သတိရှိကြပါ
hive-122133·@kaunglay2·
0.000 HBDသတိရှိကြပါ
 ကိုယ်မြန်မာနိုင်ငံကြီးကတော့ တဖြည်းဖြည်းနဲ့နေရထိုင်ရတာတွေ မလုံခြုံတော့ဘူး။တော်တော်လေးကိုမလုံခြုံတော့တဲ့အခြေအနေတခုကိုရောက်ရှိနေတယ်လို့ ပြောလို့ရမယ်။ကုန်ကုန်ပြောရရင်တော့ အိမ်မှာတစ်ယောက်တည်းနေနေရရင်ကို မလုံခြုံဘူးလို့ ခံစားနေရတယ်။ သွားစရာရှိလို့အပြင်ကိုထွက်ရင်တောင် ဒီလမ်းကတော့ ကိုယ်သွားရမယ့်နေရာကိုအချိန်တိုတွင်းရောက်နိုင်တယ်။ဒါပေမယ့် ပုံမှန်လမ်းထက်ဆိုလိုရှိရင် ဒီလမ်းကလူလဲပျက်တယ် အိမ်တွေကလဲ တံခါးပိတ်ထားတယ် ဒီလမ်းကတော့ ကိုယ်သွားရင် အချိန်အတိုအတွင်းရောက်နိုင်မယ်။ဒီကာလကလဲ ဆီစျေးတွေက စျေးတွေကတအားတက်နေတော့ ဆီချွေတာပြီး သွားခဲ့မယ်ဆိုရင်တော့ လူပျက်တဲ့လမ်းတွေဖြစ်ရင် မသွားတာအကောင်းဆုံးပဲ။ ကိုယ်က အသုံးစရိတ်ချွေတာလို့ အသုံးပြုခဲ့မယ်ဆိုရင် မလုံခြုံတဲ့နေရာတွေကိုဖြတ်ပြီးမသွားတာအကောင်းဆုံးပါပဲ။ ဆီးစျေးထက် အခုချိန်မှာ ဆိုင်ကယ်စျေးတွေလဲ မိုးထိအောင်တက်နေတယ်။ဆီစျေးကိုနှမြောလို့ဆိုပြီးတော့ အရဲစွန့်ပြီးလဲ မသွားသင့်ပါ။ကိုယ်က ဒုတ်ပြီး ဓားပြီးလဲမဟုတ်ဘူး။ကိုယ့်အသက်ထက်ဘယ်အရာကိုမှမလဲလိုက်ပါနဲ့။အခုက လုယှက်တာမဟုတ်ဘဲ ဓားမြတိုက်လုပြီးတာတောင် အသက်ကိုတောင်ချမ်းသာမပေးတော့တဲ့အနေအထားပါပဲ။ တနေ့ထက်နေ့ fb ပေါ်မှာတွေ ဟိုနေရတော့ဖြင့်အလုခံလိုက်ရပြီး။ဒီနေရာတော့ဖြင့် ကျတော်ဆိုင်ကယ်လဲ ပါသွားလို့ တွေ့လို့ရှိရင် အကြောင်းကြားပေးပါဘာညနဲ့ လိုင်းပေါ်မှာခနခနတွေ့နေရတယ်။ ရန်ကုန်မှာဆိုရင်တောင် ကားတွေဘာတွေတောင် လိုက်ပြီးလုနေကြပြီး ဟိုတလောကတောင် US မှာ လူငယ်လေးတွေ အဖွားအိုတစ်ယောက်ရဲ့ကားကို လုပြီး အဘွားအိုကဖြင့် Safety ခါးပတ်နဲ့ညှိပြီးကားနဲ့တွဲလောင်ပါသွားပြီးတော့ အသက်ပါပေးလိုက်ရတဲ့အထိပါပဲ။ကိုယ့်အသက်ကိုဂရုစိုက်ကြပါဗျ။ kaunglay2 23:05PM