Steemit Platform နှင့် ၃ နှစ်တာ ( Henry Aung )

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@kachinhenry·
0.000 HBD
Steemit Platform နှင့် ၃ နှစ်တာ ( Henry Aung )
![henry Aung.jpg](https://cdn.steemitimages.com/DQmRrFPsdmEWKExjUV4WLnndrJ8YTMWMebAq1XZdz9KhGeY/henry%20Aung.jpg)

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် ဤ Steemit platform ပေါ်သို့ ရောက်ရှိခဲ့သည်မှာ ၃ နှစ်တာ လွန်မြောက်သွားခဲ့ပြီ ဖြစ်ပါသည်။ ၂၀၁၆ မှ စတင်ခဲ့သော Steemit အား အနည်းငယ် နောက်ကြောင်းပြန်လှည့်ကြည့်ရသော် မိမိ စတင်ခဲ့သည့် ကာလများ နှင့် အတော်ကို ကွာခြား သွားခဲ့ပြီ ဖြစ်သလို ဤ steemit platform မှပင် အတွေ့အကြုံ အတော်များ များလည်း ရယူနိုင်ခဲ့ပါသည်။ 

အထူးသဖြင့် cryptocurrency နှင့်ပါတ်သက်သော အကြောင်း အရာတို့ ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့် Steemit Platform အား ယခုအချိန်ထိ ဖက်တွယ်ထားသော အကြောင်း အရာတို့ တွင် အဓိကကျသော အကြောင်း အရာ ၂ ခုရှိပါသည်။ Steemit Platform သည် အချိန်တချိန် တွင်လမ်းမှား ပေါ်လျှောက်လှမ်း နေခဲ့သည်ကို လက်ခံပါသည်။ 

ထို လမ်းမှား ပေါ်တွင် အချိန်ကုန်နေခဲ့သော ကြောင့်လက်ရှိလအနေအထား တွင် ပေးဆပ်မှုကြီး ကြီးဖြင့် လမ်းမှန် ပေါ်သို့ ရောက်ရန် ခက်ခက်ခဲ ခဲ ကြိုးစားနေရသော ကာလသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပါသည်။အချို့ကလည်း Steemit platform ပေါ်တွင် တွယ်ကပ်နေခြင်းမှာ ဆင်သေပေါ်တွင် ရောက်နေသော ကျီးမိုက် တကောင် အဖြစ်မျိုးနှင့် ဆင်တူသည်ဟု ဆိုကြပါသည်။ 

![0123.png](https://cdn.steemitimages.com/DQmZyLvRWVsfyAHfTYHaFXqUqbMhKqoPggWXuqDEgJoEgV6/0123.png)

မည်သို့ပင် ဆိုစေ ကျွန်တော့ အနေဖြင့် Steemit platform ပေါ်တွင် ဆက်လက်ရှိနေခြင်းမှာ အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း အကြောင်း အရာ ၂ ခုကြောင့် ဖြစ်ပါသည်။ ပထမ တချက်မှာ Steemit platform သည် @Ned ၏ မအောင်မြင်သော လမ်းမှား ကို သိရှိ ပြီးနောက် အတတ်နိုင်ဆုံး ပြုပြင်ရန် ကြိုးစားကြခြင်း ဖြစ်ပါသည်။

 HF21, 22 များ မြှင့် တင်ခြင်း အပေါ် သဘောထားကွဲလွဲမှုများ ရှိသော်လည်း ပို၍ ကောင်းမွန်မည် ထင်သော လမ်းကြောင်းသို့ ပြောင်းလည်း လျှောက်လှမ်းခဲ့ကြပါသည်။ အကျိုးဆက် အနေဖြင့် သဘောမတူသူတို့ ထွက်ခွာသွားခဲ့ကြပါသည်။ ကျွန်တော့ အနေဖြင့်ကတော့ ဤ Platform ကို ပြုပြင် ပြောင်းလည်း လိုသူတို့ ရှိနေသေးသ၍ ဤ Steemit Platform သည် အသက်ရှိနေသေးသည်ဟု ဆိုချင်ပါသည်။ 

လုံးဝ Update လုပ်ခြင်း မရှိသော ၊ Project အသစ်များ ထွက်ပေါ်လာခြင်း မရှိတော့သော အနေအထားသို့ ရောက်ရှိသွားခြင်း မရှိသေးသ၍ ဤ Platform သည် မျှော်လင့်ချက်ရှိနေပါသေးသည်။ လက်ရှိ အချိန်တွင် Dlike , Dtube များက သူတို့၏ SMTs project များအား စတင် အကောင်အထည် ဖေါ်နေကြပြီ ဖြစ်ပါသည်။ Steemit ကလည်း SMTs နှင့်ပါတ်သက်၍ Testnet ပေါ်တွင် စမ်းသပ်နိုင်သော အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပါသည်။ အောက်တိုဘာ လလယ် လောက်တွင် လွင့်တင်နိုင်မည်ဟု ယူဆရပါသည်။

အခြားသော အကြောင်းအရာတခုမှာ Blockchain Social Media နှင့်ပါတ်သက်၍ Steemit လောက်ကောင်းမွန်သော Platform ရှာမတွေ့သေး၍ ဖြစ်ပါသည်။ Weku ရှိသော်လည်း ဈေးကွက် အနေဖြင့် Steem လောက်ခိုင်မာမှု မရှိပါ။ ယခင်က EOS ၏ Voice ကိုလည်း အများ ကြီးမျှော်လင့်ခဲ့ပါသည်။ သို့ သော် EOS ၏ Voice ကလည်း လွင့်တင်လိုက်သည်နှင့် Steemit လောက်လူကြိုက်မများပါ။ 

![1234.png](https://cdn.steemitimages.com/DQmWc1SGmpDgeRh5u7SyompaM2eZo6VCsdrBxdSm82TrcfM/1234.png)

ထို့ကြောင့် လက်ရှိအနေအထား ဖြင့်ပြောရလျင် Blockchain နည်းပညာနှင့်နွယ်သော Social Media Platform တို့တွင် Steemit သည် အကောင်းဆုံး အနေအထား အဖြစ်ရှိနေသေးသောကြောင့် ကျွန်တော့်အနေဖြင့် ဤ Platform အား ဖက်တွယ်ထားရခြင်း ဖြစ်ပါသည်။ 

Steem ဈေး အနေဖြင့် ပြောရလျင်တော့ Steem သည် သူ၏ မူလဈေး ဖြစ်သော လွန်ခဲ့သော 2016 ကာလများသို့ ပြန်၍ ရောက်ရှိနေခဲ့ပြီ ဖြစ်ပါသည်။ HF21,22 နောက်ပိုင်း Steemit အား new Steem ဟူ၍ခေါ်ဝေါ် နေကြပါသည်။ New Steem အတွက် Steem ဈေးသည် လည်း အသစ်ဖြစ်ပါသည်။

Steemit ၏ SMTs သည် မကြာခင်ရောက်ရှိလာပါတော့မည်။ ထွေထွေထူးထူး ရင်ခုန်ခြင်းတော့ မရှိပါ။ အဘယ့်ကြောင့်ဆိုသော် လက်ရှိအချိန်ထိ ပြင်ပဈေးကွက်အား ဆွဲဆောင်နိုင်သော SMT များ အနေဖြင့် Steem Hunt နှင့် Appics တို့သာ ရှိနေသေးသောကြောင့် ဖြစ်ပါသည်။


မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

![logo.png](https://cdn.steemitimages.com/DQmdxsQfEZPeBF5GymaYkMgLWH3yBPQXE5T2pkEChqcW28D/logo.png)
Author : Henry Aung ( Kachin )
MSC : 001
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,