Token များအား မူကြိုအဆင့်လေ့လာခြင်း ( အပိုင်း-၂ ) ( Henry Aung )

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@kachinhenry·
0.000 HBD
Token များအား မူကြိုအဆင့်လေ့လာခြင်း ( အပိုင်း-၂ ) ( Henry Aung )
![henry Aung.jpg](https://cdn.steemitimages.com/DQmRrFPsdmEWKExjUV4WLnndrJ8YTMWMebAq1XZdz9KhGeY/henry%20Aung.jpg)

မင်္ဂလာပါ။ ယခုတလော ကျွန်တော်တို့ Steemit platform အား အမှီပြု၍ coin , token စုဆောင်းသူတို့ အတွင်းရေပန်းစားနေသည်မှာ snax ဟူသော token ဖြစ်ပါသည်။ အမှန်ဆိုရလျင် social media အား အသုံးပြု၍ ပစ္စည်းများ ထုတ်ကုန်များအား ( digital ) token များပေး၍ ကြေညာခြင်း ဖြန့်ဖြူးခြင်းအား steem hunt ကလုပ်ဆောင်လျက်ရှိရာ အောင်မြင်လျက်ရှိသည်ဟု ပြောနိုင်ပါသည်။ 

Steem hunt အနေဖြင့် Hunt token များအား အသုံးပြုကာ Review Hunt ဟူသော platform တခု ဇူလိုင်လတွင် လွင့်တင်မည် ဖြစ်ရာ ထို Review Hunts နှင့်အတူ hunt token များ လွယ်ကူစွာ ဝယ်ရောင်းနိုင်သော Exchange တခုပါဝင်လာမည်ဟု မျှော်လင့်ရပါသည်။ steem hunt နှင့် Hunt token အလုပ်လုပ်ပုံတို့အကြောင်း အားလုံးသိပြီး ဖြစ်ရာ အကျယ်မချဲ့တော့ပါ။

 ယခု Snax ဟူသော token မှာ သူ၏ မူရင်း token  အသုံးချစရာ platform မရှိပဲ Social media  အသုံးချသူတိုင်း မိမိတို့၏ လုပ်ဆောင်မှုအား အလဟသ မဖြစ်စေရန် တနည်းအား ဖြင့်အကျိုးရှိစေရန် ဤ snax ဟူသော token များဖြန့်ဝေပေးခြင်းဖြစ်ပါသည်။ Snax အနေဖြင့် ကနဦးတွင် Facebook ဖြင့်ချိတ်ဆက်နိုင်ရန် ကြိုးစားခဲ့သော်လည်း ကိုယ်ပိုင် token ထုတ်လုပ်ရန် စိုင်ပြင်နေသော Facebook ၏ ပေါ်လစီကြောင့် အောင်မြင်မှုမရခဲ့ပါ။ ( Facebook ၏ ကိုယ်ပိုင် cryptocurrency အကြောင်းသီးခြားဖေါ်ပြပေးပါမည်။ )

![01.png](https://cdn.steemitimages.com/DQmdWYBaPH3JbmikFytiiK1JoK4xQmxriKgRgqEVthSeELd/01.png)

ဆိုခဲ့သည့် အတိုင်း snax အနေဖြင့် လက်ရှိအချိန်တွင် Tweeter အသုံးပြုသူနှင့် Steemit blogger များအားသာ snax token များဝေငှပေးနိုင်ခဲ့ပါသည်။ Snax အနေဖြင့် မိမိတို့ရရှိထားသော token များအား မည်သည့်နေရာတွင် အသုံးပြုနိုင်သည် အသုံးချနိုင်သည်ဟု ကြေ ညာခြင်းမရှိသေးသော်လည်း မိမိတို့ လက်ဝယ်တွင်ရှိနေသော token များသည် တန်ဖိုးရှိကြောင်း ပြသသည့်အနေဖြင့် ဦးစွာဈေးကွက် ဖေါက်ပေးခဲ့ပြီးဖြစ်ပါသည်။

 လက်ရှိအနေဖြင့် Steemit platform ပေါ်မှ ဆောင်းပါးရေးတင်ခြင်း ၊ ကော်မန့်ပေးခြင်း upvote ပေးခြင်းစသည်တို့အား လုပ်ဆောင်ရုံမျှဖြင့် snax token ရရှိနိုင်ပြီဖြစ်ပါသည်။ လက်ရှိ snax token ရယူနေကြသော MSC member တို့ အသိဆုံး ဖြစ်ပါသည်။ မိမိမည်မျှ active ဖြစ်သည် အပေါ်မူတည်၍ snax token အနည်းအများ မည်မျှ ရကြောင်းကို သိပြီး ဖြစ်ပါသည်။ 

ကျွန်တော် ယခင်က သတိပေးဘူးပါသည်။ မိမိတွင် ထိုက်လျောက်သော SP လည်းရှိမည် ဝရိယ လည်း အနည်းငယ် စိုက်ရုံမျှဖြင့် မိမိအတွက် အကျိုးရှိနိုင်မည့်အကြောင်း။ အခွင့်အရေးသည် မိမိတို့ထံသို့လာနေပါသည်။ ဖမ်းယူတတ်သူတို့ အကျိုးများပါလိမ့်မည်။ ဆိုခဲ့သည့် အတိုင်း Snax Token အနေဖြင့် မည်သည့်နေရာတွင် အသုံးချနိုင်ကြောင်း ကြေညာခြင်း မရှိသေးပါ။ ဤ Token အားမည်သည့်နေရာတွင် အသုံးပြုရမည်မသိသေးပါ။ ကိစ္စမရှိပါ။ အသုံးပြုနိုင်သည့် အချိန်တွင် မိမိတွင် token ရှိနေရန်သာလိုအပ်ပါသည်။  

![02.png](https://cdn.steemitimages.com/DQmV5CuX4CrJKa9JYwJ6CaKHsQceE8ehxNUibX6EDzXw1Lh/02.png)

Snax token ဈေးကွက်အကြောင်းအနည်းငယ်ဝေမျှရလျင် Snax အနေဖြင့် token အသုံးဝင်မှုအား မဖေါ်ပြခြင်းကြောင့် token ရယူထားကြသူများ အနေဖြင့် ရသမျှ ဈေးကွက်သို့ တွန်းပို့ကြသော အခြေအနေအား ဖြစ်ပေါ်စေပါသည်။ ဥပမာ ပြရလျင် ဤ token သည် တချိန်ကြလျင် မည်သို့မည်ပုံ အသုံးဝင်လာမည် ဖြစ်ကြောင်း သိကြလျင်ဖြင့် Token ဝယ်စုသူတို့ အနည်းနှင့်အများ ဝယ်ယူစုဆောင်းကြမည်ဖြစ်ပါသည်။ 

ယနေ့ဈေးကွက်အခြေအနေအရ Snax token အား ဝယ်လိုအား အမြင့်ဆုံးပေးထားသည်မှာ 0.00002 EOS ဖြစ်ပါသည်။ ဆိုလိုသည်မှာ မိမိအနေဖြင့် snax token 10000 ရောင်းလျင် 0.2 EOS သာရမည်ဖြစ်ရာ ယနေ့ EOS ပေါက်ဈေးဖြင့်ဆိုလျင် USD1.4$ တန်ကြေးသာရှိပါသည်။ ဤသို့ဆိုလျင် မိမိတွင် ရှိနေသော Snax များ မည်မျှ တန်ကြေးရှိသည်ကို သိလောက်မည်ဟု ထင်ပါသည်။ စာရှုသူ မိတ်ဆွေအနေဖြင့် နည်းသည်ဟု ထင်ကောင်း ထင်ပါလိမ့်မည်။ 

ဤ snax token များ ရရှိရန်အတွက်မိမိတို့ကြိုးစား အားထုတ်မှုမှာ Snax wallet နှင့် မိမိ၏ Steemit အကောင့် ပူးတွဲနိုင်ရန် post တင်ရခြင်းတခုသာရှိပါသည်။ လက်ရှိအချိန်တွင် ဈေးကွက်အတွင်းသို့ မရောင်းလိုလျင်လည်း သိမ်းထားယုံသာ။ တချိန်ကြလျင် အသုံးဝင်လာပါလိမ့်မည်။

![05.png](https://cdn.steemitimages.com/DQmPGpUkaURGybHAeyhaPx6327dZzgNh5WC2Zx9KBg8JYRv/05.png)
![04.png](https://cdn.steemitimages.com/DQmQ4cRbvbuSHJafbGhf4wQZk8mRyb3kF4PVXVBMwE31e1d/04.png)



ကျွန်တော့အနေဖြင့် Snax token ဈေးဖွင့်သော ChainRift Exchange တွင် အကောင့်ဖွင့်ကာ snax token ဈေးကွက်အား စောင့်ကြည့်နေခဲ့ပါသည်။  Exchange wallet တွင် Snax token 12500 ထည့်ထားသောအခါ wallet တန်ဖိုးမှာ USD estimate value 125$ ကို ပြသနေပါသည်။

 အမှန်မှာ လက်ရှိပေါက်ဈေး အနေဖြင့် snax token 12500 အား ရောင်းလျင် 1$ ကျော်ကျော်သာ ရမည် ဖြစ်ပါသည်။ အည်သို့ပင်ဆိုစေ wallet estimate value အားကြည့်၍ စိတ်ချမ်းသာရသည်သာ။ နောက်ဆောင်းပါးတွင်steem -engine ၏ အလုပ်လုပ်ပုံနှင့် Steem -Engine မှ ထွက်ပေါ်လာသော token များအကြောင်း ဖေါ်ပြပေးပါမည်။ 


ဆက်လက်ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

![logo.png](https://cdn.steemitimages.com/DQmdxsQfEZPeBF5GymaYkMgLWH3yBPQXE5T2pkEChqcW28D/logo.png)
Author : Henry Aung ( Kachin )
MSC : 001
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,