ARM

View this thread on: d.buzz | hive.blog | peakd.com | ecency.com
·@kcs-token·
0.000 HBD
ARM
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက HP နဲ့ Asus အနေနဲ့ သူတို့ရဲ့ ပထမဦးဆုံး Snapdragon 835 Processor သုံး Windows 10 ARM Laptop တွေကို မိတ်ဆက်ပေးသွားခဲ့ပါတယ်။ ယခုအခါမှာတော့ Lenovo က Snapdragon 835 Processor သုံး တတိယမြောက် Windows 10 ARM 2-In-1 Laptop တစ်လုံးဖြစ်တဲ့ Miix 630 ကိုထပ်မံ မိတ်ဆက်သွားခဲ့ပါတယ်။
![IMG_20180721_062736.jpg](https://cdn.steemitimages.com/DQmdst5ah5aM7LCJ9HKxz8Hy4Rf4zr9QLHqy2DYJLsM94dm/IMG_20180721_062736.jpg)
အသစ်ထွက်ရှိလာမယ့် Lenovo Miix 630 ဟာ အရင်တုန်းက ထွက်ရှိထားတဲ့ Mixx Series Tablet တွေလိုပဲ ဖြုတ်လို့တပ်လို့ရတဲ့ 2-In-1 Tablet/Laptop Hybrid မော်ဒယ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသစ်ထွက်ရှိလာမယ့် Lenovo Miix 630 ဟာ ဒီဇိုင်းပိုင်းမှာ Microsoft က ထွက်ရှိထားတဲ့ Surface Pro နဲ့ တော်တော်ကြီးကိုဆင်တူပါတယ်။ Keyboard နားကနေ Screen ကို ဖြုတ်လို့ရတာအပြင် အနောက်ဘက်ခြမ်းကနေ Screen ကို ထောက်ပေးထားမယ့် Kickstand ကလည်း Surface Pro နဲ့ ချွတ်စွတ်ကို တူနေပါတယ်။

Specifications အနေနဲ့ Lenovo Miix 630 မှာ Display ပိုင်းအတွက် ၁၂.၃ လက်မ WUXGV+ Screen ကို အသုံးပြုထားပါတယ်။ Processor အနေနဲ့ Qualcomm ရဲ့ Snapdragon 835 Processor ကို အသုံးပြုထားပြီး RAM အနေနဲ့ 4GB ဒါမှမဟုတ် 8GB နှစ်မျိုးရွေးချယ်နိုင်မှာပဲ ဖြစ်ပါတယ်။ Storage ပိုင်းမှာတော့ 256GB SSD အထိ ရွေးချယ် ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။![IMG_20180721_062747.jpg](https://cdn.steemitimages.com/DQmW1wd6qvDCtfzsUBmNCRPa95HEV6ezVogq8ZwZ74zSRz4/IMG_20180721_062747.jpg)

မကောင်းတဲ့အချက် တစ်ခုကတော့ Miix 630 မှာ USB Port အနေနဲ့ Type C Port ၁ ခုသာ ပါမှာ ဖြစ်တဲ့
အတွက် တကယ်လို့ အားသွင်းမယ်ဆိုရင် အခြားဘာကိုမှ ချိတ်ဆက်လို့ ရနိုင်မှာ မဟုတ်ပါဘူး။ microSD Slot တစ်ခုပါဝင်တဲ့အတွက် Storage Space မလုံလောက်တဲ့ အခါမျိုးမှာတော့ External Storage အနေနဲ့ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ Miix 630 မှာ Windows Hello အသုံးပြုနိုင်တဲ့ ကင်မရာ တပ်ဆင်ထားတဲ့ အတွက်ကြောင့် Windows Log In ဝင်ရာမှာ Face Id ကို အသုံးပြုပြီး ဝင်နိုင်မှာပဲ ဖြစ်ပါတယ်။

Miix 630 မှာ စိတ်ဝင်စားစရာ အကောင်းဆုံး အချက်ကတော့ Qualcomm ရဲ့ Snapdragon 835 Processor ကိုအသုံးပြုထားခြင်းပဲဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင် Windows 10 S နဲ့ ARM Processor ကို အသုံးပြုထားတဲ့ Laptop/Tablet ဆိုလို့ Miix 630 အပါအဝင် သုံးလုံးသာ ရှိပါသေးတယ်။ အရင်လက မိတ်ဆက်သွားခဲ့တဲ့ HP နဲ့ Asus Arm Laptop မှာတွေလိုပဲ Miix 630 မှာလည်း Windows 10 S ကနေ Windows 10 Pro ကို Microsoft’s Special Emulator ကို အသုံးပြုပြီး Upgrade လုပ်လို့ရမှာဖြစ်တယ်လို့ သိရပါတယ်။

The Verge ကတော့ အခုအချိန်ထိ ARM Laptop/Tablet တွေမှာ Default ပါလာတဲ့ Windows 10 S ကို အသုံးပြုနေကြတာ ဖြစ်တဲ့အတွက် တကယ် Upgrade လုပ်တဲ့အခါကျရင် အဆင်မပြေမှုတွေ ရှိလာနိုင်တယ်လို့ ထောက်ပြသွားပါတယ်။

Lenovo ကတော့ Miix 630 ရဲ့ Battery Life ကို နာရီ ၂၀ ကျော်စေရမယ်လို့ ကတိပေးသွားခဲ့ပါတယ်။ ဒါ့အပြင် Qualcomm Processor ကို အသုံးပြုထားတဲ့ အတွက် Miix 630 မှာ LTE Support Buit In ပါနေမှာပဲ ဖြစ်ပါတယ်။ Lenovo အနေနဲ့ Miix 630 ကို Q2 2018 မှာ ရောင်းချသွားဖို့ အစီအစဉ် ဆွဲထားပြီး Stylus (Pen) နဲ့ Keyboard အပါ အမေရိကန် ဒေါ်လာ ၇၉၉ ဒေါ်လာနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။[SOURCE](https://m.facebook.com/story.php?story_fbid=2141673339443565&id=1546624012281837)
👍 , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , ,