5g
ananda·@kcs-token·
0.000 HBD5g
5G network ကို mobile device တွေမှာအသုံးပြုနိုင်စေဖို့ အတွ က် လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေများပြားတဲ့အထဲမှာမှ စံနှုန်း အသစ်ကို သဘောတူရမယ်၊ modem အသစ်ကို ဖန်တီးရမယ်။ တာဝါတွေအတွက် networking hardware ကို ထုတ်လုပ်ရမှာ တွေလည်း အပါအ၀င်ပါပဲ။ Qualcomm ကတော့ QTM052 mmWave antenna module အသစ်လေးကိုကြေညာလိုက်ပါ ပီ။ ဒါဟာ မိုဘိုင်းလ်ဖုန်းတွေအတွက် networking spectrum ပို င်းမှာ အမြန်ဆန်ဆုံးဖြစ်အောင်လုပ်ဆောင်ပေးနိုင်တော့မယ်ဆို တာ အသိပေးလိုက်ခြင်းဖြစ်ပါတယ်။ 5G ဆိုတာ အားလုံးအတွက် သာတူညီမျှဖြစ်အောင် လုပ်ထား တာမဟုတ်ပါဘူး။ MWC မှာလည်း ပြောခဲ့ပြီးပါပြီ။ 5G အတွက် ပ်ဆောင်ချက်တွေအတော်များများ ကြိုးစားနေကြချိန်မှာ mmWave network အတွက် အတော်လေးကို ခုန်တက်လာတ ယ်လို့ ပြောရမှာပါ။ ပထမဆုံးလိုအပ်တာကတော့ ဖုန်းအတွက် mmWave hardware လိုအပ်ပါတယ်။ ဒါကလည်း မလွယ်ကူပါဘူး။ mmWave ကတော့ ပိုမိုမြန်ဆန်တဲ့နှုန်းထားအတွက် ထောက်ပံ့ ပေးမှာဖြစ်ပြီးတော့ range တိုမယ်ဆိုရင် ကူးပြောင်းနှုန်းပိုမိုမြန်ဆန် ပီးတော့ သုံးစွဲသူတွေကြားမှာ နံရံခြားနေရင်တောင် ကူးပြောင်း ပေးနိုင်မှာပါ။ Qualcomm ကတော့ QTM052 antenna က အဖြေတစ်ခုဖြစ် လာမယ်ဆိုပြီးတော့ ပြောကြားထားပါတယ်။ သေးငယ်တဲ့ antenna array လေးရှိတဲ့အတွက်ကြောင့် အနီးဆုံး 5G tower ကို ညွှန်ပြပေးနိုင်မယ့် အင်တာနာလေးခုကို ထည့်သွင်းနိုင်စေမှာ ပါ။ Qualcomm's X50 5G modem က အင်တာနာလေးခုအတွ က် ထောက်ပံ့ပေးနိုင်မှာဖြစ်ပြီးတော့ ဖုန်းရဲ့ တစ်ဖက်တစ်ချက်စီ တိုင်းမှာ ထည့်သွင်းထားမှာပါ။ ဒါကြောင့် စုစုပေါင်း အင်တာ နာ၁၆ခုဖြစ်သွားမှာပါ။ ဒီတော့ ဖုန်းကိုဘယ်လိုပဲကိုင်ထားပါစေ signal တွေကို ပိတ်ထားသလိုမဖြစ်တော့ဘူး။ အတော်လေးမြန်ဆန်တဲ့ mmWave-capable 5G device တွေ ထုတ်လုပ်မယ့်သူတွေအတွက်တော့ ၀မ်းသာစရာပါပဲ။ Qualcomm ကတော့ QTM052 antenna ဟာ ၂၀၁၉ အစပို င်းလောက်မှာ စတင်ပြီးတော့ ထုတ်ပြမယ်လို့ ပြောထားပါတယ်။ 5G network တွေကိုလည်း မကြာခင်မှာ အသုံးပြုနိုင်တော့မယ် ဆိုတဲ့သဘောပါပဲ။ ၂၀၁၉ခုနှစ်ကလည်း နည်းပညာပိုင်းအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့နှစ်ဖြစ်လာဦးမှာပါပဲ။ [ [SOURCE](https://myanmarmobileapp.org/2018/07/24/%E1%80%85%E1%80%99%E1%80%90%E1%80%B9%E1%80%96%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%90%E1%80%BC%E1%80%A1%E1%80%90%E1%80%BC%E1%80%80%E1%80%B9-%E1%80%95%E1%80%91%E1%80%99%E1%80%86%E1%80%B6/)
👍 mamamoeswe, myatminnzaw, bnb-token, houbi, okb-token, okb, coinbase-okb, okex-exchange1, moemakha, nebulas-nas, loopring-lrc, ayechanmay, iostoken, zcash-chain, yaminhtet, nep5, coinpayment1, channel9, heinzaw, suthetpaing, twitter-inc, mpt, ooredoo, mpt-myanmar, mytel, alphabet-inc, ooredoo-myanmar, trader-hotel, mytel-myanmar, mandalar, wuttmhone, mec-tel, ardor-adr, rchain-block, airdrop-channel, normandy, kyawlinn, fourhundred, pepsi-co, bank-of-america, mamakochit, qtum-blockchain, binance-chain, icon-blockchain, bytecoin-block, ethereum-classic, tetha, vechain-block, kcs-token, anomaly,