ကုန်ပစ္စည်းများအား hunt token အသုံပြု၍ ကြေညာရန် စာရင်းပေးသွင်းထားပြီးဖြစ်ပါသည်။ Review hunt platform မှာ ၂၀၁၉ July လတွင် တရားဝင်လွင့်တင်မည် ဖြစ်ပါသည်။

 ထို့အပြင် ၂၀၁၉ မကုန်ခင် idea hunt  ဟူသော Platform နောက်တခုလွင့်တင်အုံးမည်ဖြစ်ပါသည်။ ဤ သည်မှာ stem hunt platform ၏ လုပ်ဆောင်ချက်များအား ဗဟုသုတရရန်အလို့ငှာ မိမိသိသလောက်ဝေငှပေးရခြင်းသာဖြစ်ပါသည်။ Snax  token အကြောင်းဆက်ပါအုံးမည်။ အမှန်ဆိုရလျင် Snax သည်လည်း social media အသုံးချ၍ စီးပွားရှာလိုရင်း ဖြစ်သော်လည်း stem hunt ကဲ့သို့ ခိုင်မာခြင်းမရှိသေးပါ။

 ထို့အပြင် Snax အနေဖြင့် ရည်ရွယ်ထားသော token ထုတ်လုပ်မှုမှာ ဘီလီယံ ၁၀၀ ဖြစ်ပါသည်။ လက်ရှိအချိန်တွင် token အရေအတွက် သန်း ၁၀၀ ကျော် ထုတ်ယုံ မျှဖြင့် ဈေးကွက်နေရာရရန် ကျားကန်နေရသော အချိန်တွင် ဘီလီယံ ၁၀၀ ဟူသော token အရေအတွက်မှာ စဉ်းစားစရာကောင်းနေပါသည်။ 

သို့သော် ၂၀၁၉ ခုနှစ်မကုန်ခင် Snax token အားဈေးကွက်ဖွင့်ပေးမည်ဟု ကြေညာထားသဖြင့် ဈေးကွက်ဖွင့်လျင် တကျပ်ရရ နှစ်ကျပ်ရရ အလကားရသော token ဖြစ်၍ ယူထားလျင် မမှားနိုင်ပါ။ မိမိအနေဖြင့် steemit အကောင့်အား Snax အကောင့်ဖြင့် ချိတ်ဆက်ထား၍ ပုံမှန်ဆောင်းပါးရေးတင်နေရုံမျှဖြင့် snax token ရရှိနေမည်ဖြစ်သောကြောင့် မိမိတို့အတွက် အရှုံးမရှိပါ။ 

![04.jpg](https://cdn.steemitimages.com/DQmVqMU2PTJzUm2awz3nMKc49Ykv96MzjVUqU2HojfmRYDD/04.jpg)
[Original Source](https://pixabay.com/images/search/tokens/)

အထက်တွင် ကျွန်တော်ဆိုခဲ့ပြီး ဖြစ်သည့် အတိုင်း အနာဂါတ် Token ဖြန့်ဖြူးမှုတွင် Social media ၏ အရေး ပါမှုသည် မဖြစ်မနေထည့် သွင်းစဉ်းစားလာရမည် ဖြစ်သော အချက်ဖြစ်ပါသည်။ ထို့ကြောင့် social media base blockchain နည်းပညာပေါ်တွင်ရောက်နေသော MSC အဖွဲ့ဝင်များအားလုံးသည်လည်း မိမိတို့ရရှိထားသော steemit အကောင့်အား အကျိုးရှိစွာ အသုံးချကြပါရန် နှိုးဆော်လိုက်ရပါသည်။ 


မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

![001.png](https://cdn.steemitimages.com/DQmVdNK8JEpWXub4nfoPoUfpDgG4SqpUHoL5DvjEHEVf1xM/001.png)
Author : Henry Aung ( Kachin )
MSC : 001
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,