တချိန်က MSC ( Henry Aung )
myanmar·@kachinhenry·
0.000 HBDတချိန်က MSC ( Henry Aung )
 မင်္ဂလာပါ။ ယမန်နေ့ညက မမကြည် ၊ ကိုဒွန် တို့ နှင့် စကားပြောဖြစ်သည်။ ပြောဖြစ်သည့် အကြောင်း အရာများက လွန်ခဲ့သော တနှစ်ကျော် ကာလအတွင်း ပြောင်းလည်း သွားခဲ့သော MSC အကြောင်း ဖြစ်သည်။ တချိန်တုန်းကတော့ MSC ဆိုသည်မှာ နံနက် တစ်နာရီ နှစ်နာရီ အထိ chat box တွင် noti တက်နေသော အဖွဲ့။ G1 G2 ဟူ၍ အဖွဲ့များ ခွဲဖွဲ့ ခဲ့ရသော MSC ။ အစကတော့ လက်ရှိ ဖြစ်ပျက်နေသော အခြေအနေများ အား ခေတ်စမ်း တပုဒ် ရေး၍ သရော်စာ ရေးရန် စိတ်ကူးမိသော်လည်း သေချာ ပြန်တွေးကြည့်သောအခါ မသရော်ရက်တော့ပါ။ လူတိုင်း လူတိုင်း မိမိအပူ ၊ မိမိရည်ရွယ်ချက် ၊ တနေ့တာ ဝတ္တရားများဖြင့် ပြည့်နှက်နေသော အချိန်တွင် စာမရေးနိုင်ရကောင်းလား မိမိမသရော်ရက်ပါ။ ပျော်စေ ပျက်စေ ဟု ဆိုသော်လည်း သရော်စာရေးရာတွင် အများစိတ်ချမ်းသာဖွယ် ဖြစ်နေသော အချိန်ဖတ်မိပါက ရယ်ရွှင် ဖွယ်ရာ ဖြစ်နိုင်သော်လည်း စိတ်ပျက်အား ငယ်ချိန် ဖတ်မိပါက အထင်အမြင်လွဲကာ ငါတို့အား သရော်လေခြင်း ၊ နားမလည်တတ်လေးခြင်း ဟူ၍ ဖြစ်သွားတတ်ပါသည်။ MSC member တို့အား အပြစ်မဆိုရက်ပါ။ မြန်မာ Tag အနေဖြင့် Steemit platform ၏ TOP 50 tag list မှ ပျောက်သွားသည်မှာ ကာလအတန်ကြာခဲ့ပြီ ဖြစ်ပါသည်။ မြန်မာ tag သာမဟုတ် တချိန်က အင်အားကြီးခဲ့ကြသော Indonesia နှင့် Arche တို့ ၏ tag များလည်း ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်ပါသည်။ steemit platform အတွင်းသို့ လူသစ်များ ထပ်မံဝင်လာရန် မဆိုထားနှင့် ရှိနှင့် ပြီးသော လူဟောင်းများ active ဖြစ်ရန်ပင်မလွယ်ကူတော့သော အခြေအနေဖြစ်ပါသည်။ ယခင်က အကောင့် တသန်း ပြည့်ခဲ့ပြီဟု ဆိုသော steemit platform သည် ယနေ့ အချိန်တွင် နေ့စဉ် အသုံးပြုနေသော အကောင့် ၅၀၀၀ ဝန်ကျင်သာ ရှိပါတော့သည်။ တော်ရုံ SP မစုထားနိုင်သော အကောင့် များအတွက်တော့ မျှော်လင့်ချက် မရှိသလောက် ဖြစ်နေပါသည်။ ဤ အခြေအနေနှင့် ပါတ်သက်၍ ကျွန်တော့ အနေဖြင့် steemit ဂုရု ကြီးများဖြင့် တိုင်ပင် ဖြစ်ပါသည်။ တဖြေးဖြေး နည်းပါးလာနေသော အဖွဲ့ဝင်များ အား မည်ကဲ့သို့ motivates လုပ်ပေးရန် ၊ မည်ကဲ့သို့ ပြန်လည် စွဲဆောင်ရန်။ ခက်သည်က SP ကြီးမားသော သူများပင်လျင် အခြားသူများအား ကူညီရန် အသာထား သူတို့ လျက်ရှိ ရေးဆွဲလျက် ရှိသော project များ ရပ်မတန့်စေရန် အသဲအသန် ကြိုးစားနေရသော အချိန်ဖြစ်ပါသည်။ မည်သို့ပင် ဆိုစေ Steem ဈေးတက်ခြင်း ဈေးကျခြင်းတွင် အချိန်က စကားပြောသွားခြင်းသာ ဖြစ်၍ အချိန်တန်လျင် ဤ platform ပြန်လည် နိုးထလာပါလိမ့်မည်ဟု မျှော်လင့်ပါသည်။ တချိန်က MSC သည် အောင်မြင်သည်လား ရှုံးနိမ့်ခဲ့သည်လား ကျွန်တော်မသိပါ။ နောက်တခေါက်နိုးထလာသော MSC သည် ရင့်ကျက် သော MSC ဖြစ်နေလိမ့်မည်ဟု ယုံကြည်ပါသည်။ တချိန်တည် ပြောရလျင် ယခုနှစ် MSC Gathering အား တောင်ကြီးတွင် ကျင်းပနိုင်ရန် စီစဉ်လျက်ရှိပါသည်။ ယခင်ကဲ့သို့ အစားအသောက်နှင့် နေထိုင်ရန် MSC က တာဝန်ယူမည် ဖြစ်သဖြင့် မိမိတို့ အနေဖြင့် ကားလက်မှတ်သာ စိုက်ထုတ်ရန် လိုအပ်မည် ဖြစ်ပါသည်။ ဟုတ်ကဲ့ ဘယ်သူမှ မရှိတော့လျင် ကိုဒွန်နှင့် ကျွန်တော် ၂ ယောက်သား MSC ၂ နှစ်ပြည့် အခမ်းအနား ကျင်းပပါမည်။ MSC member များ တက်ရောက်လာနိုင်လျင်တော့ ပို၍ ပျော်စရာကောင်းပါလိမ့်မည်။ မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....  Author : Henry Aung ( Kachin ) MSC : 001
👍 tinhlaingoo, honeysara, kanesious, copyseeker, patrickshar, goldcoin, patricksanlin, ansoe, domelay, donkeypong, analisa, sanaung53, communitycoin, aungzawhtwe, ahlawat, kingorcasteem, myintlwinsoe, billionairehein, foreverwithyou, shwemon, nyinyiwin, steemitag, komoezaw, thatkozaw, caesarsupaimin, myanmarkoko, saipanpha, tharpauk, suhlaing, sawlwin, aunggyi100, linthitsar, kokyawmyanmar, mandeep46, minhtet, panpan24, glorialion, thinzarnyinyi, liongyi, plo, pcwor, soulkeeper, snowred, phantomassassine, jamunawng, smiing11, golden-myanmar, sasansam, desg, nrlio, joot, monst, jacklin19, hoverbooker, naruhokage, hanobooy, tookta, ricko66, htwegyi, myothuzar, donjaun, yuzana, nweoomon, golden-dream-mm, zarzar1989, sheinthu, aggamun, uthantzin, leeshang, khayae, hein.khant, khatwai, kachinhenry, dubi, naythan, steem-myanmar,