Steemit နေ့စွဲများ ( Henry Aung )

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@kachinhenry·
0.000 HBD
Steemit နေ့စွဲများ ( Henry Aung )
![henry Aung.jpg](https://cdn.steemitimages.com/DQmRrFPsdmEWKExjUV4WLnndrJ8YTMWMebAq1XZdz9KhGeY/henry%20Aung.jpg)

မင်္ဂလာပါ။ BTC ဈေးကျ သွားခြင်းနှင့်အတူ ကျွန်တော်တို့ ၏ Steem သည်လည်း လိုက်ပါ ကျဆင်းသွားခဲ့ပြီ ဖြစ်ပါသည်။ BTC ဈေးကျခြင်း ဈေးတက်ခြင်းသည် အကြောင်းမဟုတ်ပါ။ ဈေးကျ ခြင်းသည် နောက်တခေါက် ဈေးတက်ရန် အတွက် ဖြစ်သလို နောက်တခေါက် ဈေးတက်ခြင်းသည်လည်း ဈေးကျရန် အတွက် ဖြစ်ပါသည်။ 

ဤသို့ ဈေးတက်ခြင်း ဈေးကျခြင်းမှာ ဈေးကွက် ရှင်သန်နေခြင်း၏ သဘောတရားဖြစ်ပါသည်။ ထို့ အတူ Steem အနေဖြင့်ကလည်း ဈေးတက်လာလျင် Reward များမည် ဖြစ်သလို ဈေးကျလာလျင် Reward များနည်းလာမည် သာ ဖြစ်ပါသည်။ လက်ရှိ အချိန်တွင် ဆောင်းပါးများရေးသား၍ အကျိုးအမြတ်ရယူနေသူ မည်မျှသာ ရှိတော့ကြောင်း အားလုံးအသိပင်ဖြစ်ပါသည်။ 

ကျွန်တော့ အနေဖြင့် အတိတ်အား ကြည့်ကာ ဝမ်းနည်း မ နေတတ်သလို အနာဂါတ်အတွက်လည်း ကြိုတင် စိတ်ဓါတ်ကျ နေခြင်း မရှိပါ။ မိမိယုံကြည်ရာ အတိုင်း တစိုက်မတ်မတ်လျှောက်လှမ်းနေလျက်သာ ဖြစ်ပါသည်။ အနာဂါတ်အတွက်ရင်းနှီးမြုပ်နှံရာတွင် ရေတိုအား ကြည့်၍ မဖြစ်ပါ။ ၁ နှစ် ၃ နှစ် ၅ နှစ်တန်သည် စောင့်ကြည့်ရမြဲ ဖြစ်ပါသည်။

![123.jpg](https://cdn.steemitimages.com/DQmQVQWaXLKbs9MKDvoNyLKiLg6e1DSbsaWqGztWxrPfjSR/123.jpg)
[Original Source](https://pixabay.com/images/search/courage/)

 တစုံတယောက်မှ ကျွန်တော့ အား နင့် Steemit က အောင်မြင်မှာ သေချာလို့လားဟု မေးလာလျင် ကျွန်တော်လည်း အောင်မြင်ပါမည် ဟု အတပ်မပြောနိုင်ပါ။ ခန့်မှန်ခြေအနေဖြင့်သာ အောင်မြင်ခြင်း ကျရှုံးခြင်းကို ပြောနိုင်လိမ့်မည် ဖြစ်ပါသည်။ ခန့်မှန်းခြေဟု ဆိုရာတွင် ဤ platform မည်သို့ လုပ်ဆောင်နေသည် ၊ မည်မျှ တိုးတက်လာသည် ၊ မည်မျှ ပြောင်းလည်း လာသည် တို့ကိုသာ ကြည့်၍ ပြောရခြင်း ဖြစ်ပါသည်။

 ထို့အတူ ကျဆုံးခြင်း သည်လည်း အထက်ပါ အကြောင်းအရာ များအား ကြည့်၍ သာ ပြောနိုင်ပါသည်။ ကျွန်တော် ဤ Platform အား အခြားသူများအား မိတ်ဆက်ပေးစဉ်က ကျွန်တော့ အား ရူးနေသူဟု အထင်ခံခဲ့ရဘူးပါသည်။ မှန်ပါသည်။ စာရေး၍ မည်သူက ပိုက်ဆံပေးမည်နည်း။ သို့သော် ထိုအရူး၏ အရူးထခြင်းကြောင့် အလှူ အတန်း ကြီးကြီးမားမား မဟုတ်တောင် လှူဒါန်းသင့်သည့် နေရာ လှူဒါန်းနိုင်ခဲ့ပါသည်။ ကျွန်တော့ အနေဖြင့်လည်း အကျိုးအမြတ် အတော်များများ ထုတ်ယူနိုင်ခဲ့ပါသည်။

အောင်မြင် ခဲ့ချိန်တွင် ငါကွ ဟူ၍ လက်မထောင်နေခြင်း မရှိသလို ကျဆုံးနေချိန်တွင်လည်း ကုန်ပါပြီကွာဟူ၍ စိတ်ဓါတ်ကျ အားငယ်နေခြင်း မရှိပါ။ မိမိလုပ်မှ မိမိရမည် ဖြစ်သောကြောင့် လုပ်သင့် လုပ်ထိုက်သည်တို့အား သာ လုပ်ဆောင်နေမြဲ ဖြစ်ပါသည်။ အကယ်၍ Steemit Platform လုံးဝ မအောင်မြင်ပဲ ကျရှုံးသွားလျင် အဘယ်သို့ လုပ်မည်နည်း ။ 

![234.jpg](https://cdn.steemitimages.com/DQmWTSY3Xc7V3A6DVUbsFqHETppu6Z1CQwF7qcQo7GyUxfS/234.jpg)
[Original Source](https://pixabay.com/images/search/courage/)

ဟုတ်ကဲ့ ထို အရှုံးအား လက်ခံရန် အသင့်ရှိပါသည်။ အရှုံးအား လက်ခံခြင်းမှာ ရှက်စရာ မဟုတ်ပါ။ ထို့ အတူ ကျွန်တော့ SP လေးဖြင့် ဆုံး ရှုံးမှုအား ကြေကွဲ နေရလျင် SP ထောင် သောင်း သိန်း ကိုင်ထားကြသူတို့ ကျွန်တော့ထက်ပို၍ စိတ်ပူ ဖွယ်ရာ ရှိပါသည်။ Steemit team တခုလုံးက သူတို့၏ ဂုဏ်သိက္ခာ ဖြင့် ဤ platform ကို ကိုင်တွယ် မောင်းနှင့်နေကြခြင်း ဖြစ်ပါသည်။

 ဆိုခဲ့သည့် အတိုင်း Steemit platform ကျရှုံးသွားလျင် အရှုံးအား လက်ခံယုံသာ ရှိ၍ အကယ်၍ အောင်မြင် ပေါက်မြောက်ခဲ့သည် ရှိသော်။ Steemit အောင်မြင်လာသော အချိန်တွင် သူများ ရ ၍ ကိုယ်မရ နိုင်သော အခြေအနေက ကျွန်တော့အား ပို၍ ဝမ်းနည်းစေမည် ဖြစ်ပါသည်။ 


ကုန်လွန်ခဲ့သော အချိန်များ အတွက် ငါလုပ်နိုင်ရဲ့သား ဖြင့် မလုပ်ခဲ့လေခြင်း ဟူသော အတွေးနောင်တအား ကျွန်တော် မခံစားနိုင်ပါ။ ယုံကြည် ခြင်း သည် တယောက်နှင့် တယောက် မတူနိုင်ပါ။ ထို့ အတူ အားထုတ်သည့် အရာတွင်လည်း မတူနိုင်ပါ။ အချိန် ။ အချိန်သည် အားလုံး၏ အချုပ်ဖြစ်ပါသည်။ အချိန်တခုရောက်လျင် အဖြေသိလာပါလိမ့်မည်။


![456.jpg](https://cdn.steemitimages.com/DQmeLXsC1KLwKRyr8LiFKhM1sG6yfmw3jWB11pDNdh9pWCc/456.jpg)
[Original Source](https://pixabay.com/images/search/courage/)

 ထို အဖြေသိလာရသော အချိန်သည် တော်ကြာ ၊ ခဏ ၊ တလ ၊ တနှစ် ဟူသော ကာလအပိုင်းအခြား ရှိပါလိမ့်မည်။ မိမိယုံကြည်ရာ အတွက် အသက်ပင် အဆုံးခံဝံ့သော သူတို့ရှိနေချိန်တွင် မိမိယုံကြည်ချက် အတွက် အားထုတ်ခြင်းသည် အချီးအနှီးတော့ မဖြစ်တန်ရာ။ Steemit သည် Steemit အလုပ်လုပ်ပါလိမ့်မည် ။ ထို့ အတူ Henry Aung သည် လည်း Henry Aung အလုပ်လုပ်နေယုံသာ ရှိပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

![logo.png](https://cdn.steemitimages.com/DQmdxsQfEZPeBF5GymaYkMgLWH3yBPQXE5T2pkEChqcW28D/logo.png)
Author : Henry Aung ( Kachin )
MSC : 001
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,