Apple stop the production of Iphone X and SE
ananda·@kcs-token·
0.000 HBDApple stop the production of Iphone X and SE
Apple ကနေ လာမယ့် စက်တင်ဘာလမှာ iPhone အသစ်တွေကို ထုတ်လုပ်သွားတော့မှာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ပုံမှန်နှစ်တိုင်း ပြုလုပ်နေကြအရာတစ်ခုဖြစ်တဲ့ iPhone အဟောင်းတွေ ထုတ်လုပ်နေမှုကိုလည်း ရပ်ဆိုင်းတော့မှာပါ။ ဒါပေမယ့် ဒီနှစ်မှာတော့ iPhone အဟောင်းဖြစ်တဲ့ iPhone SE အပြင် iPhone X ထုတ်လုပ်နေမှုကို ရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။ Apple ဟာ iPhone X ကို မနှစ်ကမှ ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် အခုလိုမျိုး ရပ်ဆိုင်းလိုက်တာက ထူးခြားတဲ့အရာတစ်ခုလို့ပြောလို့ရပြီးတော့ ဖြစ်နိုင်တဲ့အချက်တစ်ခုကတော့ Apple ဟာ ယခုနှစ်မှာ ထွက်ရှိလာမယ့် iPhone အသစ်တွေကို iPhone X နေရာမှာ အစားထိုးဖို့ ကြိုးစားနေတဲ့ပုံပါပဲ။ ယခုသတင်းကိုတော့ BlueFin Research ကုမ္ပဏီကနေ ဖော်ပြလာခဲ့တာဖြစ်ပါတယ်။  အခုလိုမျိုး အစားထိုးလိုက်ပြီးတော့ iPhone အသစ်တွေကိုပဲ အဓိကရောင်းချသွားပြီးတော့ Apple ဟာ ယခုနှစ်အတွက် မျှော်မှန်းရောင်းအားဖြစ်တဲ့ ၉၁ သန်းကိုရောင်းချရမှာဖြစ်ပြီးတော့ နောက်နှစ်ထဲမှာ အခုထပ်မံထွက်ရှိလာမယ့် iPhone အသစ်တွေကို နောက်ထပ် ၉၂ သန်းရောင်းချရဖို့ မျှော်လင့်ထားတယ်လို့ သိရပါတယ်။ အခုရောင်းအားတွေဟာ လက်ရှိ iPhone တွေရဲ့ ရောင်းချရမှုနဲ့ ယှဉ်ရင်တော်တေ်ာလေးကို များပြားတဲ့ ပမာဏတွေဖြစ်တဲ့အတွက် Apple က နောက်ဆုံးတော့ iPhone တွေရဲ့ ရောင်းအားကို အမြင့်ဆုံးအနေနဲ့ ရောင်းချဖို့ စီစဉ်နေတာဖြစ်ပါတယ်။ အခုလာမယ့် စက်တင်ဘာလမှာ iPhone အသစ်တွေကို ကြေညာပြီးပြီဆိုရင် Apple ဟာ လာမယ့် နောက်နှစ် လေးလပတ်ကာလမှာ သန်း ၂၀ ၊ ၆၀ ၊ ၄၅ နဲ့ သန်း ၄၀ အသီးသီးရောင်းချရဖို့ ခန့်မှန်းထားပြီးတော့ အနိမ့်ဆုံး Budget Model iPhone ထက် အကောငး်ဆုံး Plus Model iPhone ကို အဓိကရောင်းချရဖို့ မျှော်လင့်ထားတယ်လို့ လည်းသိရပါတယ်။ ဘာပဲဖြစ်ဖြစ် iPhone 8 လိုဖုန်းတွေအစား iPhone X ကို ဆက်လက်မထုတ်လုပ်တော့ဘူးဆိုတာက Apple iPhone X ကို ကိုင်ဆောင်ထားတဲ့သူတွေအတွက်ကတော့ ဒိတ်အောက်သွားသလိုခံစားရမှာပါ။ [SOURCE](https://m.facebook.com/story.php?story_fbid=2134055680205331&id=1546624012281837) PHOTO - GOOGLE
👍 mamamoeswe, myatminnzaw, bnb-token, houbi, okb-token, okb, coinbase-okb, okex-exchange1, moemakha, nebulas-nas, loopring-lrc, ayechanmay, iostoken, zcash-chain, yaminhtet, nep5, coinpayment1, channel9, heinzaw, suthetpaing, twitter-inc, mpt, ooredoo, mpt-myanmar, mytel, alphabet-inc, pepsi-co, bank-of-america, ooredoo-myanmar, trader-hotel, mytel-myanmar, mandalar, wuttmhone, mec-tel, mamakochit, qtum-blockchain, binance-chain, icon-blockchain, bytecoin-block, ethereum-classic, tetha, vechain-block, ardor-adr, rchain-block, airdrop-channel, normandy, kyawlinn, fourhundred, kcs-token,