Token များအား မူကြိုအဆင့်လေ့လာခြင်း ( အပိုင်း-၁ ) ( Henry Aung )
myanmar·@kachinhenry·
0.000 HBDToken များအား မူကြိုအဆင့်လေ့လာခြင်း ( အပိုင်း-၁ ) ( Henry Aung )
 မင်္ဂလာပါ။ ကျွန်တော်၏ ခရီးသွားဆောင်းပါးများအား ခေတ္တရပ်နားထား ၍ လက်ရှိ Steemit platform အခြေအနေနှင့် cryptocurrency များအား အနည်းငယ် ဝေမျှပေးလိုပါသည်။ ခေါင်းစဉ်တွင် ဖေါ်ပြထားသည့်အတိုင်း token များအား ကျွမ်းကျင်သူ မဟုတ်ပါ မူကြိုအဆင့်လေ့လာထားသည်များအား ပြန်လည် ဝေမျှခြင်းဖြစ်ပါသည်။ အမှားအယွင်း တစုံတရာ ပါသွားလျင် မိမိလေ့လာမှု အားနည်းချက်သာ ဖြစ်ကြောင်း ဝန်ခံပါသည်။ ကျွန်တော်တို့အားလုံးသိသည့်အတိုင်း BTC သည် ယမန်နေ့ ဈေးကွက်တွင် USD 9000$ အပေါ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါသည်။ယခင်က BTC ဈေးတက်လျက်လျင် အခြားသော coin ငယ်များလိုက်ပါဈေးတက်တတ်သော်လည်း ယနေ့အခြေအနေတွင် BTC 9000 ကျော်သို့ ရောက်လာသည့်တိုင် အခြားသော coin ငယ်များ ဈေးကွက်တွင် အကျဘက်သို့ ဦးတည်လျက်သာရှိပါသေးသည်။ ကျွန်တော်တို့၏ ဇာတ်လိုက်ကျော် Steem ကတော့ဖြင့် ပြား ၄၀ ခန့်တွင် ကျောက်ချနေခဲ့သည်မှာ ကာလအတန်ကြာပြီဖြစ်ပါသည်။ ယခုတလော project များ ပြီးသွားပြီ ဖြစ်သဖြင့် Steemit ဘက်သို့ အနည်းငယ်အာရုံစိုက်ကြည့်အခါ Steemit ၏ coin အသစ်များ ထွက်ပေါ်လာနေသည်ကိုတွေ့ရပါသည်။ အနည်းငယ်အကျယ်ချဲ့၍ ရှင်းပြရလျင် ယနေ့တွေ့မြင်နေရသော Steem-engine မှာ SMTS တို့၏ပုံစံတူသာဖြစ်ပါသည်။ Steemit platform မှ SMTs နည်းပညာ မလွင့်တင်နိုင်သေးသောကြောင့် Steem-engine မှ ဝင်ရောက်နေရာယူကာ SMTs များအနေဖြင့် ထုတ်ပေးနေခြင်း ဖြစ်ပါသည်။  [Original Source](https://pixabay.com/images/search/cryptocurrency/?min_width=1000&min_height=1000) အမှန်ဆိုရလျင် Steem-Engine မှ ထုတ်သော Token များသည် SMTs အဖြစ်အချို့က လက်မခံကြပါ။ သို့သော် Steem -Engine မှ ထုတ်သော Token များကလည်း steem ဖြင့်သာ ဈေးကွက်ဖွင့်နေကြပါသည်။ အမှန်ဆိုရသော် ကျွန်တော်တို့ စောင့်မျှော်နေကြသော SMTs မှာ Steem-Engine မှထုတ်သော token များမဟုတ်ပါ။ အမှန်တကယ် SMTs ဆိုလျင် Steemit ၏ Internal market ထဲတွင် steem ဖြင့် trade ကြရမည်ဖြစ်ပါသည်။ ထို့အတူ မိမိရရှိထားသော SMTs များကလည်း Steemit Wallet ထဲတွင် steem , SBD တို့နှင့်အတူရှိနေရမည်ဖြစ်ပါသည်။ လက်ရှိ Steemit platform ပေါ်တွင် အခြေခံသော steem hunt သည်လည် Steemit wallet ဖြင့်ချိတ်ဆက်နိုင်ခြင်းမရှိသေးပါ။ ကျွန်တော့ ယခင်ဆောင်းပါးများတွင် ဖေါ်ပြပေးခဲ့ပြီးဖြစ်သည့်အတိုင်း Steemit Wallet အား Steemit blog မှ ခွဲထုတ်လိုက်ခြင်းသည် ထိုSMTs များကြောင့် ဖြစ်ပါသည်။ ဤတွင် ကျွန်တော်တို့ cryptocurrency စိတ်ဝင်စားနေကြသူများ အကြားတွင် ယခုတလော ဖြစ်ပျက်နေသော token အချို့အကြောင်း အနည်းငယ်ဝေမျှပေးစေချင်ပါသည်။ ပထမဦးစွာ Weku , ထို့နောက် Snax , ထို့နောက် PAL , SCT စသည်ဖြင့်ရှင်းပြပေးပါမည်။ WEKU သည် Steemit Platform အားပုံစံကူးချထားသော Social media blockchain ဖြစ်ပါသည်။ ကျွန်တော့အထင် GOLO နှင့် တချိန်တည် ခွဲထွက်ခဲ့ကြသည်ဟုထင်ပါသည်။ GOLO သည် ရုရှားတို့ ဖြစ်၍ WEKU မှာ တရုတ် လက်အောက်ခံဖြစ်ပါသည်။ ယမန်နှစ်က ကျွန်တော်တို့ Weku အားစတင်သိသောအချိန်တွင် Weku မှာ နည်းပညာ အလွန်အားနည်းနေသေးသော်လည်း ယခုနှစ်တွင် HF22 အားမကြာမှီ အဆင့်မြှင့်တင်တော့မည့်အကြောင်းသိရပါသည်။  [Original Source](https://pixabay.com/images/search/cryptocurrency/?min_width=1000&min_height=1000) ယခင်က copy များကြိုက်သလိုတင်နိုင်သော်လည်း ယခုနှစ်များတွင်တော့ copy များအာ Flag ပြသူများပေါ်ပေါက်လာပြီ ဖြစ်ပါသည်။ယခင်နှစ်များတွင် Weku အား ဈေးကွက်ဖွင့်၍ ဝယ်ယူနိုင်ခြင်းမရှိသော်လည်း ယခုနှစ်တွင် bitshare exchange တွင် ဝယ်ရောင်း ပြုနိုင်ပြီဖြစ်ပါသည်။ တခုသတိထားရမည်မှာ WeKu အား BTC , ETH နှင့် Steem တို့ဖြင့် တိုက်ရိုက်ဝယ်ယူနိုင်ပြီဖြစ်သော်လည်း ရောင်းလိုလျင် မိမိ၏ Weku များအား Bitshare Exchange တွင် BTS ဖြင့်သာ အရောင်း ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် Bitshare Exchange တွင် ဈေးကွက် register လုပ်ထားသည်မှာ တစ်နှစ်သာ ဖြစ်ပါသည်။ တနှစ်ပြည့်သွားလျင် Weku အား BTS နှင့်လှဲလည် ၍ ရနိုင်တော့မည်မဟုတ်ပါ။ ထို့အပြင် မိမိ Weku wallet မှ Bitshare exchange သို့ ပို့ရာတွင် @re-bank အကောင့်ထံသို့ အလျင်ပို့ရပါသည်။ ထို့နောက် Memo တွင်ထည့်ထားသော မိမိ Exchange address သို့ ထို @re-bank မှ ပို့ပေးခြင်း ဖြစ်ပါသည်။ မိမိပိုင် token များအား ဈေးကွက်သို့ မိမိပို့ချင်တိုင်းပို့မရပါ။ ကြားခံ အကောင့်တခုမှ ဝင်ဆောင်ရွက်ပေးခြင်းဆိုသည်မှာ ထို token များအား ထိန်းချုပ်လို၍ ဖြစ်ပါသည်။ ဤမျှ ရေးပြရလျင် Weku အလုပ်လုပ်ပုံအကြောင်း အနည်းငယ်မျှ သိလောက်ပြီဟုယူဆရပါသည်။ မိမိအနေဖြင့်တော့ မိမိရရှိသော Token များအား တစုံတယောက် ခွင့်ပြုချက်ရှိမှ ထုတ်ရသည်ဟုဆိုလျင် ထို platform သည် လူတစု၏ လက်အတွင်းသို့ကျရောက်နေသည်ဟုသာ ဆိုချင်ပါသည်။  [Original Source](https://pixabay.com/images/search/cryptocurrency/?min_width=1000&min_height=1000) Weku အား မကောင်းပါဟု ဆိုလိုခြင်းမဟုတ်ပါ။ Weku အားကြည့်ရာတွင် community အတော်များများတွေ့ရပါသည်။ သို့သော် ဆိုခဲ့သည့်အတိုင်း ဤ platform သည် ယုံကြည်ထိုက်၏ လော မယုံကြည် ထိုက်၏ လောမိမိကိုယ်ကို ဆုံးဖြတ်စေချင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မတူညီသော cryptocurrency များတွင် အကြိုက်မတူသူ အများအပြား ရှိနေသောကြောင့် ဖြစ်ပါသည်။ ဤသည်မှာ Weku အား မိမိမြင်သည့်အတိုင်း မျှဝေပေးခြင်းသာ ဖြစ်ပါသည်။ နောက်ဆောင်းပါးများ တွင် SNAX , PAL စသည်တို့ အကြောင်း မိမိသိသလောက် ဖေါ်ပြပေးပါမည်။ ဆက်လက်ဖေါ်ပြပေးပါမည်။ မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....  Author : Henry Aung ( Kachin ) MSC : 001
👍 tinhlaingoo, kanesious, copyseeker, patrickshar, patricksanlin, donkeypong, analisa, delegate4upvotes, aggamun, communitycoin, aungzawhtwe, myintlwinsoe, kingorcasteem, ansoe, nyinyiwin, foreverwithyou, shwemon, thatkozaw, caesarsupaimin, komoezaw, myanmarkoko, saipanpha, tharpauk, suhlaing, sawlwin, aunggyi100, linthitsar, panpan24, thinzarnyinyi, liongyi, minsoenaing, mandeep46, minhtet, kokyawmyanmar, myothuzar, golden.future, hein.khant, zarzar1989, thettinaung, ahlawat, siniceku, tookta, ricko66, htwegyi, sheinthu, micrologic, kachinhenry, donjaun, leeshang, gunapeya,